Header Ads


ယူႏိုုက္တက္ကစားသမားအျဖစ္မေခၚယူသင့္တဲ့လက္ရိွအသင္းကစားသမားတစ္ေယာက္ကိုေျပာၾကားခဲ့တဲ့ေပါလ္စခိုုးလ္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

 သရဲနီတပ္သားေဟာင္းၾကီးက အာဆင္နယ္အသင္းကေန အိုထရက္ဖိုု ့ဒ္ ကိုု ေျပာင္းေရႊ ့ၿပီးေနာက္ေျခစြမ္းျပဖို ့ရုုန္းကန္ေနရတဲ့ အသင္းရဲ ့ခ်ီလီေတာင္ပံတိုုက္စစ္ကစားသမားဆန္းခ်က္စ္ကို ေမးခြန္းထုတ္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုုက္တက္အသင္းရဲ ့ဂႏၲ၀င္ကစားသမား ေပါလ္စခိုးလ္က အလက္ဆစ္ဆန္းခ်က္စ္ဟာ တစ္ကိုယ္ေကာင္ဆန္ၿပီးယူႏိုုက္တက္အေနနဲ ့အဲ့လိုုကစားသမားမ်ိဳးကိုုဘယ္ေတာ့မွမေခၚယူသင့္ဘူးလိုု ့ေျပာၾကားလိုုက္ပါတယ္။ယူႏိုက္တက္အသင္းဟာ ဆန္းခ်က္စ္ကိုု ၿပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ ့ကာလက အာဆင္နယ္အသင္းကေန အသင္းရဲ ့ကစားသမား မခ္ခီတာရမ္နဲ ့အလဲအထပ္လုုပ္ခဲ့တာပဲျဖစ္ပါတယ္။



ဒါပင္မယ့္လည္းအမ်ားအျမင္မွာေတာ့ ဆန္းခ်က္စ္ကိုအသဲအသန္အလိုရိွေနတဲ့ ၿမိဳ ့ခံၿပိဳင္ဘက္မန္စီးတီးကိုအလဲထိုုးလိုတဲ့ရည္ရြယ္ခ်က္နဲ ့ယူႏိုုက္တက္က လက္ဦးေခၚယူခဲ့တာပဲျဖစ္ပါတယ္။အသက္၂၉ ႏွစ္အရြယ္ဆန္းခ်က္စ္ဟာ ယူႏိုုက္တက္ကိုုေျပာင္းေရႊ ့ခဲ့ ၿပီးအခ်ိန္မွာေတာ့ ပရီးမီးယားလိပ္ရဲ ့လစာအမ်ားဆံုုးကစားသမားျဖစ္လာခဲ့ေသာ္လည္း အာဆင္နယ္အသင္းမွာျပခဲ့တဲ့ ေျခစြမ္းအတိုင္းေတာ့ျပန္လည္ျမင္ေတြ ့ခြင့္မရေသးပါဘူး။

ဆန္းခ်က္စ္ဟာ ယူႏိုက္တက္အသင္းအတြက္ ယခုုႏွစ္ရာသီမွာ ပြဲကစားခဲၿပီး ဂိုုးသာသြင္းယူႏိုုင္ခဲ့ကာ ၾကိမ္သာ ဖန္တီးေပးထားနိုင္ပါတယ္။စခိုုးလ္က ခ်ီလီလက္ေရြးစင္ကစားသမားအတြက္ လစာအေျမာက္အမ်ားေပးၿပီး ရင္းနွီးျမွပ္နံွထားတဲ့ အသင္းရဲ ့စဥ္းစားဥာဏ္ကိုု ေမးခြန္းထုုတ္လိုက္ပါတယ္။သူ ့မွာအရည္အေသြးရိွမွန္းကၽြန္ေတာ္သိပါတယ္။ၿပီးေတာ့သူဟာကစားသမားေကာင္းပါ။ဒါပင္မယ့္ သူ ့ကိုုေတာ့ ယူႏိုုက္တက္ကစားသမားတစ္ေယာက္အျဖစ္ဘယ္လိုမွ မျမင္နိုုင္တာအမွန္ပါပဲ။



သူဟာ နည္းနည္းေလးတစ္ကိုုယ္ေကာင္ဆန္တယ္လိုု ့ျမင္ပါတယ္။သူဟာ တစ္ခါတစ္ေလ ကိုုယ့္အတြက္ကိုုယ္ပဲကစားတတ္တဲ့သူမ်ိဳးပါ။သူဟာကၽြန္ေတာ္တိုု ့အသင္းကလိုုအပ္တဲ့ကစားသမားမ်ိဳးျဖစ္တယ္လိုု ့ကၽြန္ေတာ္မထင္ပါဘူး။အထူးသျဖင့္ ဒီလိုပိုုက္ဆံမ်ိဳးေတြနဲ ့ေပါ့။သူဒီလိုုလစာေတြရေနတဲ့အခ်ိန္မွာ သူ ့ဆီကဘယ္လို အရာေတြကၽြန္ေတာ္တုုိ ့ရနိုုင္မွာလဲ? သူ ့ကိုုေခၚခ်င္တာက မန္စီးတီးအသင္းေခၚခ်င္ေနတာကိုု ဟန္ ့တားဖို ့လား ??”

အဲ့ေတာ့ဘယ္လိုခံစားရသလဲဆိုုရင္ဒီကိုုေရာက္လာတဲ့ကစားသမားတိုုင္းရုုန္းကန္ေနရသလိုုပါပဲ။ ဒီလိုုခ်ိန္မ်ိဳးမွာအသင္းဟာ လီယြန္နယ္မက္ဆီကိုုေခၚယူလိုုက္မယ္ဆိုုရင္လည္း သူလည္းအသင္းမွာေျခစြမ္းျပဖို ့ေသခ်ာေပါက္ရုုန္းကန္ေနရမယ္လို ့ကၽြန္ေတာ္ခံစားရပါတယ္။လိုု ့ေပါလ္စခိုုးလ္ကေျပာၾကားလိုုက္ပါတယ္။

ဒါဟာဘယ္သူေၾကာင့္လဲ ?? ယူႏိုုက္တက္အသိုုင္းအ၀ိုုင္းနဲ ့ပရိတ္သတ္ေတြကေတာ့ ဒီလိုု တန္ဖိုးၾကီးတဲ့ယူႏိုုက္တက္လူစာရင္းကေန အေကာင္းဆံုုးေတြရဖိုု မန္ေနဂ်ာေမာ္ရင္ဟိုုတစ္ေယာက္ရဲ ့အရည္အခ်င္းပ်က္ကြကခဲ့တာလိုု ့သတ္မွတ္ထားေနၾကပါတယ္။



ဒီလအေစာပိုုင္းအခ်ိန္တုုန္းက ေမာ္ရင္ဟိုု ဟာ အသင္းကိုု အက်ပ္ရိုုက္ေအာင္လုုပ္ေနတယ္လိုု ့ေျပာၾကားခဲ့တဲ့ေပါလ္စခိုုးလ္ဟာ ယူႏိုုက္တက္အေနနဲ ့ဒီအခ်ိန္မွာေပၚတူဂီ နည္းျပကိုု မထုုတ္ပယ္သင့္ဘူးလိုု ့ေတာ့ယံုုၾကည္ေနပါေသးတယ္။ယူႏိုုက္တက္ရဲ ့အၾကီးမားဆံုုးအရာကိုုေျပာပါဆိုုရင္ ၾကိဳးစားအားထုုတ္မႈနဲ ့စိတ္ဓာတ္ခံယူခ်က္ပါပဲ။ၿပီးခဲ့တဲ့ တစ္ပတ္အေက်ာ္က က္စ္ဟမ္းနဲ ့ပြဲကိုု ၾကည့္မယ္ဆိုုရင္အသင္းရဲ ့တန္ဖိုုးၾကီးကစားသမားေတြဟာ ဂ်ိဳ ့စ္အတြက္မကစားေပးခ်င္တဲ့ပံုုစံပါပဲ။ဒါပင္မယ့္သူ ့ကိုထုုတ္ပယ္လိုုက္တာမ်ိဳးေတာ့မျဖစ္ေစခ်င္ပါဘူး။အေျခအေနေတြဟာ ျပန္လည္အဖတ္ဆယ္လိုု ့ရမယ္လိုု ့ကၽြန္ေတာ္ျမင္ပါတယ္။ ဂ်ိဳ ့စ္ဟာတယ့္ဂရိတ္နည္းျပတစ္ေယာက္မွန္းသူ ့ကိုုယ္သူ လူေတြကိုု သက္ေသျပေစခ်င္တာမ်ိဳး ကၽြန္ေတာ္ဂ်ိဳ ့စ္ကိုု ျဖစ္ေစခ်င္ပါတယ္။ဘာလိုု ့လဲဆိုုေတာ့ ဒါဟာ သူ ့အတြက္ေဘာလံုုးေလာကမွာ အၾကီးမားဆံုုးစမ္းသပ္မႈပါပဲ။

ဂ်ိဳ ့စ္ေမာ္ရင္ဟိုု ဟာ ဒီႏွစ္ေႏြရာသီမွာ သူလိုုခ်င္တဲ့ကစားသမားေတြကိုု မေခၚေပးခဲ့တဲ့ အသင္းဘုုတ္ဖြဲ ့အေပၚအျပစ္ဖိုု ့ခဲ့ပါေသးတယ္။ဒါပင္မယ့္လည္း ေပါလ္စခိုုးလ္က နည္းျပတစ္ေယာက္ဆိုတာ သူ ့မွာရိွတဲ့လူစာရင္းအင္အားနဲ ့တကယ့္အရည္အသြးေကာင္းေတြကိုု ေကာင္းေကာင္းအသံုုးခ်သင့္တယ္လို ့ဆိုုလိုုက္ပါေသးတယ္။

သူ ့ကိုု ဘာမွမေပးထားတာမ်ိဳးေတာ့မဟုတ္ပါဘူး။သူ အသံုုးခ်ဖိုု ့အခြင့္အလမ္းလည္းရိွၿပီးသားပါ။သူကစားသမားေတြအမ်ားၾကီး၀ယ္ထားတာပဲေလ။ၾကည့္ရတာလံုုေလာက္တဲ့အရည္အေသြးမရိွတဲ့ ဗဟိုုေနာက္ခံလူ၂ေယာက္ကို သူေခၚခဲ့ပါတယ္။တကယ္လိုု ့သူသာ သူ ့ရဲ ့ကစားသမားေတြမေကာင္းဘူးလိုု ့ထင္ရင္သူတိုု ့ကိုု ပိုုေကာင္းေအာင္နည္းျပတစ္ေယာက္အေနနဲ ့လုုပ္ေပးသင့္တာမဟုတ္ဘူးလား??” 

(Unicode)

ယူနိုက်တက်ကစားသမားအဖြစ်မခေါ်ယူသင့်တဲ့လက်ရှိအသင်းကစားသမားတစ်ယောက်ကိုပြောကြားခဲ့တဲ့ပေါလ်စခိုးလ်




 သရဲနီတပ်သားဟောင်းကြီးက အာဆင်နယ်အသင်းကနေ အိုထရက်ဖို့ဒ် ကို ပြောင်းရွှေ့ပြီးနောက်ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့ အသင်းရဲ့ချီလီတောင်ပံတိုက်စစ်ကစားသမားဆန်းချက်စ်ကို မေးခွန်းထုတ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်ကစားသမား ပေါလ်စခိုးလ်က အလက်ဆစ်ဆန်းချက်စ်ဟာ တစ်ကိုယ်ကောင်ဆန်ပြီးယူနိုက်တက်အနေနဲ့အဲ့လိုကစားသမားမျိုးကိုဘယ်တော့မှမခေါ်ယူသင့်ဘူးလို့ပြောကြားလိုက်ပါတယ်။ယူနိုက်တက်အသင်းဟာ ဆန်းချက်စ်ကို ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလက အာဆင်နယ်အသင်းကနေ အသင်းရဲ့ကစားသမား မခ်ခီတာရမ်နဲ့အလဲအထပ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။


ဒါပင်မယ့်လည်းအများအမြင်မှာတော့ ဆန်းချက်စ်ကိုအသဲအသန်အလိုရှိနေတဲ့ မြို့ခံပြိုင်ဘက်မန်စီးတီးကိုအလဲထိုးလိုတဲ့ရည်ရွယ်ချက်နဲ့ယူနိုက်တက်က လက်ဦးခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။အသက်၂၉ နှစ်အရွယ်ဆန်းချက်စ်ဟာ ယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့ ပြီးအချိန်မှာတော့ ပရီးမီးယားလိပ်ရဲ့လစာအများဆုံးကစားသမားဖြစ်လာခဲ့သော်လည်း အာဆင်နယ်အသင်းမှာပြခဲ့တဲ့ ခြေစွမ်းအတိုင်းတော့ပြန်လည်မြင်တွေ့ခွင့်မရသေးပါဘူး။

ဆန်းချက်စ်ဟာ ယူနိုက်တက်အသင်းအတွက် ယခုနှစ်ရာသီမှာ ၇ပွဲကစားခဲပြီး ၁ဂိုးသာသွင်းယူနိုင်ခဲ့ကာ ၁ကြိမ်သာ ဖန်တီးပေးထားနိုင်ပါတယ်။စခိုးလ်က ချီလီလက်ရွေးစင်ကစားသမားအတွက် လစာအမြောက်အများပေးပြီး ရင်းနှီးမြှပ်နံှထားတဲ့ အသင်းရဲ့စဉ်းစားဉာဏ်ကို မေးခွန်းထုတ်လိုက်ပါတယ်။“ သူ့မှာအရည်အသွေးရှိမှန်းကျွန်တော်သိပါတယ်။ပြီးတော့သူဟာကစားသမားကောင်းပါ။ဒါပင်မယ့် သူ့ကိုတော့ ယူနိုက်တက်ကစားသမားတစ်ယောက်အဖြစ်ဘယ်လိုမှ မမြင်နိုင်တာအမှန်ပါပဲ။”



“ သူဟာ နည်းနည်းလေးတစ်ကိုယ်ကောင်ဆန်တယ်လို့မြင်ပါတယ်။သူဟာ တစ်ခါတစ်လေ ကိုယ့်အတွက်ကိုယ်ပဲကစားတတ်တဲ့သူမျိုးပါ။သူဟာကျွန်တော်တို့အသင်းကလိုအပ်တဲ့ကစားသမားမျိုးဖြစ်တယ်လို့ကျွန်တော်မထင်ပါဘူး။အထူးသဖြင့် ဒီလိုပိုက်ဆံမျိုးတွေနဲ့ပေါ့။သူဒီလိုလစာတွေရနေတဲ့အချိန်မှာ သူ့ဆီကဘယ်လို အရာတွေကျွန်တော်တို့ရနိုင်မှာလဲ? သူ့ကိုခေါ်ချင်တာက မန်စီးတီးအသင်းခေါ်ချင်နေတာကို ဟန့်တားဖို့လား ??”

“ အဲ့တော့ဘယ်လိုခံစားရသလဲဆိုရင်ဒီကိုရောက်လာတဲ့ကစားသမားတိုင်းရုန်းကန်နေရသလိုပါပဲ။ ဒီလိုချိန်မျိုးမှာအသင်းဟာ လီယွန်နယ်မက်ဆီကိုခေါ်ယူလိုက်မယ်ဆိုရင်လည်း သူလည်းအသင်းမှာခြေစွမ်းပြဖို့သေချာပေါက်ရုန်းကန်နေရမယ်လို့ကျွန်တော်ခံစားရပါတယ်။” လို့ပေါလ်စခိုးလ်ကပြောကြားလိုက်ပါတယ်။

ဒါဟာဘယ်သူကြောင့်လဲ ?? ယူနိုက်တက်အသိုင်းအဝိုင်းနဲ့ပရိတ်သတ်တွေကတော့ ဒီလို တန်ဖိုးကြီးတဲ့ယူနိုက်တက်လူစာရင်းကနေ အကောင်းဆုံးတွေရဖို့ မန်နေဂျာမော်ရင်ဟိုတစ်ယောက်ရဲ့အရည်အချင်းပျက်ကွကခဲ့တာလို့သတ်မှတ်ထားနေကြပါတယ်။



ဒီလအစောပိုင်းအချိန်တုန်းက မော်ရင်ဟို ဟာ အသင်းကို အကျပ်ရိုက်အောင်လုပ်နေတယ်လို့ပြောကြားခဲ့တဲ့ပေါလ်စခိုးလ်ဟာ ယူနိုက်တက်အနေနဲ့ဒီအချိန်မှာပေါ်တူဂီ နည်းပြကို မထုတ်ပယ်သင့်ဘူးလို့တော့ယုံကြည်နေပါသေးတယ်။ “ ယူနိုက်တက်ရဲ့အကြီးမားဆုံးအရာကိုပြောပါဆိုရင် ကြိုးစားအားထုတ်မှုနဲ့စိတ်ဓာတ်ခံယူချက်ပါပဲ။ပြီးခဲ့တဲ့ တစ်ပတ်အကျော်က ဝက်စ်ဟမ်းနဲ့ပွဲကို ကြည့်မယ်ဆိုရင်အသင်းရဲ့တန်ဖိုးကြီးကစားသမားတွေဟာ ဂျို့စ်အတွက်မကစားပေးချင်တဲ့ပုံစံပါပဲ။ဒါပင်မယ့်သူ့ကိုထုတ်ပယ်လိုက်တာမျိုးတော့မဖြစ်စေချင်ပါဘူး။အခြေအနေတွေဟာ ပြန်လည်အဖတ်ဆယ်လို့ရမယ်လို့ကျွန်တော်မြင်ပါတယ်။ ဂျို့စ်ဟာတယ့်ဂရိတ်နည်းပြတစ်ယောက်မှန်းသူ့ကိုယ်သူ လူတွေကို သက်သေပြစေချင်တာမျိုး ကျွန်တော်ဂျို့စ်ကို ဖြစ်စေချင်ပါတယ်။ဘာလို့လဲဆိုတော့ ဒါဟာ သူ့အတွက်ဘောလုံးလောကမှာ အကြီးမားဆုံးစမ်းသပ်မှုပါပဲ။”

ဂျို့စ်မော်ရင်ဟို ဟာ ဒီနှစ်နွေရာသီမှာ သူလိုချင်တဲ့ကစားသမားတွေကို မခေါ်ပေးခဲ့တဲ့ အသင်းဘုတ်ဖွဲ့အပေါ်အပြစ်ဖို့ခဲ့ပါသေးတယ်။ဒါပင်မယ့်လည်း ပေါလ်စခိုးလ်က နည်းပြတစ်ယောက်ဆိုတာ သူ့မှာရှိတဲ့လူစာရင်းအင်အားနဲ့တကယ့်အရည်အသွးကောင်းတွေကို ကောင်းကောင်းအသုံးချသင့်တယ်လို့ဆိုလိုက်ပါသေးတယ်။
“ သူ့ကို ဘာမှမပေးထားတာမျိုးတော့မဟုတ်ပါဘူး။သူ အသုံးချဖို့အခွင့်အလမ်းလည်းရှိပြီးသားပါ။သူကစားသမားတွေအများကြီးဝယ်ထားတာပဲလေ။ကြည့်ရတာလုံလောက်တဲ့အရည်အသွေးမရှိတဲ့ ဗဟိုနောက်ခံလူ၂ယောက်ကို သူခေါ်ခဲ့ပါတယ်။တကယ်လို့သူသာ သူ့ရဲ့ကစားသမားတွေမကောင်းဘူးလို့ထင်ရင်သူတို့ကို ပိုကောင်းအောင်နည်းပြတစ်ယောက်အနေနဲ့လုပ်ပေးသင့်တာမဟုတ်ဘူးလား??” 


No comments

Powered by Blogger.