Header Ads


ဒီရာသီကုုန္မွာကစားသမားဘ၀ကေနအနားယူမယ္လိုု ့ေၾကညာလိုုက္တဲ့ဗန္ပါစီ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ေရာ္ဘင္ဗန္ပါစီဟာ ဒီရာသီကုုန္ေနာက္ဆံုုးရက္မွာကစားသမားဘ၀ကေနအနားယူေတာ့မယ္လိုု ့ေၾကညာလိုုက္ၿပီပဲျဖစ္ပါတယ္။ ဖီယင္နုုအသင္းမွာ ၂၀၀၁ ကေန ကစားသမားဘ၀ကိုုစတင္ခဲ့တဲ့ တိုုက္စစ္မွဴးဟာ လက္ရိွသူ ့အသင္းေဟာင္းမွာပဲကစားေနရင္း သူ ့ရဲ ့ေဘာလံုုးသမားဘ၀ကိုု ခ်ဳပ္ျငိမ္းလိုုက္ေတာ့မွာပဲျဖစ္ပါတယ္။

ကစားသမားတိုုင္းဟာသူတိုု ့ရဲ ့ကစားသမားဘ၀တစ္ေလ ွ်ာက္လံုုး အျမင့္ဆံုုးအေနအထားနဲ ့မကစားနိုုင္ၾကပါဘူး။အေကာင္းဆံုုးေသာေအာင္ျမင္မႈအတြက္ယွဥ္ၿပိဳင္ၾကရင္း ကစားသမားဘ၀ရဲ ့ေန၀င္ခ်ိန္ကိုု တျဖည္းျဖည္းနဲ ့ေရာက္ရိွလာခဲ့ၾကပါတယ္။

အခုုခ်ိန္မွာ ဗန္ပါစီရဲ ့အလွည့္ေရာက္လာပါၿပီ။ ဒက္ခ်္(နယ္သာလန္) ဂႏၱ၀င္ကစားသမားဟာ အဂၤလန္ နဲ ့တူရကီကလပ္ေတြမွာ လွည့္လည္ကစားေနရင္း သူ ့ကစားသမားဘ၀ကိုုစတင္ေျမေတာင္ေျမွာက္ေပးခဲ့တဲ့ ဖီယင္နုုအသင္းမွာ လက္ရိွကစားေပးကာ ဒီရာသီကုုန္မွာေတာ့ ကစားသမားဘ၀ကေနအနားယူေတာ့မယ္လိုု ့ေၾကျငာလိုုက္ပါတယ္။



အသက္၃၅နွစ္အရြယ္ဗန္ပါစီရဲ ့အေက်ာ္ၾကားဆံုုးကာလေတြက ေတာ့ ပရီးမီးယားလိပ္ကလပ္ေတြျဖစ္တဲ့ အာဆင္နယ္အသင္းနဲ ့ျဖစ္ၿပီး သူ ့ရဲ ့ပထမဆံုုးပရီးမီးယားလိပ္ဖလားကိုု မန္ခ်က္စတာယူနိုုက္တက္အသင္းမွာကစားရင္းရရိွခဲ့ကာ ကစားသမားဘ၀ အထြန္းေတာက္ဆံုုးအခ်ိန္တစ္ခုုကိုုပိုုင္ဆိုုင္ခဲ့ပါတယ္။ အဆိုုပါ ပရီးမီးယားလိပ္ဖလားကိုု ဗန္ပါစီတစ္ေယာက္အသဲအသန္ရယူခ်င္ေနခဲ့ေသာ္လည္း အာဆင္နယ္အသင္းမွာနွစ္အေတာ္ၾကာကစားၿပီး ခ်န္ပီယံျဖစ္ဖိုု ့ကံမစပ္ခဲ့တာေၾကာင့္ ဆာအဲလက္စ္ဖာဂူဆန္ကိုုင္တြယ္ေနတဲ့ မန္ခ်က္စတာယူႏိုုက္တက္ကိုုသြားကစားခဲ့ၿပီးဖာဂီရဲ့ေနာက္ဆံုုးကိုုင္တြယ္တဲ့နွစ္မွာ သရဲနီအသင္းနဲ ့အတူ ပရီးမီးယားလိပ္ဖလားကိုုရယူခဲ့ပါတယ္။သူ ့ရဲ့တစ္ရာသီအတြင္း သြင္းဂိုုး၂၆ဂိုုးက ယူႏိုက္တက္ကုုိ ခ်န္ပီယံျဖစ္ေစဖိုု ့ေကာင္းေကာင္းလံုုေလာက္ခဲ့ၿပီး သူ ့ရဲ ့ပထမဆံုုးဟတ္ထရစ္ကိုု အိုုထရက္ဖိုု ့ဒ္မွာကစားခဲ့တဲ့အက္စတြန္ဗီလာအသင္းနဲ ့ပြဲမွာရယူခဲ့တာပဲျဖစ္ပါတယ္။





ဖီနာဘာခ်ီအသင္းရဲ ့တိုုက္စစ္မွဴးျဖစ္ခဲ့တဲ့ဗန္ပါစီဟာ နယ္သာလန္အသင္းနဲ ့လည္းေအာင္ျမင္မႈေတြရယူနိုုင္ခဲ့ပါေသးတယ္။ဗန္ပါစီဟာ ၂၀၁၀ ကမာၻ ့ဖလားမွာ စပိန္အသင္းကိုု ဗိုုလ္လုုပြဲမွာရံႈးနိမ့္ခဲ့တာေၾကာင့္ ဒုုတိယေနရာနဲ ့ေက်နပ္ခဲ့ရၿပီး ၂၀၁၄ ကမာၻ ့ဖလားၿပိဳင္ပြဲမွာလည္း လူး၀စ္ဗန္ဟားရဲ့နယ္သာလန္အသင္းနဲ့ အတူ အားလံုုးအံၾသသင့္သြားေအာင္လုုပ္ေဆာင္ျပခဲ့ၿပီး တတိယေနရာရခဲ့ပါတယ္။နယ္သာလန္အသင္းအတြက္ ၁၀၂ပြဲမွာ ဂိုုး၅၀သြင္းယူေပးခဲ့ၿပီး ကလပ္ကစားသမားဘ၀တစ္ေလ ွ်ာက္သြင္းဂိုုး၂၅၉  ဂိုုးအထိရယူထားခဲ့ပါတယ္။

RVP လိုု ့အတိုုေကာင္ေခၚတဲ့ ဗန္ပါစီဟာ ဖီယင္နုုအသင္းနဲ ့အတူ ဒက္ခ်္ဖလား၊ UEFA ဖလားနဲ ့အာဆင္နယ္အသင္းနဲ ့အတူ  FA ဖလားတိုု ့ကိုု ရယူနိုုင္ခဲ့ပါတယ္။ဒါ့အျပင္ ေဒးဗစ္မိုုယက္စ္လက္ထက္ယူႏိုုက္တက္အသင္းရဲ ့ကြန္ျမဴနတီဒိုုင္းရယူခဲ့မႈမွာလည္း ဗန္ပါစီဟာ အေရးပါအရာေရာက္တဲ့ကစားသမားတစ္ေယာက္ျဖစ္ခဲ့တယ္လိုု ့ဆိုုနိုုင္ပါတယ္။


ဒါပင္မယ့္လည္း ဒါဟာ ၾကြားလံုုးတစ္ခုလိုု ့ေျပာနိုုင္ပါတယ္။

(Unicode)



ရော်ဘင်ဗန်ပါစီဟာ ဒီရာသီကုန်နောက်ဆုံးရက်မှာကစားသမားဘဝကနေအနားယူတော့မယ်လို့ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ ဖီယင်နုအသင်းမှာ ၂၀၀၁ ကနေ ကစားသမားဘဝကိုစတင်ခဲ့တဲ့ တိုက်စစ်မှူးဟာ လက်ရှိသူ့အသင်းဟောင်းမှာပဲကစားနေရင်း သူ့ရဲ့ဘောလုံးသမားဘဝကို ချုပ်ငြိမ်းလိုက်တော့မှာပဲဖြစ်ပါတယ်။

ကစားသမားတိုင်းဟာသူတို့ရဲ့ကစားသမားဘဝတစ်လေ ျှာက်လုံး အမြင့်ဆုံးအနေအထားနဲ့မကစားနိုင်ကြပါဘူး။အကောင်းဆုံးသောအောင်မြင်မှုအတွက်ယှဉ်ပြိုင်ကြရင်း ကစားသမားဘဝရဲ့နေဝင်ချိန်ကို တဖြည်းဖြည်းနဲ့ရောက်ရှိလာခဲ့ကြပါတယ်။

အခုချိန်မှာ ဗန်ပါစီရဲ့အလှည့်ရောက်လာပါပြီ။ ဒက်ချ်(နယ်သာလန်) ဂန္တဝင်ကစားသမားဟာ အင်္ဂလန် နဲ့တူရကီကလပ်တွေမှာ လှည့်လည်ကစားနေရင်း သူ့ကစားသမားဘဝကိုစတင်မြေတောင်မြှောက်ပေးခဲ့တဲ့ ဖီယင်နုအသင်းမှာ လက်ရှိကစားပေးကာ ဒီရာသီကုန်မှာတော့ ကစားသမားဘဝကနေအနားယူတော့မယ်လို့ကြေငြာလိုက်ပါတယ်။

အသက်၃၅နှစ်အရွယ်ဗန်ပါစီရဲ့အကျော်ကြားဆုံးကာလတွေက တော့ ပရီးမီးယားလိပ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ဖြစ်ပြီး သူ့ရဲ့ပထမဆုံးပရီးမီးယားလိပ်ဖလားကို မန်ချက်စတာယူနိုက်တက်အသင်းမှာကစားရင်းရရှိခဲ့ကာ ကစားသမားဘ၀ အထွန်းတောက်ဆုံးအချိန်တစ်ခုကိုပိုင်ဆိုင်ခဲ့ပါတယ်။ အဆိုပါ ပရီးမီးယားလိပ်ဖလားကို ဗန်ပါစီတစ်ယောက်အသဲအသန်ရယူချင်နေခဲ့သော်လည်း အာဆင်နယ်အသင်းမှာနှစ်အတော်ကြာကစားပြီး ချန်ပီယံဖြစ်ဖို့ကံမစပ်ခဲ့တာကြောင့် ဆာအဲလက်စ်ဖာဂူဆန်ကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက်ကိုသွားကစားခဲ့ပြီးဖာဂီရဲ့နောက်ဆုံးကိုင်တွယ်တဲ့နှစ်မှာ သရဲနီအသင်းနဲ့အတူ ပရီးမီးယားလိပ်ဖလားကိုရယူခဲ့ပါတယ်။သူ့ရဲ့တစ်ရာသီအတွင်း သွင်းဂိုး၂၆ဂိုးက ယူနိုက်တက်ကို ချန်ပီယံဖြစ်စေဖို့ကောင်းကောင်းလုံလောက်ခဲ့ပြီး သူ့ရဲ့ပထမဆုံးဟတ်ထရစ်ကို အိုထရက်ဖို့ဒ်မှာကစားခဲ့တဲ့အက်စတွန်ဗီလာအသင်းနဲ့ပွဲမှာရယူခဲ့တာပဲဖြစ်ပါတယ်။

ဖီနာဘာချီအသင်းရဲ့တိုက်စစ်မှူးဖြစ်ခဲ့တဲ့ဗန်ပါစီဟာ နယ်သာလန်အသင်းနဲ့လည်းအောင်မြင်မှုတွေရယူနိုင်ခဲ့ပါသေးတယ်။ဗန်ပါစီဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ စပိန်အသင်းကို ဗိုလ်လုပွဲမှာရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာနဲ့ကျေနပ်ခဲ့ရပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း လူးဝစ်ဗန်ဟားရဲ့နယ်သာလန်အသင်းနဲ့ အတူ အားလုံးအံသြသင့်သွားအောင်လုပ်ဆောင်ပြခဲ့ပြီး တတိယနေရာရခဲ့ပါတယ်။နယ်သာလန်အသင်းအတွက် ၁၀၂ပွဲမှာ ဂိုး၅၀သွင်းယူပေးခဲ့ပြီး ကလပ်ကစားသမားဘဝတစ်လေ ျှာက်သွင်းဂိုး၂၅၉  ဂိုးအထိရယူထားခဲ့ပါတယ်။

RVP လို့အတိုကောင်ခေါ်တဲ့ ဗန်ပါစီဟာ ဖီယင်နုအသင်းနဲ့အတူ ဒက်ချ်ဖလား၊ UEFA ဖလားနဲ့အာဆင်နယ်အသင်းနဲ့အတူ  FA ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဒေးဗစ်မိုယက်စ်လက်ထက်ယူနိုက်တက်အသင်းရဲ့ကွန်မြူနတီဒိုင်းရယူခဲ့မှုမှာလည်း ဗန်ပါစီဟာ အရေးပါအရာရောက်တဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။


ဒါပင်မယ့်လည်း ဒါဟာ ကြွားလုံးတစ်ခုလို့ပြောနိုင်ပါတယ်။


No comments

Powered by Blogger.