နည်းပြမော်ရင်ဟိုအကြောင်းပြည့်ပြည့်စုံစုံရှင်းပြသွားခဲ့တဲ့တစ်ချိန်ကကွင်းလယ်အကျော်အမော်အက်ဆီယန်

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လူတွေဘာကြောင့် မော်ရင်ဟိုအကြောင်းပဲပြောနေလဲလို့အက်ဆီယံကမေးခွန်းထုတ်ခဲ့ပါတယ်။ဒါဟာ ယူနိုက်တက်ကိုအမြဲဝေဖန်နေတဲ့သူတွေကိုသာ ရည်ရွယ်ခဲ့တာပါ။တချိန်က အက်ဆီယံဟာ မော်ရင်ဟိုယုံကြည်ရသူတစ်ဦးဖြစ်ခဲ့ပါတယ်။မော်ရင်ဟိုဟာ2005ခုနှစ်ကလိုင်ယွန်မှအက်ဆီယံကိုခေါ်ယူခဲ့ပြီး ချယ်ဆီးနဲ့အတူအအောင်မြင်ဆုံးကာလတွေဖြတ်သန်းခဲ့ဖူးပါတယ်။ဒါ့အပြင် အက်ဆီယံခြေစွမ်းကျဆင်းနေတဲ့ကာလမှာတောင် ရီးရဲကို အငှားနဲ့ခေါ်ယူခဲ့သေးတာပါ။
ခုချိန်ထိဒီနှစ်ယောက်ရဲ့ဆက်ဆံရေးဟာ နွေးထွေးနေဆဲဖြစ်ပါတယ်။အက်ဆီယံဟာပြီးခဲ့တဲ့နှစ်အနည်းငယ်ကလည်းမော်ရင်ဟိုကို ဂါနာသို့ဖိတ်ခေါ်ပြီး သူ့ရဲ့မွေးရပ်မြေကိုပြသခဲ့ပါတယ်။ ဂျိုးကိုယ်တိုင်ကလည်းသူ့အပေါ်အဖေတယောက်လို အမြဲသဘောထားပေးခဲ့ပါတယ်။ခုချိန်မှာတော့ မော်ရင်ဟိုတစ်ယောက်အခက်ခဲတွေနဲ့ရင်ဆိုင်နေရပြီးယူနိုက်တက်အနေနဲ့ ၈ပွဲသာကစားရသေးချိန်မှာ အဆင့်၈အထိရောက်နေတာဖြစ်ပါတယ်။ကစားသမားနဲ့နည်းပြအကြားမှာလည်း အားပြိုင်မှုတွေဖြစ်ပေါ်နေပြီး မော်ရင်ဟိုကိုပြစ်တင်သူများပြားနေပေမယ့် အက်ဆီယံကတော့ ပေါ်တူဂီသားဘက်ကပါပဲ။
''ကျနော့်အတွက်တော့ မော်ရင်ဟိုဟာဘာမှပြောင်းလဲမနေပါဘူး။သူ့အကျင့်အတိုင်းအရင်ကလိုအလုပ်ကြိုးစားနေတာပါ။သူဟာကျနော့်အပေါ်ကြီးမားတဲ့လွှမ်းမိုးမှုရှိပြီးအဖေနဲ့သားဆက်ဆံရေးလိုပါပဲ။သူဟာအနိုင်ရဖို့အတွက်ဆိုတိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့ ဖိုက်တာတစ်ဦးနဲ့တူပါတယ်။ အခုအခြေအနေတွေကိုလဲ ပြောင်းလဲပစ်နိုင်လိမ့်မယ်ဆိုတာ ကျနော်သိနေပါတယ်''လို့အက်ဆီယံကဆိုခဲ့ပါတယ်။
မျိုးဆက်သစ်တွေကတော့ မော်ရင်ဟိုရဲ့နည်းလမ်းတွေဟာ အလုပ်မဖြစ်ဖူးလို့ထင်ချင်စရာဖြစ်လာပါတယ်။ဥပမာပေါ့ဘာ လိုကစားသမားမျိုးက ကလန်ကဆန်လုပ်ပြီး အသင်းရဲ့အထက်မှာရှိနေသလိုတောင်ဖြစ်နေတာ ဘာကြောင့်လို့ထင်လဲလို့အက်ဆီယံကို သတင်းထောက်တွေကမေးခဲ့ပါတယ်။သူကတော့ခေါင်းတဆက်ဆက်ငြိမ့်ပြီး ''အခုခေတ်ကစားသမားတွေက ဂျိုးရဲ့ကစားဟန်ကို သဘောမကျဘူးလို့ခင်ဗျားထင်တာ မှန်ချင်မှန်ပါလိမ့်မယ်။ဒါပေမယ့် ကျနော်ချယ်ဆီးမှာရှိချိန်တုန်းကတော့ ဂျိုးခိုင်းတဲ့အရာကခက်ခဲပြီး လက်တွေ့မကျဘူးထင်ရင်တောင် လုပ်လိုက်တာပါပဲ။ပွဲတစ်ပွဲကစားပြီးလို့ကောင်းကောင်းမကစားနိုင်ခဲ့ဘူးဆိုရင် ဒါကို ပြန်ပြောင်းလဲဖို့ကြိုးစားရပါမယ်။လူတိုင်းမှာအမြင်အမျိုးမျိုးရှိပြီး ကျနော်ကတော့ သူလက်အောက်မှာကစားရတာအလွန်ကောင်းပါတယ်။ကစားသမားတိုင်းမှာခြားနားတဲ့ပုံစံရှိတာကြောင့်(ပေါ့ဘာကိုဆိုလို)ဘာတွေဆက်ဖြစ်မလဲစောင့်ကြည့်ရမှာပါ။”
အက်ဆီယံဟာ အသင်းတွက်အပြည့်အဝပေးဆပ်ကစားတက်တာကြောင့် မော်ရင်ဟိုရဲ့အသည်းကျော်ဖြစ်ခဲ့တာပါ။''သူညွှန်ကြားတာတွေက အမြဲရှင်းလင်းတယ်။သူကဒါလုပ်ဆိုကွင်းထဲသွားပြီးဒီအတိုင်းလုပ်လိုက်တာပဲ။သူပြောတဲ့အတိုင်းလုပ်တာနဲ့တင်ကျနော့်မှာအရည်အသွေးပြည့်ဝလာသလိုခံစားရတယ်။သူ့ဆုံးဖြတ်ချက်အတိုင်းတသွေမတိမ်းလိုက်လုပ်ဖို့ပဲလိုတာပါ''လို့အက်ဆီယံကပြန်ပြောင်းပြောခဲ့ပါတယ်။ချယ်ဆီးအသင်းဟာ2012ခုနှစ်မှာချန်ပီယံလိဂ်ဖလားကိုအသင်းအတွက်ပထမဆုံးအကြိမ်ရယူပေးသူဖြစ်လာမယ့်ဒီမတ်တီယိုကို ယာယီနည်းပြခန့်အပ်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာပဲနူးကမ့်မှာ နာပိုလီကို အံအားသင့်ဖွယ်ပြန်အနိုင်ယူပြီးမှာတော့''နာပိုလီကိုတော့ ကျော်ဖြတ်နိုင်ခဲ့ပြီ။ဘာမဆိုဖြစ်လာနိုင်နေပြီ။ငါတို့ဆက်ကြိုးစားမယ်။အဲ့ဒီနောက်မှာတော့ ဖိုင်နယ်ထိတက်လာနိုင်ခဲ့တယ်။မြူးနစ်မြေမှာပဲ ဘိုင်ယန်ကို အနိုင်ယူဗိုလ်စွဲခဲ့ခြင်းဟာ ကျနော့်အတွက်ထူးခြားတဲ့နေစွဲဖြစ်ခဲ့ပါတယ်''လို့အက်ဆီယံကဖွင့်ဟခဲ့ပါတယ်။အက်ဆီယံရဲ့ကစားသမားဘဝကိုပြန်ကြည့်ရင် နည်းစနစ်ပိုင်းကြေညက်မှုထက် ဘောလုံးကို ချစ်တဲ့စိတ်ကြောင့် အောင်မြင်မှုရခဲ့တာကိုတွေ့ရမှာပါ။သူဘောလုံးကစားတဲ့ပုံစံကိုလည်းရှင်းရှင်းလင်းလင်းဖွင့်ဟဖူးပါတယ်။
''ဘောလုံးကစားရတာကိုမြတ်နိုးပါတယ်။ ဘောလုံးကကျနော့်ဘဝဖြစ်ပြီး အသင်းကြီးတစ်သင်းသင်းမှာကစားရတာကိုက ကံကောင်းလွန်းနေပါပြီ။ဒီလိုကစားရတာလည်း CVမှာကျနော့်ပုံကချောနေလို့ဖြစ်မှာ(ရယ်လျက်)။''သူဟာနည်းပြလုပ်ဖို့မဟုတ်ပေမယ့်ချယ်ဆီးရဲ့လေ့ကျင့်ကွင်းကိုတော့ အမြဲသွားလေ့ရှိပါတယ်။အက်ဆီယံက''ချယ်ဆီးကလေးတွေနဲ့တစ်ခါတစ်လေဘောလုံးကန်ဖြစ်ပါတယ်။U-23နဲ့လည်းလေ့ကျင့်ခန်းဆင်းတာ ဝင်ကန်တာတွေရှိပါတယ်''လို့ပြောခဲ့ပါတယ်။
သူ့မှာ ခုချိန်ထိမော်ရင်ဟိုရဲ့လွှမ်းမိုးမှုတွေရှိနေပြီး ချယ်ဆီးကိုခုလိုတည်ဆောက်ပေးနေတာတွေအတွက် ဆာရီကိုတောင်ကျေးဇူးတင်ကြောင်းပြောခဲ့ပါသေးတယ်။ဒါ့အပြင် ချယ်ဆီးဟာ လီဗာပူး မန်စီးတီးတို့နဲ့ Plကိုလုရလိမ့်မယ်လို့ဟော ကိန်းထုတ်သွားပါသေးတယ်။ဆက်ပြီးတော့သူက''ဘောလုံးကစားတာမှာ အနိုင်ရလဒ်ကအရေးအကြီးဆုံးပါပဲ။ကစားပုံကောင်းကြီးနဲ့ရှုံးသွားရင်ဘယ်သူပျော်မှာလဲ။ကျနော်ကတော့ကစားပုံကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ နိုင်တာပဲလိုချင်တာပါ။'' ပြီးတော့ ယူနိုက်တက်ကိုလည်းပုံစံကောင်းပြန်ရဖို့ဆိုတာထက် အနိုင်ရလဒ်တွေပြန်ယူနိုင်ဖို့ဆန္ဒရှိနေပါတယ်။ဘာလို့ဆို မော်ရင်ဟိုအပေါ်မေးခွန်းထုတ်မှုတွေမရှိစေချင်လို့ပါတဲ့။ဒါကတော့ အက်ဆီယံနဲ့လုပ်ခဲ့တဲ့အမေးအဖြေတွေပဲဖြစ်ပါတယ်။
(Unicode)

Post a Comment