Header Ads
စတန်းဖို့ ဒ်ဘရစ်ခ်ျမှာ ကလော့နဲ့ ပြောခဲ့တဲ့စကားတွေကိုဖွင့်ဟပြောကြားလိုက်တဲ့ဆာရီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မာရီဇီယိုဆာရီတစ်ယောက် ပြီးခဲ့တဲ့လကုန်ခါနီးက လီဗာပူးလ်အသင်းကို - သရေကျတဲ့ပွဲမှာ လီဗာပူးလ်နည်းပြဂျာဂန်ကလော့နဲ့ ရယ်ရယ်မောမောဟာသလုပ်ပြောခဲ့တာတွေကို ပြန်လည်ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။
စတာရစ်ခ်ျတစ်ယောက် လီဗာပူးလ်အသင်းကို သရေတစ်မှတ်ရစေမယ့် အသက်ကယ်ဂိုးမသွင်းပေးခင်မှာတော့ စတန်းဖို့ ဒ်ဘရစ်ခ်ျရဲ့ ပွဲအစပိုင်းမှာ နည်းပြ၂ယောက်စလုံးရယ်ရယ်မောမောနဲ့ စကားလက်ဆုံကျနေတာကိုတွေ့ ရပါတယ်။
ဒါ့အပြင် ဒီရာသီ လီဗာပူးလ်အသင်းရဲ ဒီရာသီပထမဆုံးလိပ်ဖလား(ကရာဘောင်ဖလား) ရှုံးပွဲတွေ့ ကြုံရတုန်းကလည်း ကလော့တစ်ယောက် ကွင်းဘေးမှာရယ်မောပျော်ရွှင်စရာတွေလုပ်ဆောင်နေခဲ့တယ်လို့ ဆာရီကပြောကြားခဲ့ပါသေးတယ်။
(Unicode)
စတန်းဖို့ဒ်ဘရစ်ချ်မှာ ကလော့နဲ့ပြောခဲ့တဲ့စကားတွေကိုဖွင့်ဟပြောကြားလိုက်တဲ့ဆာရီ
မာရီဇီယိုဆာရီတစ်ယောက် ပြီးခဲ့တဲ့လကုန်ခါနီးက လီဗာပူးလ်အသင်းကို ၁-၁ သရေကျတဲ့ပွဲမှာ လီဗာပူးလ်နည်းပြဂျာဂန်ကလော့နဲ့ရယ်ရယ်မောမောဟာသလုပ်ပြောခဲ့တာတွေကို ပြန်လည်ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။
စတာရစ်ချ်တစ်ယောက် လီဗာပူးလ်အသင်းကို သရေတစ်မှတ်ရစေမယ့် အသက်ကယ်ဂိုးမသွင်းပေးခင်မှာတော့ စတန်းဖို့ဒ်ဘရစ်ချ်ရဲ့ပွဲအစပိုင်းမှာ နည်းပြ၂ယောက်စလုံးရယ်ရယ်မောမောနဲ့စကားလက်ဆုံကျနေတာကိုတွေ့ရပါတယ်။
ဒါ့အပြင် ဒီရာသီ လီဗာပူးလ်အသင်းရဲ့ ဒီရာသီပထမဆုံးလိပ်ဖလား(ကရာဘောင်ဖလား) ရှုံးပွဲတွေ့ကြုံရတုန်းကလည်း ကလော့တစ်ယောက် ကွင်းဘေးမှာရယ်မောပျော်ရွှင်စရာတွေလုပ်ဆောင်နေခဲ့တယ်လို့ဆာရီကပြောကြားခဲ့ပါသေးတယ်။
“ နောက်ဆုံးမိနစ်မှာ ဂိုးပေးခံလိုက်ရတဲ့အချိန်မှာတော့ နောင်တတွေဘေးချိတ်လိုက်ရမယ့် တကယ့်ကို ခမ်းနားပြောင်မြောက်တဲ့ အခိုက်အတန့်တွေရှိခဲ့ပါတယ်။”
“ ဒါဟာတကယ့်ကို ထူးခြားတဲ့ ဖျော်ဖြေပွဲပါပဲ။ ပွဲမပြီးခင် ၁၀ မိနစ်အလိုလောက်ကပေါ့။ ကလော့ကကျွန်တော့်ကို ကြည့်နေတာတွေ့လိုက်ရပါတယ်။အဲ့တော့ ကျွန်တော် မေးလိုက်တယ်။“ မင်းဘာလို့ပြုံးနေတာလဲ” သူ ကပြန်ပြောတယ်။ “ ခင်ဗျား မပျော်ဘူးလား” တဲ့။ ကျွန်တော်က “ အရမ်းပျော်ပါတယ်။” လို့ပြောလိုက်ပါတယ်။အဲ့ဒါနဲ့သူကလည်း “တူတူပဲ” လို့ပြန်ဖြေတယ်။အဲ့အချိန်သူ့အသင်း ရှုံးနေတဲ့အချိန်နော်။”
“ ပြီးအပြီး ရလဒ်အရလည်း သရေ ကျသွားပြီးရော ကျွန်တော်တို့၂ယောက်ငယ်သူငယ်ချင်းကြီးေ တွလို့ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပါတယ်။သရေမကျလည်း သူ ဒီလို ပုံစံအတိုင်းပဲဆက်ရှိနေမယ်ဆိုတာကျွန်တော်သေချာပြောရဲပါတယ်။” 
“ ပရီးမီးယားလိပ်ဟာပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေတဲ့ဘောလုံးလောကတစ်ခုပါပဲ။”
ချဲလ်ဆီး၊လီဗာပူးလ်နဲ့မန်စီးတီးအသင်းတို့ဟာ လက်ရှိပရီးမီးယားလိပ်အမှတ်ပေးဇယားမှာ ရမှတ်တူတွေ ဂိုးကွာခြားချက်တွေနဲ့အစဉ်လိုက်ရပ်တည်နေပါတယ်။အဆိုပါ ၃သင်းစလုံးဟာ ဒီရာသီလိပ်ပြိုင်ပွဲမှာ ရှုံးပွဲလုံးဝမရှိသေးပါဘူး။
No comments
Powered by Blogger.