ေမာ္ရင္ဟိုေခၚယူခ်င္ေနတဲ့ ဇန္န၀ါရီပစ္မွတ္ ကစားသမား၄ဦး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂ်ိဳ ့စ္ေမာ္ရင္ဟိုဟာ မန္ခ်က္စတာယူႏိုုက္တက္အသင္းမွာ သူ ့ရဲ ့ရာထူးေနရာတည္ၿမဲဖိုု ့ဖိအားေတြေအာက္က်ေရာက္ေနပါတယ္။ဒါပင္မယ့္လည္း ယူႏိုုက္တက္ရဲ ့ေဘာ့စ္ကေတာ့ လာမယ့္ဇန္န၀ါရီအေျပာင္းအေရႊ ့ကာလမွာ မ်က္နွာသစ္ကစားသမား ၄ေယာက္ကိုေခၚယူဖို ့မ်က္စိက်ေနၿပီး ထိုကစားသမားသစ္ေတြအတြက္ ေငြအလံုုးအရင္းသံုုးစြဲဖိုု ့ဘုတ္အဖြဲ ့ကေနခြင့္ျပဳခ်က္ရထားပါတယ္။
ႏိုင္ငံတကာပြဲစဥ္မ်ားရိွေနျခင္းက ေမာ္ရင္ဟိုု အတြက္အခ်ိန္ေကာင္းတစ္ခုုကိုု ရရိွေစခဲ့ပါတယ္။ၾကီးမားတဲ့ ႏိုုင္ပြဲေတြျပန္ရဖိုု ့နဲ ့အေမွာင္ထုုေတြၾကားထဲေပ်ာက္ဆံုုးေနတဲ့ သူ ့အသင္းသားေတြရဲ ့ယံုၾကည္ခ်က္နဲ့အတူရလာဒ္ပိုုင္းျပန္တည္ၿငိမ္လာဖိုု ့စတဲ့စိန္ေခၚမႈေတြဟာ ဒီတစ္ပတ္ၿပီးဆံုုးခ်ိန္မွာေတာ့ ေမာ္ရင္ဟိုုရဲ ့နည္းျပဘ၀အခက္အခဲဆံုုးကာလအျဖစ္ ျဖတ္သန္းရပါေတာ့မယ္။
ေမာ္ရင္ဟိုုရဲ ့ယူႏိုုက္တက္အသင္းေနာက္ဆံုုးကစားခဲ့တဲ့ နယူးကာဆယ္နဲ ့ပြဲမွာ ေမ ွ်ာ္မွန္းထားတဲ့ရလဒ္သာမရရိွခဲ့ဖူးဆိုုရင္အဆိုုပါခ်ဲလ္ဆီးနည္းျပေဟာင္းဟာေသခ်ာေပါက္အထုတ္ခံရလိမ့္မယ္လိုု ့သိထားခဲ့ၾကၿပီး ပထမပိုုင္း ၂-၀ျဖင့္ရံႈးနိမ့္ေနၿပီးမွာ ႏိုင္ပြဲျပန္ရွာေဖြေတြ ့ရိွႏိုုင္ခဲ့တာဟာ ေမာ္ရင္ဟိုုအတြက္ ကစားသမားေတြအတြက္ပါ အသက္ရွဴေခ်ာင္သြားတယ္လိုု ့ဆိုုႏိုုင္ပါတယ္။
၂ဂိုုး အရံႈးကေန ၃ဂိုုးအထိသြင္းယူၿပီးႏိုင္ပြဲျပန္ရွာေဖြေတြ ့ရိွခဲ့ေအာင္စြမ္းေဆာင္ခဲ့ၾကတဲ့ ဆန္းခ်က္စ္၊မာရွယ္နဲ ့မာတာတိုု ့ကိုု ေမာ္ရင္ဟိုုအေနနဲ ့ေက်းဇူးတင္သင့္ပါတယ္။
ဖိအားေတြေအာက္ေရာက္ေနတဲ့ေမာ္ရင္ဟိုုအေနနဲ ့ယခင္သူ ့ရဲ ့အစဥ္အလာအတိုုင္း တတိယရာသီေရာက္ရင္ ပ်က္သုုဥ္းရတဲ့ အေျခအေနမ်ိဳး ယူႏိုက္တက္မွာထပ္မံမျဖစ္ပြားရေလေအာင္ သူ ့ရဲ ့လူစာရင္အင္အားကိုု ေတာင့္တင္းေအာင္ျပဳလုုပ္ဖို ့ရိွေနပါတယ္။

ေမာ္ရင္ဟိုုရဲ ့စိတ္ထဲမွာ လာမယ့္ဇန္န၀ါရီေခၚယူမယ့္ ပစ္မွတ္ေတြ ရိွေနပါတယ္။Daily Mail ရဲ ့အဆိုအရ ဆာဗစ္၊မီလန္ကိုုဗစ္၊ပါရီဆစ္နဲ ့ရီဘစ္တို ့ကိုုေခၚယူဖို ့ရည္ရြယ္ထားတယ္လို ့သိရပါတယ္။
ဆာဗစ္၊ပါရီဆစ္နဲ ့ရီဘစ္တိုု ့ကိုု ေမာ္ရင္ဟိုတစ္ေယာက္ေခၚယူခ်င္ေနတာကေတာ့မဆန္းပါဘူး။ဘာေၾကာင့္လဲဆိုုရင္ အဆိုုပါ ကစားသမား ၃ေယာက္စလံုုးကိုု ဒီႏွစ္ေႏြရာသီမွာေခၚယူဖိုု ့အစထဲက စီစဥ္ထားခဲ့တာပဲျဖစ္ပါတယ္။မီလန္ကိုုဗစ္ကေတာ့ အဆိုပါစာရင္းမွာ နာမည္အသစ္အျဖစ္ ရိွေနေသာ္လည္း ေနာက္ခံလူတစ္ေယာက္ကို ေမာ္ရင္ဟို ေခၚယူခ်င္ေနတာေတာ့အဆန္းမဟုုတ္ပါဘူး။
ရီးရဲလ္နည္းျပေဟာင္းရဲ ့ျပႆနာက အသင္းရဲ ့CEO အက္ဒ္၀ုုဒ္၀ါ့ဒ္ကိုု ပိုုက္ဆံအေျမာက္အျမားသံုုးဖိုု ့စြဲေဆာင္ႏိုင္ျခင္း မရိွတဲ့အျပင္ အဆိုုပါ လူမ၀ယ္တဲ့ျပႆနာေတြေၾကာင့္ ေမာ္ရင္ဟိုရဲ ့အနာဂတ္ဟာလည္း သံသယျဖစ္စရာေကာင္းေနပါတယ္။

ဒီကစားသမား ၄ေယာက္ကို ေခၚယူဖိုု ့ဆိုရင္ကုုန္က်စရိတ္အေတာ္ေလးရိွႏိုုင္ၿပီး ယူႏိုုက္တက္သာ ကစားသမားအသစ္ေတြထပ္မံေခၚယူဖိုု ့ပိုုက္ဆံမစိုုက္ထုုတ္ရဘူးဆိုုရင္ေတာ့ ေမာ္ရင္ဟိုု အေနနဲ ့လည္း မလုုပ္မရႈပ္မျပဳတ္အေနအထားတစ္ခုုအျဖစ္ ဖန္တီးထားနိုုင္ပါတယ္။
ေမာ္ရင္ဟိုုဟာ ဆာဗစ္နဲ ့မီလန္ကိုဗစ္တိုု ့ရဲ ့ေျခစြမ္းကိုု ေလ့လာခ်င္ခဲ့တာေၾကာင့္ ဆာဘီးယားအသင္းနဲ ့မြန္တီနီဂရိုုးတို ့ပြဲကိုု လာေရာက္ၾကည့္ရႈအားေပးခဲ့ပါေသးတယ္။
(Unicode)
မော်ရင်ဟိုခေါ်ယူချင်နေတဲ့ ဇန်နဝါရီပစ်မှတ် ကစားသမား၄ဦး
ဂျို့စ်မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ သူ့ရဲ့ရာထူးနေရာတည်မြဲဖို့ဖိအားတွေအောက်ကျရောက်နေပါတယ်။ဒါပင်မယ့်လည်း ယူနိုက်တက်ရဲ့ဘော့စ်ကတော့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မျက်နှာသစ်ကစားသမား ၄ယောက်ကိုခေါ်ယူဖို့မျက်စိကျနေပြီး ထိုကစားသမားသစ်တွေအတွက် ငွေအလုံးအရင်းသုံးစွဲဖို့ဘုတ်အဖွဲ့ကနေခွင့်ပြုချက်ရထားပါတယ်။
နိုင်ငံတကာပွဲစဉ်များရှိနေခြင်းက မော်ရင်ဟို အတွက်အချိန်ကောင်းတစ်ခုကို ရရှိစေခဲ့ပါတယ်။ကြီးမားတဲ့ နိုင်ပွဲတွေပြန်ရဖို့နဲ့အမှောင်ထုတွေကြားထဲပျောက်ဆုံးနေတဲ့ သူ့အသင်းသားတွေရဲ့ယုံကြည်ချက်နဲ့အတူရလာဒ်ပိုင်းပြန်တည်ငြိမ်လာဖို့စတဲ့စိန်ခေါ်မှုတွေဟာ ဒီတစ်ပတ်ပြီးဆုံးချိန်မှာတော့ မော်ရင်ဟိုရဲ့နည်းပြဘဝအခက်အခဲဆုံးကာလအဖြစ် ဖြတ်သန်းရပါတော့မယ်။
မော်ရင်ဟိုရဲ့ယူနိုက်တက်အသင်းနောက်ဆုံးကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ မေ ျှာ်မှန်းထားတဲ့ရလဒ်သာမရရှိခဲ့ဖူးဆိုရင်အဆိုပါချဲလ်ဆီးနည်းပြဟောင်းဟာသေချာပေါက်အထုတ်ခံရလိမ့်မယ်လို့သိထားခဲ့ကြပြီး ပထမပိုင်း ၂-ဝဖြင့်ရှုံးနိမ့်နေပြီးမှာ နိုင်ပွဲပြန်ရှာဖွေတွေ့ရှိနိုင်ခဲ့တာဟာ မော်ရင်ဟိုအတွက် ကစားသမားတွေအတွက်ပါ အသက်ရှူချောင်သွားတယ်လို့ဆိုနိုင်ပါတယ်။
၂ဂိုး အရှုံးကနေ ၃ဂိုးအထိသွင်းယူပြီးနိုင်ပွဲပြန်ရှာဖွေတွေ့ရှိခဲ့အောင်စွမ်းဆောင်ခဲ့ကြတဲ့ ဆန်းချက်စ်၊မာရှယ်နဲ့မာတာတို့ကို မော်ရင်ဟိုအနေနဲ့ကျေးဇူးတင်သင့်ပါတယ်။
ဖိအားတွေအောက်ရောက်နေတဲ့မော်ရင်ဟိုအနေနဲ့ယခင်သူ့ရဲ့အစဉ်အလာအတိုင်း တတိယရာသီရောက်ရင် ပျက်သုဉ်းရတဲ့ အခြေအနေမျိုး ယူနိုက်တက်မှာထပ်မံမဖြစ်ပွားရလေအောင် သူ့ရဲ့လူစာရင်အင်အားကို တောင့်တင်းအောင်ပြုလုပ်ဖို့ရှိနေပါတယ်။
မော်ရင်ဟိုရဲ့စိတ်ထဲမှာ လာမယ့်ဇန်နဝါရီခေါ်ယူမယ့် ပစ်မှတ်တွေ ရှိနေပါတယ်။Daily Mail ရဲ့အဆိုအရ ဆာဗစ်၊မီလန်ကိုဗစ်၊ပါရီဆစ်နဲ့ရီဘစ်တို့ကိုခေါ်ယူဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။
ဆာဗစ်၊ပါရီဆစ်နဲ့ရီဘစ်တို့ကို မော်ရင်ဟိုတစ်ယောက်ခေါ်ယူချင်နေတာကတော့မဆန်းပါဘူး။ဘာကြောင့်လဲဆိုရင် အဆိုပါ ကစားသမား ၃ယောက်စလုံးကို ဒီနှစ်နွေရာသီမှာခေါ်ယူဖို့အစထဲက စီစဉ်ထားခဲ့တာပဲဖြစ်ပါတယ်။မီလန်ကိုဗစ်ကတော့ အဆိုပါစာရင်းမှာ နာမည်အသစ်အဖြစ် ရှိနေသော်လည်း နောက်ခံလူတစ်ယောက်ကို မော်ရင်ဟို ခေါ်ယူချင်နေတာတော့အဆန်းမဟုတ်ပါဘူး။
ရီးရဲလ်နည်းပြဟောင်းရဲ့ပြဿနာက အသင်းရဲ့CEO အက်ဒ်ဝုဒ်ဝါ့ဒ်ကို ပိုက်ဆံအမြောက်အမြားသုံးဖို့စွဲဆောင်နိုင်ခြင်း မရှိတဲ့အပြင် အဆိုပါ လူမဝယ်တဲ့ပြဿနာတွေကြောင့် မော်ရင်ဟိုရဲ့အနာဂတ်ဟာလည်း သံသယဖြစ်စရာကောင်းနေပါတယ်။
ဒီကစားသမား ၄ယောက်ကို ခေါ်ယူဖို့ဆိုရင်ကုန်ကျစရိတ်အတော်လေးရှိနိုင်ပြီး ယူနိုက်တက်သာ ကစားသမားအသစ်တွေထပ်မံခေါ်ယူဖို့ပိုက်ဆံမစိုက်ထုတ်ရဘူးဆိုရင်တော့ မော်ရင်ဟို အနေနဲ့လည်း မလုပ်မရှုပ်မပြုတ်အနေအထားတစ်ခုအဖြစ် ဖန်တီးထားနိုင်ပါတယ်။
မော်ရင်ဟိုဟာ ဆာဗစ်နဲ့မီလန်ကိုဗစ်တို့ရဲ့ခြေစွမ်းကို လေ့လာချင်ခဲ့တာကြောင့် ဆာဘီးယားအသင်းနဲ့မွန်တီနီဂရိုးတို့ပွဲကို လာရောက်ကြည့်ရှုအားပေးခဲ့ပါသေးတယ်။
Post a Comment