အမ္ဘာေပးဟာ Ballon d'Orဆုနဲ႕ထိုက္တန္ပါတယ္လို႔ဆိုလိုက္တဲ့ ဘူဖြန္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဆယ္ေက်ာ္သက္ကစားသမား ဘာေပးဟာ ယခုနွစ္အတြင္းသူရဲ႕စြမ္းေဆာင္ရည္ေကာင္း ေတြေျကာင့္ အသင္းေဖာ္ေတြရဲ႕ေထာက္ခံမႈကို အျမဲတေစ ရေနပါတယ္။အခုလည္း PSG ဂိုးသမား ဘူဖြန္က ဘာေပးအေနနဲ႕ Ballon d'Or ဆုနွင့္ထိုက္တန္ေျကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။
PSGနဲ႕ျပည္တြင္းဖလား၃လံုးအပါအဝင္ ျပင္သစ္အသင္းရဲ႕ World cupေအာင္ပြဲေတြမွာ အဓိကအသက္ေသြးေျကာျဖစ္ခဲ့တဲ့ဘာေပးဟာ ၂၀၁၈ခုနွစ္ ballon d'Orဆုအတြက္ ဆန္ကာတင္အေယာက္၃၀စာရင္းမွာပါဝင္ခဲ့ပါတယ္။ဒီ19နွစ္သားေလးဟာ ၂၀၁၈ကမၻာ့ ဖလားမွာ၄ဂိုးထိသြင္းယူနိုင္ခဲ့ကာ ဗိုလ္လုပြဲမွာလည္း ခရိုေအးရွားဘက္ကို ဂိုးသြင္းခဲ့ျပီးျပိဳင္ပြဲတစ္ေလ်ာက္ ေတာက္ပခဲ့တာေျကာင့္ Best Young Playerဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။လက္ရွိရာသီမွာလည္း ဘာေပးတစ္ေယာက္ ပိုျမင့္တဲ့အဆင့္တစ္ခုဆီေရာက္ဖို႔ အသင့္ျဖစ္ေနျပီဆိုတာ ၇ပြဲကစားျပီးခ်ိန္ ၁၀ဂိုးအထိသြင္းျပီးသက္ေသျပေနပါတယ္။ အနာဂတ္မွာ ballon d'Or ဆုကို အျကိမ္မ်ားစြာရယူနိုင္မယ့္သူအျဖစ္ ခ်ီးေျမာက္မႈေတြရွိေနျပီး ဘူဖြန္ကေတာ့ ဒီနွစ္ဘာေပျပသခဲ့တဲ့ေျခစြမ္းဟာ ဆုနဲ႔ထိုက္တန္ေနျပီလို႔ဆိုခဲ့တာပါ။
''ကြင္းထဲမွာျပသေနတဲ့ေျခစြမ္းက သူ႔အရည္အေသြးကိုေဖာ္ျပေနတာပါပဲ။ကမၻာ့ဖလားမွာလည္း သူကတည္တည္ျငိမ္ျငိမ္ပါပဲ။သူဟာ ballon d'Orဆုနဲ႕ထိုက္တန္ပါတယ္။ဒါရဲ႕ဆန္႔က်င္ဘက္ကို က်ေနာ္မေျပာနိုင္ပါဘူး''လို႔ ဘူဖြန္က ဘာေပနဲ႕ပတ္သတ္ျပီး အခုလိုဖြင့္ဟခဲ့ပါတယ္။''အီတလီမွာဆိုရင္ ဘတ္ဂီရို ,ဒယ္ပီရာရို ,ေတာ့တီတို႔နဲ႕သူ႔ကို ခိုင္းနႈိင္းျကမွာ။သူ႔မွာရွိတဲ့ နည္းစနစ္ေျကညက္မႈနဲ႕ ထူးျခားတဲ့အရည္အေသြးေတြက အျခားလူတစ္ေယာက္ဆီမွာ ျမင္ရဖို႔ခက္ခဲပါတယ္။ အေကာင္းဆံုးတစ္ေယာက္အျဖစ္ အခ်ိန္အျကာျကီးရပ္တည္ခ်င္ရင္သူရဲ႕ စိတ္အားထက္သန္မႈနဲ႕ သာမန္အမူအက်င့္ေတြကို ထိန္းသိမ္းထားနိုင္ဖို႔ပဲလိုေတာ့တာပါ''လို႔ ဘူဖြန္က အင္တာဗ်ဴး တစ္ခုမွာေျဖသြားခဲ့ပါတယ္။
ဒီဇင္ဘာ၃ရက္ေန႔မွာ Ballon d'Or ဆုေပးပြဲအခမ္းအနားကို ပဲရစ္ျမိဳ႔မွာ က်င္းပသြားမွာျဖစ္ပါတယ္။
(Unicode)
အမ်ဘာပေးဟာ Ballon d'Orဆုနဲ့ထိုက်တန်ပါတယ်လို့ဆိုလိုက်တဲ့ ဘူဖွန်
ဆယ်ကျော်သက်ကစားသမား ဘာပေးဟာ ယခုနှစ်အတွင်းသူရဲ့စွမ်းဆောင်ရည်ကောင်း တွေကြောင့် အသင်းဖော်တွေရဲ့ထောက်ခံမှုကို အမြဲတစေ ရနေပါတယ်။အခုလည်း PSG ဂိုးသမား ဘူဖွန်က ဘာပေးအနေနဲ့ Ballon d'Or ဆုနှင့်ထိုက်တန်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
PSGနဲ့ပြည်တွင်းဖလား၃လုံးအပါအဝင် ပြင်သစ်အသင်းရဲ့ World cupအောင်ပွဲတွေမှာ အဓိကအသက်သွေးကြောဖြစ်ခဲ့တဲ့ဘာပေးဟာ ၂၀၁၈ခုနှစ် ballon d'Orဆုအတွက် ဆန်ကာတင်အယောက်၃၀စာရင်းမှာပါဝင်ခဲ့ပါတယ်။ဒီ19နှစ်သားလေးဟာ ၂၀၁၈ကမ္ဘာ့ ဖလားမှာ၄ဂိုးထိသွင်းယူနိုင်ခဲ့ကာ ဗိုလ်လုပွဲမှာလည်း ခရိုအေးရှားဘက်ကို ဂိုးသွင်းခဲ့ပြီးပြိုင်ပွဲတစ်လျောက် တောက်ပခဲ့တာကြောင့် Best Young Playerဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။လက်ရှိရာသီမှာလည်း ဘာပေးတစ်ယောက် ပိုမြင့်တဲ့အဆင့်တစ်ခုဆီရောက်ဖို့ အသင့်ဖြစ်နေပြီဆိုတာ ၇ပွဲကစားပြီးချိန် ၁၀ဂိုးအထိသွင်းပြီးသက်သေပြနေပါတယ်။ အနာဂတ်မှာ ballon d'Or ဆုကို အကြိမ်များစွာရယူနိုင်မယ့်သူအဖြစ် ချီးမြောက်မှုတွေရှိနေပြီး ဘူဖွန်ကတော့ ဒီနှစ်ဘာပေပြသခဲ့တဲ့ခြေစွမ်းဟာ ဆုနဲ့ထိုက်တန်နေပြီလို့ဆိုခဲ့တာပါ။
''ကွင်းထဲမှာပြသနေတဲ့ခြေစွမ်းက သူ့အရည်အသွေးကိုဖော်ပြနေတာပါပဲ။ကမ္ဘာ့ဖလားမှာလည်း သူကတည်တည်ငြိမ်ငြိမ်ပါပဲ။သူဟာ ballon d'Orဆုနဲ့ထိုက်တန်ပါတယ်။ဒါရဲ့ဆန့်ကျင်ဘက်ကို ကျနော်မပြောနိုင်ပါဘူး''လို့ ဘူဖွန်က ဘာပေနဲ့ပတ်သတ်ပြီး အခုလိုဖွင့်ဟခဲ့ပါတယ်။''အီတလီမှာဆိုရင် ဘတ်ဂီရို ,ဒယ်ပီရာရို ,တော့တီတို့နဲ့သူ့ကို ခိုင်းနှိုင်းကြမှာ။သူ့မှာရှိတဲ့ နည်းစနစ်ကြေညက်မှုနဲ့ ထူးခြားတဲ့အရည်အသွေးတွေက အခြားလူတစ်ယောက်ဆီမှာ မြင်ရဖို့ခက်ခဲပါတယ်။ အကောင်းဆုံးတစ်ယောက်အဖြစ် အချိန်အကြာကြီးရပ်တည်ချင်ရင်သူရဲ့ စိတ်အားထက်သန်မှုနဲ့ သာမန်အမူအကျင့်တွေကို ထိန်းသိမ်းထားနိုင်ဖို့ပဲလိုတော့တာပါ''လို့ ဘူဖွန်က အင်တာဗျူး တစ်ခုမှာဖြေသွားခဲ့ပါတယ်။
ဒီဇင်ဘာ၃ရက်နေ့မှာ Ballon d'Or ဆုပေးပွဲအခမ်းအနားကို ပဲရစ်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
Post a Comment