Header Ads




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။







အီတလီမှာနည်းပြစဉ် အဆိုပါပေါ်တူဂီလူမျိုးနည်းပြဟာ ၂၀၀၉၊၁၀ ရာသီအတွင်း အင်တာနဲ့ အတူဖလား၃လုံးရယူခဲ့ပြီး အိုထရက်ဖို့ ဒ်မှာရှိနေတဲ့ ဂျူဗင်တပ်စ်ပရိတ်သတ်တွေမှတ်မိသွားအောင်လက်၃ချောင်းထောင်ပြခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့ ကချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့စတန်းဖို့ ဘရစ်ခ်ျကွင်းမှာလည်း ချဲလ်ဆီးပရိတ်သတ်တွေကမော်ရင်ဟိုထွက်သွားလို့ ဆဲဆိုခဲ့ကြပြီး ပွဲအပြီးမှာမော်ရင်ဟိုက လက်၃ချောင်းထောင်ပြခဲ့ပါသေးတယ်။





(Unicode)

ဂျူဗင်တပ်စ်ပရိတ်သတ်တွေကို လက်၃ချောင်းထောင်ပြလိုက်ပြန်တဲ့မော်ရင်ဟို





ချဲလ်ဆီးပွဲအပြီး မနေ့ညကကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ပွဲမှာ ယူနိုက်တက်နည်းပြမော်ရင်ဟိုဟာ ပြိုင်ဘက်ပရိတ်သတ်တွေဘက်ကို လက်၃ချောင်းထောင်ပြခဲ့ပြန်ပါသေးတယ်။ဧည့်သည်ဂျူဗင်တပ်စ်ပရိတ်သတ်များကမော်ရင်ဟိုကိုပွဲပြီးခါနီးမှာ “ မော်ရင်ဟို ကောင်စုတ်၊ ခွေးမသားမော်ရင်ဟို” လို့သီချင်းလုပ်ဆိုပြီးမော်ရင်ဟိုကို လှောင်ပြောင်နေခဲ့တာကြောင့် မော်ရင်ဟိုက ၂၀၀၈ နဲ့၂၀၁၀ ခုနှစ်အတွင်း စီးရီးအေကလပ်အင်တာကိုကိုင်တွယ်စဉ်က အင်တာရဲ့အဓိကပြိုင်ဘက်ဖြစ်ခဲ့တဲ့ ဂျူဗင်တပ်စ်ပရိတ်သတ်တွေကို မှတ်မိသွားစေမယ့် ၃ဂဏန်းကို ပြန်လည်ညွှန်းဆိုခဲ့ပါတယ်။





အီတလီမှာနည်းပြစဉ် အဆိုပါပေါ်တူဂီလူမျိူးနည်းပြဟာ ၂၀၀၉၊၁၀ ရာသီအတွင်း အင်တာနဲ့အတူဖလား၃လုံးရယူခဲ့ပြီး အိုထရက်ဖို့ဒ်မှာရှိနေတဲ့ ဂျူဗင်တပ်စ်ပရိတ်သတ်တွေမှတ်မိသွားအောင်လက်၃ချောင်းထောင်ပြခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့ကချဲလ်ဆီးအသင်းနဲ့ကစားခဲ့တဲ့စတန်းဖို့ဘရစ်ချ်ကွင်းမှာလည်း ချဲလ်ဆီးပရိတ်သတ်တွေက “ မော်ရင်ဟိုထွက်သွား” လို့ဆဲဆိုခဲ့ကြပြီး ပွဲအပြီးမှာမော်ရင်ဟိုက လက်၃ချောင်းထောင်ပြခဲ့ပါသေးတယ်။



အသက်၅၅နှစ်အရွယ်မော်ရင်ဟိုက အဆိုပါလက်၃ချောင်းဟာ ချဲလ်ဆီးအသင်းနဲ့ပရီးမီးယားလိပ်ဖလား၃လုံးရယူပေးထားတယ်ကို ဆိုလိုလိုက်တာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.