ေနမာကိုုေနာက္ကေန ေလ ွ်ာထိုုးျဖတ္ထုတ္ခဲ့တဲ့ ကာဗာနီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
PSG အသင္းရဲ ့တိုုက္စစ္အတြဲျဖစ္တဲ့ ကာဗာနီနဲ ့ေနမာတိုု ့ၾကား အခဲမေက်တဲ့သမိုုင္းေၾကာင္းေတြရိွတာေတာ့ျငင္းလိုု ့မရပါဘူး။
မနွစ္က သတင္းတစ္ပုုဒ္ထြက္ေပၚခဲ့ဖူးၿပီး အဆိုုပါသတင္းက ဘရာဇီးသားေနမာက သူ ့ရဲ ့အသင္းေဖာ္ကာဗာနီကိုု ေရာင္းထုုတ္ေစဖိုု ့အသင္းဥကၠဌ AI-Khelaifi ကိုေတာင္းဆိုုခဲ့တယ္လိုု ့သိရပါတယ္။ဒါ့အျပင္ကြင္းထဲမွာလည္း ကာဗာနီက ဖရီးကစ္ကန္ဖိုု ့ေတာင္းဆိုုခဲ့ရာ ေနမာရဲ ့ဘရာဇီးအသင္းေဖာ္ဒန္နီရယ္အဲလ္ဗက္စ္ကေဘာလံုးကိုုလုၿပီး ေနမာကိုု ကန္ေစဖိုု ့စီစဥ္ေနတာေတြ ့ရၿပီး ဒီျမင္ကြင္းဟာ ေတာ္ေတာ္ေလးရုုပ္ပ်က္ဆင္းပ်က္ျဖစ္ခဲ့တာေတြ ့ရပါတယ္။
မေန ့ညကကစားခဲ့တဲ့ခ်န္ပီယံလိပ္ပြဲအျဖစ္နာပိုုလီနဲ ့ပြဲမွာလည္း ၂ေယာက္အၾကားကမာၻ ့ရန္ျဖစ္ေစမယ့္ျဖစ္ရပ္တစ္ခုျဖစ္ပြားခဲ့ပါတယ္။ပြဲအစပိုုင္းေလာက္မွာ ေနမာဟာပယ္နယ္တီဧရိယာအတြင္း ဂိုုးထဲကန္ထည့္ဖိုု ့သူ ့ဆီလာဖိုု ့ေဘာလံုုးကိုုေစာင့္ေနခ်ိန္မွာကာဗာနီကေနာက္ကေန ေရာက္လာၿပီးေနမာဆီေရာက္လာမယ့္ေဘာလံုုးကို၀င္လုုကန္ဖိုု ့ၾကိဳစားရင္းေဘာလံုုးကိုုမထိလိုုက္ပဲေနမာကိုုအေနာက္ကေနေလ ွ်ာထိုုးျဖတ္ထုုတ္လိုုက္သလိုုုျဖစ္သြားခဲ့ပါတယ္။
ဒါေၾကာင့္ေနမာဟာ ေျခက်င္း၀တ္ကိုထိခိုုက္သြားတဲ့ဒဏ္ရာေၾကာင့္ကြင္းထဲကေနေထာ့နဲ ့ေထာ့နဲ ့နဲ့ ထြက္သြားခဲ့ရၿပီး PSG ပရိတ္သတ္မ်ားကေတာ့သူ ့ရဲ ့ၾကံ ့ခိုုင္မႈအတြက္စိုုးရိမ္ေနၾကပါတယ္။
သို ့ေသာ္လည္းေနမာဟာ အဆိုုပါပြဲတစ္ပြဲလံုုးကိုုဆက္လက္ကစားခဲၿပီး PSG နဲ ့နာပိုုလီအသင္းကလည္းပြဲၿပီးခ်ိန္မွာ ၂-၂ သေရရလဒ္ျဖင့္ၿပီးဆံုုးသြားခဲ့ပါတယ္။
(Unicode)
နေမာကိုနောက်ကနေ လေ ျှာထိုးဖြတ်ထုတ်ခဲ့တဲ့ ကာဗာနီ
PSG အသင်းရဲ့တိုက်စစ်အတွဲဖြစ်တဲ့ ကာဗာနီနဲ့နေမာတို့ကြား အခဲမကျေတဲ့သမိုင်းကြောင်းတွေရှိတာတော့ငြင်းလို့မရပါဘူး။
မနှစ်က သတင်းတစ်ပုဒ်ထွက်ပေါ်ခဲ့ဖူးပြီး အဆိုပါသတင်းက ဘရာဇီးသားနေမာက သူ့ရဲ့အသင်းဖော်ကာဗာနီကို ရောင်းထုတ်စေဖို့အသင်းဥက္ကဌ AI-Khelaifi ကိုတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ကွင်းထဲမှာလည်း ကာဗာနီက ဖရီးကစ်ကန်ဖို့တောင်းဆိုခဲ့ရာ နေမာရဲ့ဘရာဇီးအသင်းဖော်ဒန်နီရယ်အဲလ်ဗက်စ်ကဘောလုံးကိုလုပြီး နေမာကို ကန်စေဖို့စီစဉ်နေတာတွေ့ရပြီး ဒီမြင်ကွင်းဟာ တော်တော်လေးရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တာတွေ့ရပါတယ်။
မနေ့ညကကစားခဲ့တဲ့ချန်ပီယံလိပ်ပွဲအဖြစ်နာပိုလီနဲ့ပွဲမှာလည်း ၂ယောက်အကြားကမ္ဘာ့ရန်ဖြစ်စေမယ့်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ပွဲအစပိုင်းလောက်မှာ နေမာဟာပယ်နယ်တီဧရိယာအတွင်း ဂိုးထဲကန်ထည့်ဖို့သူ့ဆီလာဖို့ဘောလုံးကိုစောင့်နေချိန်မှာကာဗာနီကနောက်ကနေ ရောက်လာပြီးနေမာဆီရောက်လာမယ့်ဘောလုံးကိုဝင်လုကန်ဖို့ကြိုစားရင်းဘောလုံးကိုမထိလိုက်ပဲနေမာကိုအနောက်ကနေလေ ျှာထိုးဖြတ်ထုတ်လိုက်သလိုဖြစ်သွားခဲ့ပါတယ်။
ဒါကြောင့်နေမာဟာ ခြေကျင်းဝတ်ကိုထိခိုက်သွားတဲ့ဒဏ်ရာကြောင့်ကွင်းထဲကနေထော့နဲ့ထော့နဲ့နဲ့ ထွက်သွားခဲ့ရပြီး PSG ပရိတ်သတ်များကတော့သူ့ရဲ့ကြံ့ခိုင်မှုအတွက်စိုးရိမ်နေကြပါတယ်။
သို့သော်လည်းနေမာဟာ အဆိုပါပွဲတစ်ပွဲလုံးကိုဆက်လက်ကစားခဲပြီး PSG နဲ့နာပိုလီအသင်းကလည်းပွဲပြီးချိန်မှာ ၂-၂ သရေရလဒ်ဖြင့်ပြီးဆုံးသွားခဲ့ပါတယ်။
Post a Comment