Header Ads


ေလ့က်င့္ေရးအစီအစဥ္မွာဆန္းခ်က္စ္မေရာက္လာခဲ့တာကသူအသင္းကေနထြက္ခြာခ်င္ေတာ့လို ့ပါ။


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ယေန ့တနလၤာေန ့မွာျပဳလုုပ္ခဲ့တဲ့ေလ့က်င့္ခန္းအစီအစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္ေတာင္ပံကစားသမားဆန္းခ်က္စ္တစ္ေယာက္ မပါ၀င္လာခဲ့ပါဘူး။ဒါေၾကာင့္ သူဟာအသင္းကေန ထြက္ခြာလိုေနတာျဖစ္တယ္လိုု ့သတင္းမ်ားကေဖာ္ျပထားပါတယ္။



The Times ရဲ ့အတည္ျပဳခ်က္အရ အလက္စ္ဟာ ဂ်ဳိ ့ေမာ္ရင္ဟိုရဲ ့လက္ေအာက္မွာမေပ်ာ္မရႊင္ျဖစ္ေနရွာၿပီး သူ ့ရဲ ့ေအးဂ်င့္ကေတာ့ ကစားသမားအေပၚစိတ္၀င္စားလာမယ့္မည္သည့္အသင္းမဆိုု ဇန္န၀ါရီ (သိုု ့မဟုတ္) လာမယ့္ေႏြရာသီမွာ ေဆြးေႏြးသြားဖိုု ့အဆင္သင့္ျဖစ္ေနပါတယ္။ဆန္းခ်က္စ္ဟာ ခ်န္ပီယံလိပ္ပြဲအျဖစ္ ဂ်ဴဗင္တပ္စ္အသင္းနဲ ့ပြဲအတြက္ အၾကိဳေလ့က်င့္ခန္းအစီအစဥ္မွာပါ၀င္ျခင္းမရိွခဲ့ပါဘူး။ခ်ီလီသားဟာ ဒီရာသီမွာပံုုမွန္ေျခစြမ္းရဖိုု ့အေတာ္ေလးရုန္းကန္ေနရၿပီး ပြဲထြက္ခြင့္ရတဲ့ ပရီးမီးယားလိပ္၇ပြဲမွာ ၁ဂိုုးသာသြင္းယူနိုုင္ခဲ့ပါတယ္။သူဟာ ဒီရာသီသာ ယူႏိုုက္တက္အတြက္ပြဲစဥ္၁ပြဲသာ မိနစ္၉၀အခ်ိန္ျပည့္ကစားခဲ့ရၿပီးအဆိုုပါပြဲဟာလက္စတာစီးတီးအသင္းကိုု -၁ျဖင့္အနိုုင္ရခဲ့တဲ့ပြဲပဲျဖစ္လိုု ့ေနပါတယ္။စေန ေန ့က ကစားခဲ့တဲ့ခ်ဲလ္ဆီးနဲ ့ပြဲမွာလည္း ၅မိနစ္သာ ပါ၀င္ကစားခြင့္ရခဲ့ပါတယ္။


ၿပီးခဲ့တဲ့ ဇန္န၀ါရီ ၂၀၁၈ က အာဆင္နယ္က ေရာက္လာတဲ့ ဆန္းခ်က္စ္ဟာ ယူႏိုုက္တက္ကစားသမားမခ္ခီတာရမ္နဲ ့အလဲအထပ္လုုပ္ခဲ့တာျဖစ္ၿပီး ဆန္းခ်က္စ္ဟာ သရဲနီအသင္းအတြက္ ၂၆ပြဲကစားထားတာပဲျဖစ္ပါတယ္။သူဟာ ေမာ္ရင္ဟိုလက္ေအာက္မွာ ၄ဂိုုးသာ သြင္းယူေပးနိုုင္ထားၿပီး ၆ၾကိမ္သာ ဂိုုးပံပိုုးေပးမႈျပဳလုုပ္နိုုင္ေသးတာပဲျဖစ္ပါတယ္။အလက္ဆစ္ ဆန္းခ်က္စ္ဟာ ဒီရာသီ၀က္စ္ဟမ္းအသင္းနဲ ့ရင္ဆိုုင္ခဲ့တဲ့အသင္းရဲ ့လူစာရင္းမွာပါ၀င္နိုုင္ျခင္းမရိွသလိုု အၾကိမ္ေပါင္းမ်ားစြာလူစားလဲျခင္းခံရတဲ့ကစားသမားျဖစ္လိုု ့ေနပါတယ္။

(Unicode)

လေ့ကျင့်ရေးအစီအစဉ်မှာဆန်းချက်စ်မရောက်လာခဲ့တာကသူအသင်းကနေထွက်ခွာချင်တော့လို့ပါ။


ယနေ့တနင်္လာနေ့မှာပြုလုပ်ခဲ့တဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမားဆန်းချက်စ်တစ်ယောက် မပါဝင်လာခဲ့ပါဘူး။ဒါကြောင့် သူဟာအသင်းကနေ ထွက်ခွာလိုနေတာဖြစ်တယ်လို့သတင်းများကဖော်ပြထားပါတယ်။

The Times ရဲ့အတည်ပြုချက်အရ အလက်စ်ဟာ ဂျို့မော်ရင်ဟိုရဲ့လက်အောက်မှာမပျော်မရွှင်ဖြစ်နေရှာပြီး သူ့ရဲ့အေးဂျင့်ကတော့ ကစားသမားအပေါ်စိတ်ဝင်စားလာမယ့်မည်သည့်အသင်းမဆို ဇန်နဝါရီ (သို့မဟုတ်) လာမယ့်နွေရာသီမှာ ဆွေးနွေးသွားဖို့အဆင်သင့်ဖြစ်နေပါတယ်။ဆန်းချက်စ်ဟာ ချန်ပီယံလိပ်ပွဲအဖြစ် ဂျူဗင်တပ်စ်အသင်းနဲ့ပွဲအတွက် အကြိုလေ့ကျင့်ခန်းအစီအစဉ်မှာပါဝင်ခြင်းမရှိခဲ့ပါဘူး။ချီလီသားဟာ ဒီရာသီမှာပုံမှန်ခြေစွမ်းရဖို့အတော်လေးရုန်းကန်နေရပြီး ပွဲထွက်ခွင့်ရတဲ့ ပရီးမီးယားလိပ်၇ပွဲမှာ ၁ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။သူဟာ ဒီရာသီသာ ယူနိုက်တက်အတွက်ပွဲစဉ်၁ပွဲသာ မိနစ်၉၀အချိန်ပြည့်ကစားခဲ့ရပြီးအဆိုပါပွဲဟာလက်စတာစီးတီးအသင်းကို ၂-၁ဖြင့်အနိုင်ရခဲ့တဲ့ပွဲပဲဖြစ်လို့နေပါတယ်။စနေ နေ့က ကစားခဲ့တဲ့ချဲလ်ဆီးနဲ့ပွဲမှာလည်း ၅မိနစ်သာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀၁၈ က အာဆင်နယ်က ရောက်လာတဲ့ ဆန်းချက်စ်ဟာ ယူနိုက်တက်ကစားသမားမခ်ခီတာရမ်နဲ့အလဲအထပ်လုပ်ခဲ့တာဖြစ်ပြီး ဆန်းချက်စ်ဟာ သရဲနီအသင်းအတွက် ၂၆ပွဲကစားထားတာပဲဖြစ်ပါတယ်။သူဟာ မော်ရင်ဟိုလက်အောက်မှာ ၄ဂိုးသာ သွင်းယူပေးနိုင်ထားပြီး ၆ကြိမ်သာ ဂိုးပံပိုးပေးမှုပြုလုပ်နိုင်သေးတာပဲဖြစ်ပါတယ်။အလက်ဆစ် ဆန်းချက်စ်ဟာ ဒီရာသီဝက်စ်ဟမ်းအသင်းနဲ့ရင်ဆိုင်ခဲ့တဲ့အသင်းရဲ့လူစာရင်းမှာပါဝင်နိုင်ခြင်းမရှိသလို အကြိမ်ပေါင်းများစွာလူစားလဲခြင်းခံရတဲ့ကစားသမားဖြစ်လို့နေပါတယ်။

No comments

Powered by Blogger.