Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပေါ့ဘာက လက်ရှိအချိန် အသင်းအတွက်ပြိုင်ပွဲအရပ်ရပ်မှာဂိုး၎ဂိုးသွင်းယူပေးထားပြီး ပရီးမီးယားလိဂ် ဂိုး ၂ဂိုးသွင်းလည်းသွင်းယူပေးထားပါတယ်။
(Unicode)
ပေါ့ဘာဟာ အပြောင်းအရွှေ့ဈေးကွက်မှာရှိနေမှာမဟုတ်ပဲယူနိုက်တက်မှာဆက်ရှိနေမယ်လို့ပြောကြားလိုက်တဲ့အေးဂျင့်ရာရီရိုလာ
ယူနိုက်တက်အသင်းကွင်းလယ်ကစားသမားပေါ့ဘာ က လက်ရှိအပြောင်းအရွေဈေးကွက်ပေါ်မှာမရှိပါဘူး လို့သူရဲ့အေးဂျင့် ရာရီရိုလာက ကပြောကြားခဲ့တယ်လို့သတငိးများကဖော်ပြထားပါတယ်။ပေါ့ဘာရဲ့လက်ရှိအနေထားက နူးညံ့ပြီးထိလွယ်ရှလွယ်အနေအထားတစ်ခုပါလို့ဆိုပါတယ်။
ပေါ့ဘာရဲ့အနာဂတ်က အိုးထရက်ဖို့ဒ်မှာ မရေမရာမသေချာတဲ့အနေအထားဖြစ်နေပြီး အဓိက ကတော့ နည်းပြမော်ရင်ဟိုနှင့် ပြသာနာအကြီးအကျယ်ဖြစ်ပွားထားတာကြောင့်ဖြစ်ပါတယ်။
ကမ္ဘာဖလားချန်ပီယံပေါ့ဘာဟာ နည်းပြမော်ရင်ဟိုနှင့်ပြီးခဲ့တဲ့အပတ်က လေ့ကျင့်ရေးကွင်းမှာ ဆက်ဆံရေးအနေအထားအရ စိမ်းစိမ်းကားကား ဖြစ်နေတဲ့ပုံတွေ ကိုသတင်းမီဒီယာ ကြားမှာပလူပြန်နေခဲ့ပြီးပေါ့ဘာကို ဒုတိယအသင်းခေါင်းဆောင်နေရာကလည်းဖယ်ရှားခဲ့ပါသေးတယ်။
ဒါအပြင် ပေါ့ဘာကို ဗလင်စီယာအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်အပြီး မီဒီယာနှင့်တွေ့ဆုံစကားပြောဆိုမှုတွေကိုလည်းပိတ်ပင်ခြင်းခံထားရပါတယ်။ နည်းပြမော်ရင်ဟိုက ပေါ့ဘာနှင့်ပတ်သက်ပြီး မှတ်ချက်တော်တော်များကိုဖုံးကွယ်ထားပါတယ်။
လာလီဂါချန်ပီယံ ဘာစီလိုနာအသင်း နှင့်အသင်းဟောင်း ဂျူဗင်တပ်စ် အသင်းက ပေါ့ဘာကိုပြန်လည်ခေါ်ယူဖို့အတွက် သူရဲ့အေးဂျင်း ရာရီရိုလာကို နားပူနားဆာလုပ် နေခဲ့သော်လည်း ရာရီရိုလာက တော့ အကုန်လုံးကိုငြင်းဆန်ထားပါတယ်။
"ကျွန်တော် သူအကြောင်းပြောဖို့ အတွက်မလုပ်ချင်ဘူးဗျ"လို့ ရာရီရိုလာက Rai Sportကိုပြောကြားခဲ့ပါတယ်။"လက်ရှိသူအနေအထားက ထိလွယ်ရှလွယ်အနေအထားနဲ့ရှေ့ဆက်နေရတာပါ။ဒါပေမယ့် သူကိုဈေးကွက်မှာတော့ မတင်ထားပါဘူး"
ပေါ့ဘာက လက်ရှိအချိန် အသင်းအတွက်ပြိုင်ပွဲအရပ်ရပ်မှာဂိုး၄ဂိုးသွင်းယူပေးထားပြီး ပရီးမီးယားလိဂ် ဂိုး ၂ဂိုးသွင်းလည်းသွင်းယူပေးထားပါတယ်။
Post a Comment