Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အသက်၂၇နှစ်အရွယ် ဒီဘရိုင်း အဆိုပါဒဏ်ရာကြောင့်ဘဲလ်ဂ်ျယမ်အသင်းရဲ့လူစာရင်းမှနှုတ်ထွက်ခဲ့ရပါတယ်။ဘဲလ်ဂျိီယမ်အသင်းက လာမည့်အောက်တိုဘာလ ၁၂ရက်နေ့မှာဆွစ်ဇာလန်အသင်းယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အောက်တိုဘာလ၁၆ရက်နေ့မှာ နယ်သာလန်အသင်းနှင့်ချစ်ကြည်ရေးခြေစမ်းပွဲကစားမည်ဖြစ်ပါတယ်။
(Unicode)
ဘန်လေအသင်းနဲ့ပွဲအမှီပြန်လာနိုင်မယ့် မန်စီးတီးစတားဒီဘရိုင်း
မန်စီတီးအသင်း ကစားသမား ကီဗင်ဒီဘရိုင်း က လာမည့် အောက်တိုဘာလ ၂၀ရက်နေ့မှာယှဉ်ပြိုင်ကစားမည့် ဘန်ဘေအသင်းနှင့်ပွဲစဉ်မှာပြန်လည်ပါဝင်ကစားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။
လီဗာပူးလ်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာပါဝင်ကစားမည့်လို့ခန်မှန်းကြသော်လည်း အကယ်၍ သူပါဝင်ကစားခဲ့ပါက ဒဏ်ရာအကင်းမသေသေးတာကြောင့်ပြင်းထန်တဲ့နာကျင်မှုထပ်မံရရှိသွားနိုင်တာကြောင့် အသင်းမှ ပါဝင်မကစားရန်ဆုံးဖြတ်ခဲ့တာပါလို့ ESPN သတင်းဌာန က ဖော်ပြထားပါတယ်။
ဘဲလ်ဂျီယမ်သား ဒီဘရိုင်း က သူရဲ့ဒူးအရွက်ဒဏ်ရာကအလျင်အမြန်သက်သာလာခဲ့ပြီး အသင်းနှင့်အတူ ဒီနေ့လေ့ကျင်ရေးစတင်ခဲ့ပါတယ်။
အသက်၂၇နှစ်အရွယ် ဒီဘရိုင်း အဆိုပါဒဏ်ရာကြောင့်ဘဲလ်ဂျ်ယမ်အသင်းရဲ့လူစာရင်းမှနှုတ်ထွက်ခဲ့ရပါတယ်။ဘဲလ်ဂျီယမ်အသင်းက လာမည့်အောက်တိုဘာလ ၁၂ရက်နေ့မှာဆွစ်ဇာလန်အသင်းယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အောက်တိုဘာလ၁၆ရက်နေ့မှာ နယ်သာလန်အသင်းနှင့်ချစ်ကြည်ရေးခြေစမ်းပွဲကစားမည်ဖြစ်ပါတယ်။
သူကတော့မန်စီးတီးအသင်းနှင့်ဆက်လက်ရှိနေမည်ဖြစ်ပြီး ဘန်လေအသင်းနှင့်ကစားမည့်ပွဲအတွက် အားပြည့်အဖြစ်အောင်ဆက်လက်လေ့ကျင့်ရေးဆင်းမည်ဖြစ်ပါတယ်။
ဒီဘရိုင်း က သြဂတ်စ်လ က အဆိုပါဒူးအရွက်ဒဏ်ရာကိုလေ့ကျင့်ရေးကွင်းမှာရရှိခဲ့ပြီးအသင်းနှင့်၃လကြာဝေးကွာနေခဲ့ရပြီး ရက်ပေါင်း၅၄ရက်အကြာမှ အသင်းနှင့်ပြန်လည်လေ့ကျင့်ရေးဆင်းခွင့်ရရှိခဲ့ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အန်ဖီးလ်မှာကစားခဲ့တဲ့ ပွဲစဉ်ရဲ့ လူစာရင်းမှာ အံသြသင့်ဖွယ် ထည့်သွင်းခဲ့ပြီး ESPNရဲ့ဖော်ပြချက်အရ သူရဲ့ဒဏ်ရာအကင်းသေအောင် အတွက် မပါဝင်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
Post a Comment