အသက္၃၀ေက်ာ္ၿပီးေနာက္ပိုုင္းလူသားတစ္ေယာက္မဟုတ္ေတာ့ေၾကာင္းသက္ေသျပေနတဲ့ရိုုနယ္ဒိုုရဲ ့စံခ်ိန္မ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခရစ္စတီယာနိုုရိုုနယ္ဒိုုဟာ သာမန္လူသားကစားသမားတစ္ေယာက္ျဖစ္တယ္ဆိုုတာကေတာ့ ကၽြန္ေတာ္တုုိ ့ေတြသိပ္မယံုုၾကည္ရဲေတာ့ပါဘူး။ဘာလိုု ့လဲဆိုုေတာ့ သူ ့အသက္၃၀ျပည့္ၿပီးေနာက္ပိုုင္း သူ ့ရဲ့ဂိုုးသြင္းစံခ်ိန္ေတြဟာေၾကာက္ခမန္းလီလီ အံၾသစရာ၊မယံုုနိုုင္စရာပါပဲ။အခုုခ်ိန္မွာသူဟာ အသက္၃၃ႏွစ္အရြယ္ရိွေနၿပီး သန္မာၾကံ ့ခိုုင္ေနတုုန္းပါပဲ။သူဟာ ဂ်ဴဗင္တပ္စ္အသင္းကိုုေျပာင္းေရႊ ့ခဲ့ၿပီး ရီးရဲလ္အသင္းမွာထဲကမွတ္တမ္းတင္ထားတဲ့သူ ့ရဲ ့ဂိုးသြင္းသူရဲေကာင္းမွတ္တမ္းေတြကိုုဆက္လက္စိုုက္ထူထားလ်က္ရိွေနပါတယ္။
အခ်က္အလက္ေတြအရ အသက္ ၃၀ေက်ာ္ထဲက ရိုနယ္ဒိုုဟာ ကလပ္အသင္းအတြက္ေရာနိုုင္ငံအသင္းအတြက္ပါ ၂၂၇ပြဲကစားခဲ့ၿပီး အထင္ၾကီးေလးစားစရာေကာင္းတဲ့ သြင္းဂိုး ၂၀၃ ဂိုးကိုသြင္းယူေပးထားပါတယ္။
၂၀၁၅-၁၆ ရာသီမွာ ၅၁ဂိုုး၊ ၂၀၁၆-၁၇ရာသီမွာ ၄၂ ဂိုးနဲ ့ရီးရဲလ္မက္ဒရစ္အသင္းရဲ ့ေနာက္ဆံုုးရာသီမွာ ၄၄ဂိုုးအထိသြင္းယူေပးထားနိုုင္ခဲ့ပါတယ္။ဒါ့အျပင္ ၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲမွာလည္း ေပၚတူဂီအသင္းအတြက္ ၄ဂိုုးသြင္းယူေပးခဲ့ၿပီး စပိန္နဲ ့ပြဲမွာဟတ္ထရစ္သြင္းယူနိုုင္ခဲ့တာေတြကိုုျမင္ေတြ ့ခဲ့ၾကပါတယ္။
ဒါ့အျပင္ ရိုုနယ္ဒိုုကိုု ၾကည့္ရတာ ရုုပ္ပိုုင္းဆိုုင္ရာေရာ စြမ္းေဆာင္ရည္ပိုုင္းပါတျဖည္းျဖည္းက်ဆင္းသြားေနတဲ့လကၡဏတစ္ခုုမွမေတြ ့ရပါဘူး။ရိုုနယ္ဒိုုဟာ အသက္၂၃ နွစ္အရြယ္ကစားသမားရဲ ့ၾကံ ့ခိုုင္မႈအတိုုင္းရိွေနပါေသးတယ္။
“ အခုုကစၿပီး ကၽြန္ေတာ္ဟာ အသက္၂၃နွစ္အရြယ္ ကိုုယ္ခႏၱာအခ်ိဳးအစားအတိုုင္းရိွေနပါတယ္။ဒါေၾကာင့္ခရီးဆက္ဖိုု ့အခ်ိန္ေတြအမ်ားၾကီးက်န္ေနပါေသးတယ္။အသက္၄၁ နွစ္မတိုုင္ခင္အထိကၽြန္ေတာ္ကစားနိုုင္ပါေသးတယ္။ကၽြန္ေတာ္ေပ်ာ္တယ္။ေကာင္းေကာင္းခံစားေနရတယ္။ကၽြန္ေတာ္ေစာဒကမတက္နိုုင္ပါဘူး။” လိုု ့ရိုုနယ္ဒိုုက ေျပာခဲ့ပါတယ္။
၄၁ႏွစ္အထိလား?? ဂိုုးေပါက္ေရွ ့မွာရိုုနယ္ဒိုုတစ္ေယာက္ဂိုုးရဖိုု ့ရုုန္းကန္လႈပ္ရွားေနတာကိုု ေနာက္ထပ္၈နွစ္ေလာက္ျမင္ေတြ ့ခြင့္ရပါဦးမယ္။
ခင္ဗ်ားမွာ အဆီပါ၀င္မႈ၇% ေလာက္သာရိွရင္အဲ့ဒါဟာခင္ဗ်ားကိုု တစ္စံုုတစ္ရာကူညီမႈေပးလိမ့္မယ္လိုု ့ကၽြန္ေတာ္ျမင္ပါတယ္။
ဒါဟာရိုုနယ္ဒိုု ရဲ ့ကိုုယ္ခႏၱာမွာ အဆီ၇%သာ ရိွေၾကာင္းသူကိုုယ္တိုုင္၀န္ခံေျပာၾကားခဲ့တဲ့စကားပါ။အျခားကစားသမားေတြနဲ ့ခင္ဗ်ားယွဥ္ၾကည့္မယ္ဆိုရင္ အဆီပါ၀င္မႈနႈန္းက ၁၀ ဒါမွမဟုုတ္ ၁၁ % ေလာက္၀န္းက်င္ရိွေနတတ္ပါတယ္လိုု ့စပိန္သတင္းဌာန AS က ေဖာ္ျပခဲ့ဖူးပါတယ္။ရိုုနယ္ဒိုုဟာ ၾကြက္သားပါ၀င္မႈနႈန္း ၅၀%အထိရိွေနၿပီး အျခားေဘာလံုုးသမားေတြဟာ ၄၆% ထက္ေက်ာ္ေအာင္ ၾကြက္သားကိုုမတည္ေဆာက္နိုုင္ပါဘူး။
သူဟာ အရင္ကေလာက္မျမန္ေတာ့ေသာ္လည္း ေဘာ္လြန္ဒီေအာ္၅ၾကိမ္ဆုုရကစားသမားဟာ ေျခလမ္းေတြအျမန္လွမ္းနိုုင္ပါေသးတယ္။၂၀၁၇ AS သတင္းစာမွာေဖာ္ျပခ်က္အရ ရိုုနယ္ဒိုုရဲ ့အျမင့္ဆံုုးအျမန္ဆံုုးေျပးႏႈန္းဟာ တစ္နာရီကိုု ၃၃.၂၅ ကီလိုုမီတာအထိ ရိွပါတယ္။မန္စီးတီးရဲ ့အေျပးဘုုရင္လီယိုုရီဆာေနးနဲ ့ႏိႈင္းယွဥ္ၾကည့္မယ္ဆိုုရင္ေတာ့ အဆိုုပါဂ်ာမန္သားေလးဟာ တစ္နာရီကိုု ၃၅.၄၈ ကီလိုုမီ တာအထိေျပးနိုုင္ၿပီး ပရီးမီးယားလိပ္ရဲ ့အျမန္ဆံုုးကစားသမားတစ္ေယာက္ျဖစ္လိုု ့ေနပါတယ္။
(Unicode)
အသက်၃၀ကျော်ပြီးနောက်ပိုင်းလူသားတစ်ယောက်မဟုတ်တော့ကြောင်းသက်သေပြနေတဲ့ရိုနယ်ဒိုရဲ့စံချိန်များ
ခရစ်စတီယာနိုရိုနယ်ဒိုဟာ သာမန်လူသားကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကတော့ ကျွန်တော်တို့တွေသိပ်မယုံကြည်ရဲတော့ပါဘူး။ဘာလို့လဲဆိုတော့ သူ့အသက်၃၀ပြည့်ပြီးနောက်ပိုင်း သူ့ရဲ့ဂိုးသွင်းစံချိန်တွေဟာကြောက်ခမန်းလီလီ အံသြစရာ၊မယုံနိုင်စရာပါပဲ။အခုချိန်မှာသူဟာ အသက်၃၃နှစ်အရွယ်ရှိနေပြီး သန်မာကြံ့ခိုင်နေတုန်းပါပဲ။သူဟာ ဂျူဗင်တပ်စ်အသင်းကိုပြောင်းရွှေ့ခဲ့ပြီး ရီးရဲလ်အသင်းမှာထဲကမှတ်တမ်းတင်ထားတဲ့သူ့ရဲ့ဂိုးသွင်းသူရဲကောင်းမှတ်တမ်းတွေကိုဆက်လက်စိုက်ထူထားလျက်ရှိနေပါတယ်။
အချက်အလက်တွေအရ အသက် ၃၀ကျော်ထဲက ရိုနယ်ဒိုဟာ ကလပ်အသင်းအတွက်ရောနိုင်ငံအသင်းအတွက်ပါ ၂၂၇ပွဲကစားခဲ့ပြီး အထင်ကြီးလေးစားစရာကောင်းတဲ့ သွင်းဂိုး ၂၀၃ ဂိုးကိုသွင်းယူပေးထားပါတယ်။
၂၀၁၅-၁၆ ရာသီမှာ ၅၁ဂိုး၊ ၂၀၁၆-၁၇ရာသီမှာ ၄၂ ဂိုးနဲ့ရီးရဲလ်မက်ဒရစ်အသင်းရဲ့နောက်ဆုံးရာသီမှာ ၄၄ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ဒါ့အပြင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပေါ်တူဂီအသင်းအတွက် ၄ဂိုးသွင်းယူပေးခဲ့ပြီး စပိန်နဲ့ပွဲမှာဟတ်ထရစ်သွင်းယူနိုင်ခဲ့တာတွေကိုမြင်တွေ့ခဲ့ကြပါတယ်။
ဒါ့အပြင် ရိုနယ်ဒိုကို ကြည့်ရတာ ရုပ်ပိုင်းဆိုင်ရာရော စွမ်းဆောင်ရည်ပိုင်းပါတဖြည်းဖြည်းကျဆင်းသွားနေတဲ့လက္ခဏတစ်ခုမှမတွေ့ရပါဘူး။ရိုနယ်ဒိုဟာ အသက်၂၃ နှစ်အရွယ်ကစားသမားရဲ့ကြံ့ခိုင်မှုအတိုင်းရှိနေပါသေးတယ်။
“ အခုကစပြီး ကျွန်တော်ဟာ အသက်၂၃နှစ်အရွယ် ကိုယ်ခန္တာအချိုးအစားအတိုင်းရှိနေပါတယ်။ဒါကြောင့်ခရီးဆက်ဖို့အချိန်တွေအများကြီးကျန်နေပါသေးတယ်။အသက်၄၁ နှစ်မတိုင်ခင်အထိကျွန်တော်ကစားနိုင်ပါသေးတယ်။ကျွန်တော်ပျော်တယ်။ကောင်းကောင်းခံစားနေရတယ်။ကျွန်တော်စောဒကမတက်နိုင်ပါဘူး။” လို့ရိုနယ်ဒိုက ပြောခဲ့ပါတယ်။
၄၁နှစ်အထိလား?? ဂိုးပေါက်ရှေ့မှာရိုနယ်ဒိုတစ်ယောက်ဂိုးရဖို့ရုန်းကန်လှုပ်ရှားနေတာကို နောက်ထပ်၈နှစ်လောက်မြင်တွေ့ခွင့်ရပါဦးမယ်။
ခင်ဗျားမှာ အဆီပါဝင်မှု၇% လောက်သာရှိရင်အဲ့ဒါဟာခင်ဗျားကို တစ်စုံတစ်ရာကူညီမှုပေးလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်။
ဒါဟာရိုနယ်ဒို ရဲ့ကိုယ်ခန္တာမှာ အဆီ၇%သာ ရှိကြောင်းသူကိုယ်တိုင်ဝန်ခံပြောကြားခဲ့တဲ့စကားပါ။အခြားကစားသမားတွေနဲ့ခင်ဗျားယှဉ်ကြည့်မယ်ဆိုရင် အဆီပါဝင်မှုနှုန်းက ၁၀ ဒါမှမဟုတ် ၁၁ % လောက်ဝန်းကျင်ရှိနေတတ်ပါတယ်လို့စပိန်သတင်းဌာန AS က ဖော်ပြခဲ့ဖူးပါတယ်။ရိုနယ်ဒိုဟာ ကြွက်သားပါဝင်မှုနှုန်း ၅၀%အထိရှိနေပြီး အခြားဘောလုံးသမားတွေဟာ ၄၆% ထက်ကျော်အောင် ကြွက်သားကိုမတည်ဆောက်နိုင်ပါဘူး။
သူဟာ အရင်ကလောက်မမြန်တော့သော်လည်း ဘော်လွန်ဒီအော်၅ကြိမ်ဆုရကစားသမားဟာ ခြေလမ်းတွေအမြန်လှမ်းနိုင်ပါသေးတယ်။၂၀၁၇ AS သတင်းစာမှာဖော်ပြချက်အရ ရိုနယ်ဒိုရဲ့အမြင့်ဆုံးအမြန်ဆုံးပြေးနှုန်းဟာ တစ်နာရီကို ၃၃.၂၅ ကီလိုမီတာအထိ ရှိပါတယ်။မန်စီးတီးရဲ့အပြေးဘုရင်လီယိုရီဆာနေးနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ အဆိုပါဂျာမန်သားလေးဟာ တစ်နာရီကို ၃၅.၄၈ ကီလိုမီ တာအထိပြေးနိုင်ပြီး ပရီးမီးယားလိပ်ရဲ့အမြန်ဆုံးကစားသမားတစ်ယောက်ဖြစ်လို့နေပါတယ်။
Post a Comment