Header Ads






Unicode သမားများအောက်ဆွဲဖတ်ပေးပါ။



Cadena Cope's 'El Partidazo' ရေဒီယို ပရိုဂရမ်ရဲ့ အဆိုအရ အဲရစ်ဆင်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ လူကာမိုဒရစ်နေရာအစားထိုးဖို့ အဓိကထားခေါ်ယူမယ့်လူတစ်ယောက်ဖြစ်ပြီး Paco Gonzalez က ရီးရဲလ်မက်ဒရစ်အသင်းရဲ Plan A ဟာ အင်ဒီဟာဇက်ကို မခေါ်ယူနိုင်တော့ရင် အဲရစ်ဆင်နဲ့ နေမာတို့ ကို သေချာပေါက်ခေါ်ယူတော့မှာပဲဖြစ်ပါတယ်။



(Unicode)

မိုဒရစ်နေရာအစားထိုးဖို့အဲရစ်ဆင်ကို ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ်


 ဒိန်းမတ်ကွင်းလယ်လူ ခရစ်စတန်းအဲရစ်ဆင်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့လာမယ့်နွေရာသီမှာအဓိကထားခေါ်ယူမယ့်ကစားသမားဖြစ်လာနေပါတယ်။တော့တင်ဟမ်အသင်းရဲ့ကြီးကျယ်တဲ့စတားတစ်ယောက် ဟာ ဖလော်ရန်တီနို ပီးရက်ဇ်ရဲ့လာမယ့်ရာသီခေါ်ယူမယ့်စာရင်းမှာ နေမာပြီးနောက်ပါဝင်လာခဲ့ပြီပဲဖြစ်ပါတယ်။အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ၂ရာသီလောက်က အသင်းကနေထွက်ခွာဖို့ချိတ်ဆက်လျက်ရှိနေခဲ့ပြီး ဘာစီလိုနာအသင်းဟာ ဗီဒယ်ကို မခေါ်ယူခင် အဲရစ်ဆင်ကို ခေါ်ယူဖို့ချိတ်ဆက်ခဲ့ဖူးပါသေးတယ်။


Cadena Cope's 'El Partidazo' ရေဒီယို ပရိုဂရမ်ရဲ့အဆိုအရ အဲရစ်ဆင်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ လူကာမိုဒရစ်နေရာအစားထိုးဖို့အဓိကထားခေါ်ယူမယ့်လူတစ်ယောက်ဖြစ်ပြီး Paco Gonzalez က ရီးရဲလ်မက်ဒရစ်အသင်းရဲ့Plan A ဟာ အင်ဒီဟာဇက်ကို မခေါ်ယူနိုင်တော့ရင် အဲရစ်ဆင်နဲ့နေမာတို့ကို သေချာပေါက်ခေါ်ယူတော့မှာပဲဖြစ်ပါတယ်။


အဲရစ်ဆင်ဟာ လတ်တလောမှာဒဏ်ရာရရှိနေပြီး ရက်သတ္တပတ်အတော်ကြာ တော့တင်ဟမ်အသင်းအတွက်မကစားပေးနိုင်သေးပါဘူး။ဒါပင်မယ့်လည်း ဘယ်သူမှသူ့ရဲ့အရည်အသွေးကို မေးခွန်းမထုတ်နိုင်ကြပါဘူး။သူဟာ တော့တင်ဟမ်မှာ အရေးပါဆုံးကစားသမားတစ်ယောက်ဖြစ်ပြီး ဒိန်းမတ်အသင်းမှာလည်း အရေးပါတဲ့သူတစ်ယောက်ဖြစ်လို့နေပါတယ်။စပါးအသင်းဟာလည်း သူတို့ရဲ့စတားတွေကို ရောင်းချရာမှာ နမည်ကြီးတဲ့သမိုင်းကြောင်းရှိခဲ့ဖူးပါတယ်။



No comments

Powered by Blogger.