Header Ads


ျခေသၤ့တစ္ေကာင္လား? ေၾကာင္ေပါက္ေလးတစ္ေကာင္လား?လူကာကူ




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူနိုက္တက္တိုက္စစ္မွဴးလူကာကူဟာဂ်ဴဗင္နဲ႔ပြဲဒုတိယပိုင္းမွာ အသင္းေဖာ္ေတြထက္ေနာက္က်ျပီးမွ ဥမင္လႈိဏ္ေခါင္းထဲကေန ကြင္းထဲဝင္လာခဲ့ပါတယ္။လူကာကူဟာ ေသြးေအးတဲ့အဆံုးသတ္သမားတစ္ေယာက္ျဖစ္ျပီး အသင္းေဖာ္ေတြရဲ႕တိုက္ပြဲဝင္စိတ္ဓာတ္ကိုျမင့္တင္းေပးနိုင္သူပါ။ဒါေပမယ့္ ဂ်ဴဗင္နဲ႕ပြဲမွာျခေသ့ၤတစ္ေကာင္လိုဟိန္းေဟာက္ေနရမယ့္အစား ေျပးေပါက္မွားေနတဲ့ေျကာင္ေလးတစ္ေကာင္လိုျဖစ္ေနတာေျကာင့္ ပြဲမတိုးဘူးဆိုတဲ့ေဝဖန္သံေတြပိုဆူညံလာေစခဲ့ပါတယ္။



အရပ္ေမာင္းျမင့္မားျပီးျကံခိုင္မႈအားျပဳကစားသူျဖစ္ေပမယ့္ ခ်ီလီနီနဲ႕ ဗိုနူခ်ီတို႔ျကားမွာေပ်ာက္ဆံုးေနျပီး ေလထဲကေဘာလံုးကိုယွဥ္လုနိုင္တာေတာင္ မေတြ႕ရသေလာက္ပါပဲ။ တစ္ဖက္ကျပန္ျကည့္ရင္လည္း သူကိုယ္တိုင္ကအားနည္းတာမွန္ေပမယ့္ အသင္းေဖာ္ေတြဆီကေထာက္ပံပႈ တစ္စံုတစ္ရာမရခဲ့ပါဘူး။ဒါဟာlone strikerတစ္ေယာက္အတြက္ေတာ့ ကပ္ဆိုးပါပဲ။ ေမာ္ရင္ဟိုရဲ႕ အီတလီအမွတ္ေပးခ်န္ပီယံအသင္းကိုရင္ဆိုင္ခဲ့တဲ့ ပြဲျကိုစီစဥ္မႈေတြကလည္း ထိေရာက္မႈမရွိပဲ ကြင္းထဲမွာလည္း ငုတ္တုတ္ထိုင္ေနခဲ့ပါတယ္။

လူစာရင္းမွာ အင္အားခ်ိဳ႕ယြင္းေနတာက ဒီလိုအေျခေနေတြဆီစြဲေခၚသြားတာပါ။စီေရာ္နယ္ဒိုနဲ႕ လူကာကူတို႔ေရြ႕လ်ားမႈကိုယွဥ္ျကည့္ရင္ သိသိသာသာကြာျခားေနတာေတြ႔ရမွာပါ။ စီေရာ္နယ္ဒိုဟာ ဘယ္ဘက္အျခမ္းမွာေနရာယူကစားရင္း  ၁၈ကိုက္စည္းအတြင္း စည္းခ်က္က်က်တိုးဝင္ေနခ်ိန္မွာ လူကာကူက ေတာ့ အသင္းေဖာ္ေတြနဲ႕ အဆက္ျပတ္ေနပါတယ္။လူကာကူကိုယ္တိုင္ကလည္း ေျပလမ္းေျကာင္းေတြမရွာေဖြနိုင္ခဲ့သလို အသင္းေဖာ္ေတြဆီက အကူညီတစ္ခုမွမရခဲ့တာေျကာင့္ ေထာင္ေခ်ာက္မိေနသလို မလူးသာမလႈပ္သာျဖစ္ခဲ့ရပါတယ္။ေနာက္ခံလူေတြဆီကေဘာလံုးကိုင္ထားခ်ိန္မွာ သူဟာေနာက္ထိ ေဘာလံုးဆင္းယူေနရတာေျကာင့္ ျဖတ္တင္ေဘာေတြျပဳလုပ္ဖို႔ ျပိဳင္ဘက္ပင္နယ္တီဧရိယာထဲမွာ ယူနိုက္တက္ကစားသမားတစ္ေယာက္မွရွိမေနခဲ့ပါဘူး။အက်ိဳးဆက္အေနနဲ႕ ဂ်ဴဗင္တပ္ ၁၈ကိုက္စည္းထဲမွာ ဂိုးေပါက္ျခိမ္းေျခာက္မႈေတြ မျပဳလုပ္နိုင္သေလာက္ပါပဲ။



ဧရိယာထဲေနရာယူထားခ်ိန္မွာလည္း သူ႔ရဲ႕ေလးလံတဲ့ကစားပံုေျကာင့္ ခ်ီလီနီက အလြယ္တကူထိန္းခ်ဳပ္နိုင္ခဲ့ပါတယ္။ေျပးအား တိုးအားေတြမရွိခ်ိန္မွာ လူကာကူဟာ ေဘာလံုးကြင္းထဲ ေသလူတစ္ေယာက္ျဖစ္ခဲ့ပါတယ္။အဲဗာတန္အတြက္ တစ္ရာသီအတြင္း ၂၅ဂိုးသြင္းျပီးခ်ိန္မွာ ေမာ္ရင္ဟိုဟာ လူကာကူကို ယူနိုက္တက္အသင္းဆီေခၚယူခဲ့ပါတယ္။ဒါေပမယ့္နည္းျပရဲ႕ခ်စ္ခင္အားေပးမႈ ကို အျပည့္အဝမရခဲ့ပါဘူး။အဲဗာတန္မွာရွိစဥ္က နည္းျပမာတီနက္ ,ေရာ္နယ္ကိုးမန္း တို႔ရဲ႕ ခ်ီးမြမ္းေျပာဆိုမႈကို အျမဲရရွိခဲ့ျပီး သူကလည္း အေကာင္းဆံုးျပန္လည္ေပးဆပ္ခဲ့ပါတယ္။လူကာကူရဲ႕ရုန္းကန္အားကိုရဖို႔ေမာ္ရင္ဟိုအေနနဲ႕ သူ႕ကို အသင္းအတြက္ဘယ္ေလာက္အေရးပါေျကာင္းေျပာျပီး နွစ္သိမ့္အားေပးဖို႔လိုေနပါျပီ။သူ႔အေနနဲ႕အေထာင္တိုက္စစ္မွာ တစ္ေယာက္ထဲျဖစ္ေနရတာကို သေဘာက်ပံုမေပၚပါဘူး။ေဘးမွာရပ္ဖို႔ဒ္ , မာတီရယ္တို႔လိုေရြ႕လ်ားမႈေကာင္းမြန္တဲ့ ကစားသမားေတြလိုအပ္ပါတယ္။




သူဟာ အျမင့္ေဘာေတြမွာ အသင္းေဖာ္ေတြ ေဘာလံုးပိုင္ဆိုင္မႈရဖို႕ ရုန္းကန္ေပးေနရပါတယ္။ပရီးမီးယားလိဂ္မွာ ၁၇၅ဂိုးသြင္းခဲ့တဲ့ဟင္နရီရဲ႕ သြင္းဂိုးစံခ်ိန္ကို ေက်ာ္လြန္ခ်င္္လို႔ မျကာေသးခင္ကမွ လူကာကူေျပာခဲ့ပါေသးတယ္။ဒါေပမယ့္အဲ့ဒီခ်ိန္က ဟင္နရီဲရဲ႕အာဆင္နယ္အသင္းေဖာ္ေတြလို သူ႔ေဘးမွာ ကူညီေပးမယ့္သူမရွိတာ ဝမ္းနည္းစရာပါပဲ။ဂိုးေတြပိုရဖို႔ ကိုယ္တိုင္ အားထုတ္မႈသာမက အသင္းေဖာ္ေတြရဲ႕ အကူညီလိုတာ သိသာလြန္းပါတယ္။ခုေတာ့ သူက ယူနိုက္တက္မွာ ဧည့္သည္တစ္ေယာက္လိုျဖစ္ေနတာျကာပါျပီ။ကမၻာ့ဖလာမွာတုန္းက ဘယ္ဂ်ီယံ အသင္းေဖာ္ ဟာဇက္က လူကာကူရဲ႕အားထုတ္မႈကိုလိုအပ္ေျကာင္း ေတာင္းဆိုဖူးပါတယ္။အခုဒီမွာေရာ ဘယ္သူက လူကာကူရဲ႕ အေရးပါမႈကိုထုတ္ေဖာ္ေျပာခဲ့ဘူးလဲ။လူကာကူဟာ အသင္းအေပၚ ကေလးတစ္ေယာက္လို စိတ္ဆိုးေနတာေျကာင့္ ပံုစံေကာင္းေတြေပ်ာက္ဆံုုးေနတာလို႔ထင္မိတယ္။ဘာေျကာင့္လဲဆိုေတာ့ တစ္ခ်ိန္ကသူလုပ္ျပခဲ့သလို မာန္ဖီဟိန္းေဟာက္ျပီး ေနာက္ခံလူေတြေျကာက္လန္႔ ရတဲ့စြမ္းေဆာင္ရည္မ်ိဳး လူကာကူပိုင္ဆိုင္ထားတယ္ဆိုတာ လူတိုင္းသိေနလို႔ပါပဲ။

(Unicode)

ခြင်္သေ့တစ်ကောင်လား? ကြောင်ပေါက်လေးတစ်ကောင်လား?လူကာကူ

ယူနိုက်တက်တိုက်စစ်မှူးလူကာကူဟာဂျူဗင်နဲ့ပွဲဒုတိယပိုင်းမှာ အသင်းဖော်တွေထက်နောက်ကျပြီးမှ ဥမင်လှိုဏ်ခေါင်းထဲကနေ ကွင်းထဲဝင်လာခဲ့ပါတယ်။လူကာကူဟာ သွေးအေးတဲ့အဆုံးသတ်သမားတစ်ယောက်ဖြစ်ပြီး အသင်းဖော်တွေရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုမြင့်တင်းပေးနိုင်သူပါ။ဒါပေမယ့် ဂျူဗင်နဲ့ပွဲမှာခြသေ့ၤတစ်ကောင်လိုဟိန်းဟောက်နေရမယ့်အစား ပြေးပေါက်မှားနေတဲ့ကြောင်လေးတစ်ကောင်လိုဖြစ်နေတာကြောင့် ပွဲမတိုးဘူးဆိုတဲ့ဝေဖန်သံတွေပိုဆူညံလာစေခဲ့ပါတယ်။

အရပ်မောင်းမြင့်မားပြီးကြံခိုင်မှုအားပြုကစားသူဖြစ်ပေမယ့် ချီလီနီနဲ့ ဗိုနူချီတို့ကြားမှာပျောက်ဆုံးနေပြီး လေထဲကဘောလုံးကိုယှဉ်လုနိုင်တာတောင် မတွေ့ရသလောက်ပါပဲ။ တစ်ဖက်ကပြန်ကြည့်ရင်လည်း သူကိုယ်တိုင်ကအားနည်းတာမှန်ပေမယ့် အသင်းဖော်တွေဆီကထောက်ပံပှု တစ်စုံတစ်ရာမရခဲ့ပါဘူး။ဒါဟာlone strikerတစ်ယောက်အတွက်တော့ ကပ်ဆိုးပါပဲ။ မော်ရင်ဟိုရဲ့ အီတလီအမှတ်ပေးချန်ပီယံအသင်းကိုရင်ဆိုင်ခဲ့တဲ့ ပွဲကြိုစီစဉ်မှုတွေကလည်း ထိရောက်မှုမရှိပဲ ကွင်းထဲမှာလည်း ငုတ်တုတ်ထိုင်နေခဲ့ပါတယ်။

လူစာရင်းမှာ အင်အားချို့ယွင်းနေတာက ဒီလိုအခြေနေတွေဆီစွဲခေါ်သွားတာပါ။စီရော်နယ်ဒိုနဲ့ လူကာကူတို့ရွေ့လျားမှုကိုယှဉ်ကြည့်ရင် သိသိသာသာကွာခြားနေတာတွေ့ရမှာပါ။ စီရော်နယ်ဒိုဟာ ဘယ်ဘက်အခြမ်းမှာနေရာယူကစားရင်း  ၁၈ကိုက်စည်းအတွင်း စည်းချက်ကျကျတိုးဝင်နေချိန်မှာ လူကာကူက တော့ အသင်းဖော်တွေနဲ့ အဆက်ပြတ်နေပါတယ်။လူကာကူကိုယ်တိုင်ကလည်း ပြေလမ်းကြောင်းတွေမရှာဖွေနိုင်ခဲ့သလို အသင်းဖော်တွေဆီက အကူညီတစ်ခုမှမရခဲ့တာကြောင့် ထောင်ချောက်မိနေသလို မလူးသာမလှုပ်သာဖြစ်ခဲ့ရပါတယ်။နောက်ခံလူတွေဆီကဘောလုံးကိုင်ထားချိန်မှာ သူဟာနောက်ထိ ဘောလုံးဆင်းယူနေရတာကြောင့် ဖြတ်တင်ဘောတွေပြုလုပ်ဖို့ ပြိုင်ဘက်ပင်နယ်တီဧရိယာထဲမှာ ယူနိုက်တက်ကစားသမားတစ်ယောက်မှရှိမနေခဲ့ပါဘူး။အကျိုးဆက်အနေနဲ့ ဂျူဗင်တပ် ၁၈ကိုက်စည်းထဲမှာ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်သလောက်ပါပဲ။

ဧရိယာထဲနေရာယူထားချိန်မှာလည်း သူ့ရဲ့လေးလံတဲ့ကစားပုံကြောင့် ချီလီနီက အလွယ်တကူထိန်းချုပ်နိုင်ခဲ့ပါတယ်။ပြေးအား တိုးအားတွေမရှိချိန်မှာ လူကာကူဟာ ဘောလုံးကွင်းထဲ သေလူတစ်ယောက်ဖြစ်ခဲ့ပါတယ်။အဲဗာတန်အတွက် တစ်ရာသီအတွင်း ၂၅ဂိုးသွင်းပြီးချိန်မှာ မော်ရင်ဟိုဟာ လူကာကူကို ယူနိုက်တက်အသင်းဆီခေါ်ယူခဲ့ပါတယ်။ဒါပေမယ့်နည်းပြရဲ့ချစ်ခင်အားပေးမှု ကို အပြည့်အဝမရခဲ့ပါဘူး။အဲဗာတန်မှာရှိစဉ်က နည်းပြမာတီနက် ,ရော်နယ်ကိုးမန်း တို့ရဲ့ ချီးမွမ်းပြောဆိုမှုကို အမြဲရရှိခဲ့ပြီး သူကလည်း အကောင်းဆုံးပြန်လည်ပေးဆပ်ခဲ့ပါတယ်။လူကာကူရဲ့ရုန်းကန်အားကိုရဖို့မော်ရင်ဟိုအနေနဲ့ သူ့ကို အသင်းအတွက်ဘယ်လောက်အရေးပါကြောင်းပြောပြီး နှစ်သိမ့်အားပေးဖို့လိုနေပါပြီ။သူ့အနေနဲ့အထောင်တိုက်စစ်မှာ တစ်ယောက်ထဲဖြစ်နေရတာကို သဘောကျပုံမပေါ်ပါဘူး။ဘေးမှာရပ်ဖို့ဒ် , မာတီရယ်တို့လိုရွေ့လျားမှုကောင်းမွန်တဲ့ ကစားသမားတွေလိုအပ်ပါတယ်။

သူဟာ အမြင့်ဘောတွေမှာ အသင်းဖော်တွေ ဘောလုံးပိုင်ဆိုင်မှုရဖို့ ရုန်းကန်ပေးနေရပါတယ်။ပရီးမီးယားလိဂ်မှာ ၁၇၅ဂိုးသွင်းခဲ့တဲ့ဟင်နရီရဲ့ သွင်းဂိုးစံချိန်ကို ကျော်လွန်ချင်လို့ မကြာသေးခင်ကမှ လူကာကူပြောခဲ့ပါသေးတယ်။ဒါပေမယ့်အဲ့ဒီချိန်က ဟင်နရီဲရဲ့အာဆင်နယ်အသင်းဖော်တွေလို သူ့ဘေးမှာ ကူညီပေးမယ့်သူမရှိတာ ဝမ်းနည်းစရာပါပဲ။ဂိုးတွေပိုရဖို့ ကိုယ်တိုင် အားထုတ်မှုသာမက အသင်းဖော်တွေရဲ့ အကူညီလိုတာ သိသာလွန်းပါတယ်။ခုတော့ သူက ယူနိုက်တက်မှာ ဧည့်သည်တစ်ယောက်လိုဖြစ်နေတာကြာပါပြီ။ကမ္ဘာ့ဖလာမှာတုန်းက ဘယ်ဂျီယံ အသင်းဖော် ဟာဇက်က လူကာကူရဲ့အားထုတ်မှုကိုလိုအပ်ကြောင်း တောင်းဆိုဖူးပါတယ်။အခုဒီမှာရော ဘယ်သူက လူကာကူရဲ့ အရေးပါမှုကိုထုတ်ဖော်ပြောခဲ့ဘူးလဲ။လူကာကူဟာ အသင်းအပေါ် ကလေးတစ်ယောက်လို စိတ်ဆိုးနေတာကြောင့် ပုံစံကောင်းတွေပျောက်ဆုံးနေတာလို့ထင်မိတယ်။ဘာကြောင့်လဲဆိုတော့ တစ်ချိန်ကသူလုပ်ပြခဲ့သလို မာန်ဖီဟိန်းဟောက်ပြီး နောက်ခံလူတွေကြောက်လန့် ရတဲ့စွမ်းဆောင်ရည်မျိုး လူကာကူပိုင်ဆိုင်ထားတယ်ဆိုတာ လူတိုင်းသိနေလို့ပါပဲ။

No comments

Powered by Blogger.