Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ရိုနယ်ဒိုရဲ့မဒိန်းမှုအတွက်သက်သေများအခုထိရှိနေသေးတယ်လို့လက်စ်ဗီးဂတ်စ်ရဲများဆို
လက်စ်ဗီးဂတ်စ် ရဲများရဲ့အဆိုအရ ရိုနယ်ဒိုကို မဒိန်းမှုနဲ့စွပ်စွဲထားတဲ့ ကိစ္စစုံစမ်းစစ်ဆေးရာမှာ ရှိခဲ့တဲ့ မူလသက်သေများဟာ မပျောက်ကွယ်သေးဘူးလို့သိရပါတယ်။
၂၀၀၉  ခုနှစ်က ရိုနယ်ဒိုဟာ US မော်ဒယ် မာရောဂါကို အလိုမတူပဲ အဓမ္မ ပြုကျင့်ခဲ့တယ်လို့စွပ်စွဲခံခဲ့ရပြီး အဆိုနှစ်မှာတင် ရိုနယ်ဒိုကအဆိုပါ အမှုကို ရုပ်သိမ်းခ မာရောဂါအား ပေးခဲ့ပါတယ်။ ဒါပင်မယ့်လည်း မာရောဂါက အဆိုပါသဘောတူညီချက်မှာ သူလက်မှတ်လုံးဝထိုးထားခြင်းမရှိဘူးလို့ဆိုလိုက်ပြီး အခုချိန်မှာအမှုကို ပြန်လည်ဖွင့်ကာ စစ်ဆေးခွင့်တောင်းဆိုလိုက်ပါတယ်။
ပေါ်တူဂီသတင်းစာ Observador က လက်စ်ဗီးဂတ်စ် ရဲ့ရဲဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး ၂၀၀၉  ခုနှစ်က စုံစမ်းခဲ့တဲ့ သက်သေများဟာ အခုထိရှိနေသေးတယ်လို့ဆိုလိုက်ပါတယ်။
“ သက်သေတွေက မပျောက်ပျက်သေးပါဘူး။၂၀၀၉  ခုနှစ်က စုံစမ်းစစ်ဆေးထားတဲ့အတိုင်းရှိပါသေးတယ်။ကျွန်တော်တို့ရဲ့လက်ထဲမှာရှိပါသေးတယ်။” လို့ပြောရေးဆိုခွင့်ရှိသူ Jacinto Rivera ကဆိုလိုက်ပါတယ်။
“ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ အသေးစိတ်ကို တော့ကျွန်တော်တို့မရနိုင်ပါဘူး။ရိုနယ်ဒိုဟာ တခြားနိုင်ငံမှာမို့သူ နဲ့ဆွေးနွေးဖို့ဆိုတာဆုံးဖြတ်ချက်တော့မချရသးပါဘူး။ပြစ်မှုမှန်သမ ျှစုံစမ်းစစ်ဆေးတဲ့အချိန်တိုင်း ကျွန်တော်တို့ဟာ ထိုပြစ်မှုနဲ့ပတ်သတ်ပြီး အစွပ်စွဲခံရတဲ့ သူကို ဆွေးနွေးရပါတယ်။”
သို့သော်လည်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာတစ်စုံတစ်ရာ  ပြစ်ဒဏ်ချမှတ်ခံရမှာမဟုတ်ကြောင်းနဲ့အခုချိန်မှာတော့ သတင်းစုဆောင်းနေတုန်းပဲလို့ဆိုထားပါတယ်။ဒါပင်မယ့်မာရောဂါရဲ့ရှေ့နေ Leslie Stovall ကတော့ ရိုနယ်ဒိုရဲ့အရင်ရည်းစားဟောင်းတွေနဲ့တွေ့ဆုံလို ကြောင်းအတည်ပြုပြောကြားလိုက်ပြီး ရိုနယ်ဒိုရဲ့အပြုအမူကို ပုံဖော်နိုင်ပါက ဒီအမှုအတွက် အသက်တစ်မ ျှအရေးကြီးတဲ့အရာဖြစ်လိမ့်မယ်လို့ယုံကြည်နေတာပဲဖြစ်ပါတယ်။
ရိုနယ်ဒို နဲ့ရည်းစားဖြစ်ခဲ့ဖူးတဲ့ အီတလီလူမျိုးသတင်းတင်ဆက်သူ Raffaella Fico က Rai Radio 1  ကို သူနဲ့စီရိုနယ်ဒိုတို့ကြားကဆက်ဆံရေးကိုဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။
“ ကျွန်မ က ၁၁လလောက် စီရိုနယ်ဒိုရဲ့ရည်းစားဖြစ်ခဲ့ဖူးပါတယ်။အဲ့အချိန်တုန်းက သူဟာမန်ယူနိုက်တက်အတွက်ကစားနေတုန်းပါ။”
“ ကျွန်မ ဒီစွပ်စွဲတဲ့သတင်းကိုဖတ်မိတော့ ကြက်သေတောင်သေမိတယ်ရှင့်။ ရိုနယ်ဒိုကပုံမှန်ပါပဲ။အေးဆေးသမား။ကျွန်မအပေါ်မှာလူကြီးလူကောင်းတစ်ယောက်လိုပါပဲ။”
“ သူဟာ အိမ်မှာတောင်လေ့ကျင့်ခန်းလုပ်နေတာပါ။ရုပ်ရှင်ကြည့်ရင်း သူ့ရဲ့ဗိုက်ကြွက်သားလေ့ကျင့်ခန်းကို လုပ်နေတာပါ။အကြိမ် ၂၀ ကို ၄ ကျော့ ၅ကျော့ အထိလုပ်ကိုလုပ်နေတာပါ။”
အံသြစရာကောင်းတာက Fico ဟာ ဘာလော့တယ်လီတစ်ယောက် မန်စီးတီးမှာကစားခဲ့တဲအချိန်မှာ ဘာလော့တယ်လီနဲ့အတူလက်တွဲခဲ့ပြီး သမီးလေးတစ်ယောက်ဖွာမြင်ခဲ့ပါတယ်။
No comments
Powered by Blogger.