Header Ads





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။


ရီးရဲလ်မက်ဒရစ်အသင်း ကြယ်ပွင့်ကစားသမား က အလာဗက်စ်အသင်းနှင့်ပွဲစဉ်မှာအဆိုပါဒဏ်ရာရရှိခဲ့ပြီး လာမည့်အဂါင်္နေ့မှာ အိုင်ယာလန်အသင်းနှင့်ကစားမည့်ပွဲမှာပါဝင်ဖို့လည်း ၅၀/၅၀သာရှိနေပါတယ် လို့သတင်းများကဖော်ပြထားပါတယ်။









(Unicode)



စပိန်အသင်းနဲ့ပွဲမှာ ဂရတ်ဘေးတစ်ယောက်ပါဝင်မှာမဟုတ်ဘူးလို့နည်းပြရိုင်ယန်ဂစ်ပြောကြားလိုက်ပါတယ်။

ဝေးလ်အသင်းနည်းပြ ရိုင်ယန်ဂစ်က ကြာသပတေး နေ့မှာယှဉ်ပြိုင်ကစားမည်စပိန်အသင်းနှင့်ပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်မှုး ဂါရတ်ဘေးလ် ကြွက်သားအားနည်းတဲ့ဒဏ်ရာကြောင့် မပါဝင်နိုင်တော့ဘူးလို့ မီဒီယာနှင့်တွေဆုံစဉ်မှာပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်း ကြယ်ပွင့်ကစားသမား က အလာဗက်စ်အသင်းနှင့်ပွဲစဉ်မှာအဆိုပါဒဏ်ရာရရှိခဲ့ပြီး လာမည့်အဂါၤနေ့မှာ အိုင်ယာလန်အသင်းနှင့်ကစားမည့်ပွဲမှာပါဝင်ဖို့လည်း ၅၀/၅၀သာရှိနေပါတယ် လို့သတင်းများကဖော်ပြထားပါတယ်။

"ဒါကစိုးရိမ်ရတဲ့အခြေအနေမဟုတ်ပါဘူး။သူအတွက် လာမည့်အင်္ဂါနေ့မှာကစားမည့်ပွဲအတွက် အခွင့်အရေးရှိနိုင်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့ဒါကိုတစ်ရက်လောက်တော့စောင့်ကြည့်ရဦးမယ်"လို့ရိုင်ယန်ဂစ်က ဆိုပါတယ်။

"ကျွန်တော်တို့တွေသူကိုဒဏ်ရာတွေနှင့်ဝေးကွာစေချင်ပါတယ်ဒဏ်ရာတွေနဲ့မလိုချင်မိပါဘူး။ကျွန်တော်တို့တွေ အခုစိတ်မှန်းနဲ့ပဲ အိုင်ယာလန်အသင်းနှင့်ပွဲအတွက်ပြင်ဆင်နေရပါတယ်"

စပိန်အသင်းနည်းပြ Luis Enriqueနှင့်ပတ်သက်ပြီး ရိုင်ယန်ဂစ်က အနည်းငယ်ပြောကြားခဲ့ပါတယ်။"သူကိုတော့တကယ်သဘောကျတယ်ဗျ သူအသင်းရဲ့နောက်ဆုံးနှစ်ပွဲဖြစ်တဲ့ အင်္ဂလန်အသင်းနှင့်ခရိုအေးရှားအသင်းတို့ပွဲစဉ်မှာ ကောင်းမွန်တဲ့ရလဒ်တွေရရှိထားတယ်လေ။သူအသင်းနဲ့ကစားမည့် ချစ်ကြည်ရေးပွဲကစားဖို့အတွက်ကောင်းကောင်းပြင်ဆင်ထားပါတယ်"

"မနက်ဖြန်ကျွန်တော်တို့အနိုင်ရလဒ်လိုချင်ပါတယ်။ဒါပေမယ့်အင်္ဂါနေ့ပွဲကိုတော့ပိုပြီးသေချာတဲ့ အနိုင်၃မှတ်လိုချင်မိတယ်။

"ဒါကခက်ခဲ့ပါတယ်ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး အသင်းတွေနဲ့ကစားရမယ်ဆိုတော့ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။
Luis Enriqueက ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးပါ"လို့ရိုင်ယန်ဂစ်က ဆိုပါတယ်။

No comments

Powered by Blogger.