Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လာမယ့်ဇန်နဝါရီမှာဘောလုံးလောကထဲပြန်လာတော့မယ့်အာဆင်ဝင်းဂါး
အာဆင်နယ်အသင်းရဲ့ဂန္တဝင်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက သူဟာကမ္ဘာ့အနှံအပြားက ကမ်းလှမ်းမှုတွေရရှိထားပြီး ကလပ်အသင်းကိုကိုင်တွယ်ရမလား နိုင်ငံအသင်းကိုကိုင်တွယ်ရမလားမသိသေးသော်လည်း လာမယ့်ဇန်နဝါရီမှာနည်းပြအလုပ်ပြန်လည်လုပ်ကိုင်တော့မယ်လို့ဆိုလိုက်ပါတယ်။
အာဆင်ဝင်းဂါးဟာ သူအာဆင်နယ်အသင်းကို ၁၉၉၆ ခုနှစ်မှာစတင်မကိုင်တွယ်ခင် ဂျပန်နိုင်ငံမှာနည်းပြခဲ့ဖူးတာဖြစ်ပြီး အခုချိန်မှာလည်း သူဟာဂျပန်နိုင်ငံကိုသွားနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပင်မယ့်လည်းဝင်းဂါးက ဘိုင်ယန်မြူးနစ်အသင်းကိုကိုင်တွယ်နိုင်တယ်ဆိုတဲ့အကြောင်းကို ပယ်ချခဲ့ပြီး ကလပ်အနေနဲ့အထုတ်ပယ်ခံရဖို့နီးစပ်နေတဲ့ နည်းပြနီကို ကိုဗက်စ်ကို ဆက်ထိန်းထားသင့်တယ်လို့ပြောကြားခဲ့ပါသေးတယ်။
“ ဟုတ်ကဲ့ အဲ့လိုဖြစ်လာနိုင်ပါတယ်။” လို့ဝင်းဂါးက မန်နေဂျာလောကကို ပြန်လာနိုင်လာဆိုတဲ့မေးခွန်းအပေါ် Sport Bild အားဖြေကြားခဲ့ပါတယ်။“ ဇန်နဝါရီ ၁ရက်နေ့မှာ ကျွန်တော် ပြန်လည်စတင်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ကျွန်တော်ဘယ်ကိုသွားရမလဲတော့အခုထိမသိသေးပါဘူး။ကျွန်တော်အနားယူနေပါတယ်။ကျွန်တော့်အလုပ်သစ်အတွက်အဆင်သင့်ပါပဲ။” 
ဒါပင်မယ့်လည်း ဝင်းဂါးက ကလပ်အသင်းကို ကိုင်တွယ်ဖို့တော့ ၁၀၀% မသေချာဘူးလို့ပြောကြားခဲ့ပါသေးတယ်။ “ နိုင်ငံအသင်းတွေနဲ့ချိတ်ဆက်မှုရှိထားပါတယ်။ ဂျပန်မှာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အာဆင်နယ်မှာ ၂၂နှစ်ကြာခဲ့တဲ့အချိန်တွေအတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်ဟာ ကွဲပြားခြားနားတဲ့နေရာတွေမှာ အတွေ့အကြုံတွေများစွားရှိပါတယ်။ကမ္ဘာ အနှံအပြားကစုံစမ်းကမ်းလှမ်းမှုတွေ ရရှိထားပါတယ်။”
ဝင်းဂါးက သူ့ရဲ့တပည့်ကျော် အိုဇေးလ်ရဲ့နိုင်ငံအသင်းနဲ့ဖြစ်ခဲ့တဲ့ ကိစ္စအပေါ်ဒါဟာ သူ့အနာဂတ်အတွက် ဆိုးရွားသွားနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။အိုလ်ဇေးလ်ဟာ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲပြီးထဲက ဂျာမနီအသင်းအတွက်မကစားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အိုဇေးလ်ဟာ ဂျာမနီအသင်းရဲ့အုပ်စုအဆင့်လှည့်ပြန်ရမှုအပေါ် သူ့အားဝေဖန်လှောင်ပြောင်အပြစ်တင်ခံခဲ့တာကြောင့်ရယ် တူရကီသမ္မတ Recep Tayyip Erdogan နဲ့ ပြိုင်ပွဲမတိုင်ခင် ဓာတ်ပုံအတူတွဲရိုက်ခဲ့တာကြောင့် ဂျာမနီပရိတ်သတ်များရဲ့ဝေဖန်အပြစ်တင်ခြင်းကို လှိမ့်ခံခဲ့ရတာပဲဖြစ်ပါတယ်။
“ သူ ဂျာမနီအသင်းနဲ့ရပ်တန့်နှုတ်ဆက်ခဲ့တဲ့အပေါ်ကျွန်တော်တော့မကြိုက်ဘူးဗျာ။ ဘာလို့လဲဆိုတော့ ဂျာမန်သားတွေက သူရယူပေးခဲ့တာတွေနဲ့ပတ်သတ်ပြီး လေးစားမှုရှိပါတယ်။ကမ္ဘာ့ဖလားပွဲတွေ၊ယူရိုပွဲတွေ အတွက် စိတ်ဓာတ်တက်ကြွမှုတွေနဲနဲလေးပျောက်ဆုံးသွားပြီဆိုရင် မင်းလည်းသိပါတယ်။အဲ့ပွဲတွေအတွက် အဆင်သင့်ဖြစ်နေစရာမလိုတော့ပါဘူး။ တက်နိုင်သမ ျှကောင်းအောင်ကြိုးစားတဲ့ ကစားသမားတွေကိုကျွန်တော်ကြိုက်ပါတယ်။သူနိုင်ငံအဆင့်မှာမကစားဘူးဆိုရင်တော့သူ့မှာဆုံးရှုံးတွေအနည်းငယ်ရှိသွားနိုင်ပါတယ်။”
အသက် ၆၈နှစ်အရွယ်အာဆင်ဝင်းဂါးက ဘောလုံးလောကရဲ့အစဉ်အလာတွေပြောင်းလဲလာမှုအပေါ် နှမြောတသသဖြစ်နေရှာပါတယ်။အထူးသဖြင့် ဒီခေတ်ကစားသမားတွေဟာကလပ်ထက်ကိုယ်ပိုင်ပရိတ်သတ်များလာဖို့ကြိုးစားနေကြတဲ့အချက်ပါပဲ။“ လွန်ခဲ့တဲ့နှစ်၂၀ က ကစားသမားတွေဟာ အသင်းအတွက်သာကစားပေးကြတာပါ။ဒီဘက်ခေတ်ရောက်တော့ ကလပ်အသင်းဟာ ကစားသမားတွေအတွက်အရာအားလုံးဖြည့်ဆည်းပေးထားတယ်။အရင်တုန်းကဆိုရင် ကစားသမားတစ်ယောက်ကောင်းကောင်းမကစားနိုင်ရင်အပြစ်ရှိသလိုခံစားရပါတယ်။ဒီဘက်ခေတ်လည်းရောက်ရော ကလပ်အသင်းကအပြစ်ရှိသလိုခံစားရပြီး ကစားသမားတွေအတွက်ဘာလုပ်ပေးရမလဲဘာတွေပိုလုပ်ပေးရမလဲလိုက်တောင်းပန်နေရသလိုဖြစ်နေပါတယ်။” လို့ဝင်းဂါးက ရှင်းပြထောက်ပြခဲ့ပါတယ်။
No comments
Powered by Blogger.