မန္ခ်က္စတာယူႏိုုက္တက္၀-၁ဂ်ဴဗင္တပ္စ္ပြဲအၿပီးေနာက္ဆံုုးရသတင္းမ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူႏိုုက္တက္ေနာက္ခံလူေဟာင္းဖာဒီနန္ကပြဲအၿပီးမွာအခုုလိုုေျပာၾကားေ၀ဖန္လိုုက္ပါတယ္။ “ ၂သင္းၾကားအၾကီးမားဆံုုးကြာျခားခ်က္က ေဘာလံုုးကိုုင္ကစားတဲ့အေရအေသြးရယ္၊ေဘာလံုုးကိုုင္ကစားတဲ့အခ်ိန္တည္ျငိမ္ေနမႈရယ္၊ပြဲတစ္ပြဲကိုုဘယ္လိုုစီမံရမလဲနားလည္တာေတြရယ္ပါ။ဂ်ဳဗင္ဟာနိုုင္ပြဲနဲ့ထိုုက္တန္ပါတယ္။သူတိုု ့အသင္းဟာတကယ့္စူပါအသင္းပါပဲ။ ပြဲစဥ္တစ္ေလ ွ်ာက္သူတိုု ့ရဲ ့အရည္အေသြးကေန ပြဲကိုအေကာင္းဆံုုးထိန္းခ်ဳပ္ကစားသြားတာပဲျဖစ္ပါတယ္။”
ယူႏိုုက္တက္ကြင္းလယ္လူေဟာင္းေပါလ္စခိုုးလ္ကလည္းေ၀ဖန္ခဲ့ပါေသးတယ္။ “ ကေလးနဲ ့လူၾကီးကန္ေနသလိုုပါပဲ။ယူနိူက္တက္ဟာေမာ္ရင္ဟိုုလက္ေအာက္ ၃ရာသီေျမာက္ေရာက္ေနၿပီျဖစ္ေသာ္လည္း ယူႏိုုက္တက္ဟာဂ်ဳဗင္တပ္စ္ထက္တစ္ဆင့္နိမ့္ေနပါေသးတယ္။ဂ်ဴဗင္တပ္စ္အသင္းကိုု ခင္ဗ်ားတိုု ့ၾကည့္စမ္းပါ။ခ်န္ပီယံလိပ္ဖလားကိုရယူနိုုင္တဲ့အသင္းလိုုပဲ။ယူႏိုုက္တက္မွာေတာ့ေနရာတိုုင္းမွာတိုုးတက္မႈေတြအမ်ားၾကီးလိုုေနပါေသးတယ္။”
ယူႏိုုက္တက္နည္းျပေမာ္ရင္ဟိုုက အသင္းအတြက္ဂိုုးလည္းမသြင္းနိုုင္ အသင္းနဲ့ခ်ိတ္ဆက္မႈလည္းေကာင္းေကာင္းမလုုပ္နိုုင္တဲ့ တိုုက္စစ္မွဴးလူကာကူဘက္ကကာကြယ္ေျပာၾကားလိုုက္ပါတယ္။ “ ေ၀ဖန္စရာလံုုး၀အေၾကာင္းမရိွပါဘူး။ကစားသမားဟာ အသင္းအတြက္အရာရာေပးဆပ္လိုုတဲ့ ပရိုုကစားသမားတစ္ေယာက္လိုု ့ေကာင္းေကာင္းနားလည္ထားပါတယ္။ဒါပင္မယ့္သူ ့ရဲ ့လက္တေလာအေျခအေနကိုု မခ်ိဳမွိန္မွန္းကၽြန္ေတာ္လက္ခံရပါမယ္။သူ ့ေနရာ ရပ္ဖိုု ့ဒ္ကစားခိုုင္းတာလား? ေလာေလာဆယ္ကၽြန္ေတာ္တိုု ့ဆီမွာေတာင္ပံကစားသမားမရိွေသးလိုု ့ပါ။အဲ့ေတာ့ ခက္ခဲေနတာပါ။ဂိုုးမသြင္းနိုုင္လည္းလူကာကူအတြက္ျပႆနာမဟတုုတ္ပါဘူး။သူ ့မွာေဘာလံုုးအတိုု ့ေတြ၊ ေရြ ့လ်ားမႈေတြ၊ယံုုၾကည္မႈေတြရိွေနပါတယ္။အသင္းနဲ့သူေကာင္းေကာင္းမခ်ိတ္ဆက္နိုုင္ခဲ့ပါဘူး။ကၽြန္ေတာ္တိုု ့ရဲ ့တိုုက္စစ္မွဴးဟာတကယ္ေကာင္းတဲ့တိုုက္စစ္မွဴးလိုု ့ကၽြန္ေတာ္တိုု ့အားလံုုးယံုုၾကည္ပါတယ္။တစ္ေန ့မွာ သူ ့အတြက္ဂိုုးေတြလာပါလိမ့္မယ္။ဘာလိုု ့လဲဆိုုေတာ့ သူဟာအလုုပ္အရမ္းၾကိဳးစားတဲ့ပရိုုေကာင္ေလးမိုု ့လုုိ ့ပါ။”
ဂ်ဴဗင္တပ္စ္နည္းျပအယ္ရီဂရီက ပြဲအၿပီး မွာ အခုလိုုေျပာၾကားခဲ့ပါတယ္။ “ ကၽြန္ေတာ့္အသင္းရဲ ့စြမ္းေဆာင္ရည္နဲ ့ပတ္သတ္ၿပီးေက်နပ္ပါတယ္။နိုုင္ပြဲနဲ ့ထိုုက္တန္ပါတယ္။မန္ဇူကစ္မပါေတာ့ အထဲထိ၀င္ကစားမယ့္သူမရိွလိုု ့ပါ။ပထမပိုုင္းမွာ ပြဲရဲ ့Tempo ကိုု ထိန္းထားနိုုင္ခဲ့တယ္။ဂိုုးေတြထပ္ရဖိုု ့အခြင့္အေရးမ်ားစြာဖန္တီးနိုုင္ခဲ့တယ္။ပြဲၿပီးခါနီးက်မွ ကၽြန္ေတာ္တိုု ့ေပးပိုု ့မႈအမွားေတြက်ဴးလြန္ခဲ့ပါတယ္။ကၽြန္ေတာ္တိုု ့ဒီလိုုအမွားေတြက်ဴးလြန္ေနတုန္းပါပဲ။ဒါပင္မယ့္အသင္းနဲ ့ကလပ္အၾကား မွာတိုုးတက္မႈျဖစ္စဥ္ေတြမ်ားစြာရိွေနပါတယ္။” လိုု ့ေျပာၾကားခဲ့ပါတယ္။
“ ပထမပိုုင္းမွာကၽြန္ေတာ္တိုု ့ေတြသူတိုု ့အသင္းကိုု အရမ္းေတြေလးစားတာမ်ားသြားပါတယ္။သူတိုု ့ကိုုအလြန္လြယ္ကူေအာင္ကစားေစဖိုု ့ခြင့္ျပဳလိုုက္ရပါတယ္။ဒုုတိယပိုုင္းမွာ ကၽြန္ေတာ္တိုု ့ေတြတျခားပြဲေတြလိုု တြန္းအားေပးကစားနိုုင္ခဲ့ပါတယ္။ဒီေန ့ပြဲမွာကၽြန္ေတာ္တိုု ့ေတြ ရွင္းလင္းအခြင့္အေရးဖန္တီးေပးနုုိင္မႈေတြမလုုပ္နိုုင္ခဲ့ပါဘူး။သူတိုု ့ဟာ ပထမပိုုင္းမွာေဘာလံုုးကိုု အခ်ိန္ၾကာၾကီးပိုုင္ဆိုုင္ထားပါတယ္။ကၽြန္ေတာ္တိုု ့ေတြပိုုၿပီးဖိအားေပးကစားသင့္ပါတယ္။ပိုုၿပီး အတင္းလိုုက္ကစားသင့္ပါတယ္။ဒါေၾကာင့္ကၽြန္ေတာ္တိုု ့ေတြဂိုုးေပးလိုုက္ရတာပါ။” လိုု ့ယူႏိုုက္တက္ေနာက္ခံလူလုုခ္ေရွာက အဆိုုပါပြဲနဲ ့ပတ္သတ္ၿပီးစိတ္မေကာင္းျဖစ္စြာေျပာၾကားခဲ့ပါတယ္။
ဂ်ဴဗင္တပ္္စ္ေနာက္ခံလူခ်ီလီနီက သူတိုု ့အသင္းဟာ ယူႏိုုက္တက္အသင္းထက္ အစစအရာရာသာလြန္ခဲ့တဲ့အတြက္ ပြင့္ပြင့္လင္းလင္းေျပာရရင္ ၁-၀ နဲ ့ပဲနိုုင္လိုုက္တာကိုု ေနာင္တရမိတယ္လိုု ့ပြဲအၿပီးမွာေျပာၾကားခဲ့ပါတယ္။
ယူႏိုုက္တက္ေနာက္ခံလူလင္ဒီေလာ့ဖ္က “ ကၽြန္ေတာ္တိုု ့အသင္းဟာဒုုတိယပိုုင္းက်ရင္အေကာင္းဆံုုးကစားနိုုင္တယ္။ပထမပိုုင္းအစမွာ သိပ္မကစားနိုုင္ပါဘူး။ကၽြန္ေတာ္တိုု ့အသင္းဟာ အရံႈးထက္ေတာ့ပိုုထိုုက္တန္မႈရိွတယ္လို ့ထင္ပါတယ္။ကၽြန္ေတာ္တိုု ့အသင္းဟာ ပြဲကိုု ေကာင္းေကာင္းစတင္ကစားသင့္တယ္။“လိုု ့ေျပာၾကားလိုုက္ပါတယ္။
မေန ့ညကယူႏိုုက္တက္အသင္းအတြက္ေျခစြမ္းျပကစားခဲ့တဲ့ ေပါ့ဘာဟာ ပြဲအၿပီးမွာေတာ့ သူ ့ရဲ ့အသင္းေဟာင္းဂ်ဴဗင္တပ္စ္အသင္းေဖာ္ေတြနဲ ့ဓာတ္ပံုုအတူရိုုက္ခဲ့တယ္လိုု ့သိရပါတယ္။
(Unicode)
မန်ချက်စတာယူနိုက်တက်ဝ-၁ဂျူဗင်တပ်စ်ပွဲအပြီးနောက်ဆုံးရသတင်းများ
ယူနိုက်တက်နောက်ခံလူဟောင်းဖာဒီနန်ကပွဲအပြီးမှာအခုလိုပြောကြားဝေဖန်လိုက်ပါတယ်။ “ ၂သင်းကြားအကြီးမားဆုံးကွာခြားချက်က ဘောလုံးကိုင်ကစားတဲ့အရေအသွေးရယ်၊ဘောလုံးကိုင်ကစားတဲ့အချိန်တည်ငြိမ်နေမှုရယ်၊ပွဲတစ်ပွဲကိုဘယ်လိုစီမံရမလဲနားလည်တာတွေရယ်ပါ။ဂျုဗင်ဟာနိုင်ပွဲနဲ့ထိုက်တန်ပါတယ်။သူတို့အသင်းဟာတကယ့်စူပါအသင်းပါပဲ။ ပွဲစဉ်တစ်လေ ျှာက်သူတို့ရဲ့အရည်အသွေးကနေ ပွဲကိုအကောင်းဆုံးထိန်းချုပ်ကစားသွားတာပဲဖြစ်ပါတယ်။”
ယူနိုက်တက်ကွင်းလယ်လူဟောင်းပေါလ်စခိုးလ်ကလည်းဝေဖန်ခဲ့ပါသေးတယ်။ “ ကလေးနဲ့လူကြီးကန်နေသလိုပါပဲ။ယူနိူက်တက်ဟာမော်ရင်ဟိုလက်အောက် ၃ရာသီမြောက်ရောက်နေပြီဖြစ်သော်လည်း ယူနိုက်တက်ဟာဂျုဗင်တပ်စ်ထက်တစ်ဆင့်နိမ့်နေပါသေးတယ်။ဂျူဗင်တပ်စ်အသင်းကို ခင်ဗျားတို့ကြည့်စမ်းပါ။ချန်ပီယံလိပ်ဖလားကိုရယူနိုင်တဲ့အသင်းလိုပဲ။ယူနိုက်တက်မှာတော့နေရာတိုင်းမှာတိုးတက်မှုတွေအများကြီးလိုနေပါသေးတယ်။”
ယူနိုက်တက်နည်းပြမော်ရင်ဟိုက အသင်းအတွက်ဂိုးလည်းမသွင်းနိုင် အသင်းနဲ့ချိတ်ဆက်မှုလည်းကောင်းကောင်းမလုပ်နိုင်တဲ့ တိုက်စစ်မှူးလူကာကူဘက်ကကာကွယ်ပြောကြားလိုက်ပါတယ်။ “ ဝေဖန်စရာလုံးဝအကြောင်းမရှိပါဘူး။ကစားသမားဟာ အသင်းအတွက်အရာရာပေးဆပ်လိုတဲ့ ပရိုကစားသမားတစ်ယောက်လို့ကောင်းကောင်းနားလည်ထားပါတယ်။ဒါပင်မယ့်သူ့ရဲ့လက်တလောအခြေအနေကို မချိုမှိန်မှန်းကျွန်တော်လက်ခံရပါမယ်။သူ့နေရာ ရပ်ဖို့ဒ်ကစားခိုင်းတာလား? လောလောဆယ်ကျွန်တော်တို့ဆီမှာတောင်ပံကစားသမားမရှိသေးလို့ပါ။အဲ့တော့ ခက်ခဲနေတာပါ။ဂိုးမသွင်းနိုင်လည်းလူကာကူအတွက်ပြဿနာမဟတုတ်ပါဘူး။သူ့မှာဘောလုံးအတို့တွေ၊ ရွေ့လျားမှုတွေ၊ယုံကြည်မှုတွေရှိနေပါတယ်။အသင်းနဲ့သူကောင်းကောင်းမချိတ်ဆက်နိုင်ခဲ့ပါဘူး။ကျွန်တော်တို့ရဲ့တိုက်စစ်မှူးဟာတကယ်ကောင်းတဲ့တိုက်စစ်မှူးလို့ကျွန်တော်တို့အားလုံးယုံကြည်ပါတယ်။တစ်နေ့မှာ သူ့အတွက်ဂိုးတွေလာပါလိမ့်မယ်။ဘာလို့လဲဆိုတော့ သူဟာအလုပ်အရမ်းကြိုးစားတဲ့ပရိုကောင်လေးမို့လို့ပါ။”
ဂျူဗင်တပ်စ်နည်းပြအယ်ရီဂရီက ပွဲအပြီး မှာ အခုလိုပြောကြားခဲ့ပါတယ်။ “ ကျွန်တော့်အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီးကျေနပ်ပါတယ်။နိုင်ပွဲနဲ့ထိုက်တန်ပါတယ်။မန်ဇူကစ်မပါတော့ အထဲထိဝင်ကစားမယ့်သူမရှိလို့ပါ။ပထမပိုင်းမှာ ပွဲရဲ့Tempo ကို ထိန်းထားနိုင်ခဲ့တယ်။ဂိုးတွေထပ်ရဖို့အခွင့်အရေးများစွာဖန်တီးနိုင်ခဲ့တယ်။ပွဲပြီးခါနီးကျမှ ကျွန်တော်တို့ပေးပို့မှုအမှားတွေကျူးလွန်ခဲ့ပါတယ်။ကျွန်တော်တို့ဒီလိုအမှားတွေကျူးလွန်နေတုန်းပါပဲ။ဒါပင်မယ့်အသင်းနဲ့ကလပ်အကြား မှာတိုးတက်မှုဖြစ်စဉ်တွေများစွာရှိနေပါတယ်။” လို့ပြောကြားခဲ့ပါတယ်။
“ ပထမပိုင်းမှာကျွန်တော်တို့တွေသူတို့အသင်းကို အရမ်းတွေလေးစားတာများသွားပါတယ်။သူတို့ကိုအလွန်လွယ်ကူအောင်ကစားစေဖို့ခွင့်ပြုလိုက်ရပါတယ်။ဒုတိယပိုင်းမှာ ကျွန်တော်တို့တွေတခြားပွဲတွေလို တွန်းအားပေးကစားနိုင်ခဲ့ပါတယ်။ဒီနေ့ပွဲမှာကျွန်တော်တို့တွေ ရှင်းလင်းအခွင့်အရေးဖန်တီးပေးနိုင်မှုတွေမလုပ်နိုင်ခဲ့ပါဘူး။သူတို့ဟာ ပထမပိုင်းမှာဘောလုံးကို အချိန်ကြာကြီးပိုင်ဆိုင်ထားပါတယ်။ကျွန်တော်တို့တွေပိုပြီးဖိအားပေးကစားသင့်ပါတယ်။ပိုပြီး အတင်းလိုက်ကစားသင့်ပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေဂိုးပေးလိုက်ရတာပါ။” လို့ယူနိုက်တက်နောက်ခံလူလုခ်ရှောက အဆိုပါပွဲနဲ့ပတ်သတ်ပြီးစိတ်မကောင်းဖြစ်စွာပြောကြားခဲ့ပါတယ်။
ဂျူဗင်တပ်စ်နောက်ခံလူချီလီနီက သူတို့အသင်းဟာ ယူနိုက်တက်အသင်းထက် အစစအရာရာသာလွန်ခဲ့တဲ့အတွက် ပွင့်ပွင့်လင်းလင်းပြောရရင် ၁-၀ နဲ့ပဲနိုင်လိုက်တာကို နောင်တရမိတယ်လို့ပွဲအပြီးမှာပြောကြားခဲ့ပါတယ်။
ယူနိုက်တက်နောက်ခံလူလင်ဒီလော့ဖ်က “ ကျွန်တော်တို့အသင်းဟာဒုတိယပိုင်းကျရင်အကောင်းဆုံးကစားနိုင်တယ်။ပထမပိုင်းအစမှာ သိပ်မကစားနိုင်ပါဘူး။ကျွန်တော်တို့အသင်းဟာ အရှုံးထက်တော့ပိုထိုက်တန်မှုရှိတယ်လို့ထင်ပါတယ်။ကျွန်တော်တို့အသင်းဟာ ပွဲကို ကောင်းကောင်းစတင်ကစားသင့်တယ်။“လို့ပြောကြားလိုက်ပါတယ်။
မနေ့ညကယူနိုက်တက်အသင်းအတွက်ခြေစွမ်းပြကစားခဲ့တဲ့ ပေါ့ဘာဟာ ပွဲအပြီးမှာတော့ သူ့ရဲ့အသင်းဟောင်းဂျူဗင်တပ်စ်အသင်းဖော်တွေနဲ့ဓာတ်ပုံအတူရိုက်ခဲ့တယ်လို့သိရပါတယ်။
Post a Comment