Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မက်ဆီအတွက်စာချုပ်သစ်ချုပ်ဆိုဖို့လုပ်ဆောင်နေခြင်းမရှိဘူးလို့ငြင်းပယ်လိုက်တဲ့ဘာစီလိုနာ
ဘာစီလိုနာ FC အသင်းဟာ အသင်းရဲ့စတား လီယွန်နယ်မက်ဆီရဲ့စာချုပ်သစ်ကိုပြန်လည်မွမ်းမံပြင်ဆင်ပြီးချုပ်ဆိုဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေကိုငြင်းပယ်လိုက်ပါတယ်။အသင်းရဲ့ပြောရေးဆိုခွင့်ရှိသူ ဂျိုစက်ဗိုက်ဗီစ်က အဆိုပါသတင်းတွေကိုငြင်းပယ်ပါတယ်ဆိုတဲ့အကြောင်းပြောကြားခဲ့တာဖြစ်ပြီး ကလပ်အသင်းဟာ လည်း လာမယ့် ၂၀၁၉  ရာသီကြိုချစ်ကြည်ရေးခရီးစဉ်ကို အာရှနိုင်ငံတွေဆီပစ်မှတ်ထားထားပါတယ်လို့ပြောကြားခဲ့ပါသေးတယ်။
“ မက်ဆီရဲ့စာချုပ်သစ်ပြင်ဆင်မယ့်ဆိုတာက ရုံးစာပွဲပေါ်မှာရှိမနေပါဘူး။” လို့ဗိုက်ဗီစ်က ပြောကြားခဲ့ပြီး အာဂျင်တီးနားစတား မက်ဆီဟာလည်း ၂၀၂၁ ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုပြီးသူတစ်ဦးလည်းဖြစ်ပါတယ်။“ သူ့အတွက်စာချုပ်သက်တမ်း ကျွန်တော်တို့တွေတိုးပြီးခါစပဲရှိပါသေးတယ်ဗျာ။ဒါကြောင့် ဒီမေးခွန်းကတော့ရယ်စရာပုံပြင်တစ်ပုဒ်လိုပါပဲ။”
မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာ ၂၅ရက်နေ့ကမှ ဘာစီလိုနာအသင်းနဲ့၄နှစ်သက်တမ်းရှိစာချုပ်သစ်ကိုချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။စာချုပ်သစ်အရ သူ့ကိုခေါ်ယူဖို့ဆိုရင်စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း၇၀၀ပေးရမှာဖြစ်ပြီး မက်ဆီဟာလည်း တစ်နှစ်လုပ်ခ ယူရိုသန်း၅၀ ရရှိနေတာပဲဖြစ်ပါတယ်။
No comments
Powered by Blogger.