ေဘာ္လြန္ဒီေအာ္ဆုုအတြက္ပရိတ္သတ္မဲေပးေထာက္ခံမႈ၅၃%အထိရထားတဲ့ဆာလာ

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးအသင္းနဲ ့အီဂ်စ္တိုုက္စစ္ကသမား မိုုဟာမက္ဆာလာဟာ အခုအခ်ိန္မွာေတာ့ မနွစ္ရာသီက ေျခစြမ္းေတြေၾကာင့္တစ္ကမာၻလံုုး ကေစာင့္ၾကည့္ေနၾကတဲ့ ကစားသမားျဖစ္လာလိုု ့ေနပါတယ္။ သူဟာ တကယ္ေရာ ၂၀၁၈ ေဘာ္လြန္ဒီေအာ္ဆုုအတြက္ ထိုု္က္တန္မႈရိွရဲ ့လား?
အသက္ ၂၆ နွစ္အရြယ္ ဆာလာဟာ မနွစ္ရာသီ ပရီးမီးယားလိပ္ ၃၈ပြဲမွာ တစ္ရာသီအတြင္း ဂိုုးအမ်ားဆံုုးသြင္းယူတဲ့ ကစားသမားအျဖစ္စံခ်ိန္ခ်ိဳးခဲ့ဲၿပီး သူ ့ရဲ ့ၿပိဳင္ဘက္ ေတာ့တင္ဟမ္တိုုက္စစ္မွဴး ဟာရီကိန္းကိုုေက်ာ္ျဖတ္ကာ လီဗာပူးအသင္းအတြက္ ပရီးမီးယားလိပ္မွာ ၃၈ ဂိုုးအထိသြင္းယူေပးခဲ့ပါတယ္။
သူဟာ PFA တစ္ႏွစ္တာအေကာင္းဆံုုးကစားသမားဆုု၊ FWA တစ္ႏွစ္တာအေကာင္းဆံုုးကစားသမားဆုု၊ အာဖရိကန္ တစ္ႏွစ္တာအေကာင္းဆံုုးကစားသမားဆုု၊ BBC အာဖရိကန္ တစ္ႏွစ္တာအေကာင္းဆံုုးကစားသမားဆုု၊ PFA ရဲ ့အေကာင္းဆံုုးအသင္းဆုု၊ လီဗာပူးလ္ပရိတ္သတ္ေတြရဲ ့တစ္ႏွစ္တာအေကာင္းဆံုုးကစားသမားဆုု၊ လီဗာပူးလ္ကစားသမားေတြရဲ ့တစ္ႏွစ္တာအေကာင္းဆံုုးကစားသမားဆုု နဲ ့ပရီးမီးယားလိပ္ရဲ ့တစ္ႏွစ္တာအေကာင္းဆံုုးကစားသမားဆုု ကိုု ရရိွထားပါတယ္။


မႏွစ္ရာသီက ဆာလာအတြက္ေတာ့ အံမခန္းႏွစ္ျဖစ္ခဲ့ၿပီး ပရိတ္သတ္ေထာင္ေသာင္းမက က ဆာလာဟာ ၂၀၁၈ ေဘာ္လြန္ဒီေအာ္ဆုုကိုု ရသင့္တယ္လိုု ့ထင္ထင္ရွားရွားယံုုၾကည္ေနပါတယ္။
ျပင္သစ္ေဘာလံုုး ၀က္ဘ္ဆိုုဒ္ကိုု ပရိတ္သတ္မ်ားရဲ ့မဲေပးမႈအရ ဆာလာဟာ ေထာက္ခံမႈမဲေပါင္း ၅၃% အထိရခဲ့ၿပီး သူ ့ရဲ ့ေနာက္မွာ မက္ဆီက ၂၈% သာရရိွထားပါတယ္။ ပရိတ္သတ္ ၂၂၀,၀၀၀ က အဆိုုပါ မဲေပးမႈမွာပါ၀င္ခဲ့ၾကၿပီး အံၾသသင့္စရာေကာင္းတဲ့အခ်က္ကေတာ့ ရီးရဲလ္နဲ ့ခ်န္ပီယံလိပ္ဆြတ္ခူးခဲ့တဲ့ ရိုုနယ္ဒိုုဟာ ၅% သာရရိွခဲ့ပါတယ္။
ဒါ့အျပင္ လူး၀စ္ဆြာရက္ဇ္၊ ရာမိုု ့စ္၊ ကန္တီ နဲ ့ဟာဇက္တုုိ ့ဟာ ပရိတ္သတ္ေတြမဲေပးထားျခင္းမရိွေသးသလိုု လတ္တေလာ FIFA အေကာင္းဆံုုးဆုုကိုု ပူပူေႏြးေႏြးရထားတဲ့ လူကာမိုုဒရစ္ေတာင္ ပရိတ္သတ္ေတြရဲ ့မဲေပးမႈ ၂% သာရရိွထားပါတယ္။
ခ်ဲလ္ဆီးစတားဟာဇက္ကိုု ေမးျမန္းခဲ့ရာမွာေတာ့
“ ဒီဆုုဟာ မက္ဆီ ဒါမွမဟုုတ္ ရိုုနယ္ဒိုုအတြက္ပါ။ အဲ့လိုု ေရးသားၿပီးသားပါ။” လိုု ့ Marca ကေန တစ္ဆင့္ေျပာၾကားခဲ့ပါတယ္။
“ ကၽြန္ေတာ္မွတ္မိေသးတယ္။ ရီဘာရီတစ္ေယာက္ တစ္ႏွစ္လံုုးအရာရာအားလံုုးအႏိုုင္ယူျပခဲ့တုန္းကေပါ့။ ဒါပင္မယ့္ ဒီဆုေတာ့သူမရရွာခဲ့ဘူး။”
ၿပီးခဲ့တဲ့ ေမလကိုု ျပန္ၾကည့္မယ္ဆိုုရင္ေတာ့ ဆာလာရဲ ့အျမင့္ဆံုုးပံုုစံကိုု ျမင္ေတြ ့နိုုင္ၿပီး ဒီဆုုကိုု ရဖိုု ့ေရပန္းစားလ်က္ရိွေနပါတယ္။
ေဘာ္လြန္ဒီေအာ္ဆုုဟာ ဆာလာနဲ ့ထိုုက္တန္ရဲ ့လားပရိတ္သတ္ၾကီး???
(Unicode)
လီဗာပူးအသင်းနဲ့အီဂျစ်တိုက်စစ်ကသမား မိုဟာမက်ဆာလာဟာ အခုအချိန်မှာတော့ မနှစ်ရာသီက ခြေစွမ်းတွေကြောင့်တစ်ကမ္ဘာလုံး ကစောင့်ကြည့်နေကြတဲ့ ကစားသမားဖြစ်လာလို့နေပါတယ်။ သူဟာ တကယ်ရော ၂၀၁၈ ဘော်လွန်ဒီအော်ဆုအတွက် ထိုက်တန်မှုရှိရဲ့လား?
အသက် ၂၆ နှစ်အရွယ် ဆာလာဟာ မနှစ်ရာသီ ပရီးမီးယားလိပ် ၃၈ပွဲမှာ တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူတဲ့ ကစားသမားအဖြစ်စံချိန်ချိုးခဲ့ဲပြီး သူ့ရဲ့ပြိုင်ဘက် တော့တင်ဟမ်တိုက်စစ်မှူး ဟာရီကိန်းကိုကျော်ဖြတ်ကာ လီဗာပူးအသင်းအတွက် ပရီးမီးယားလိပ်မှာ ၃၈ ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။
သူဟာ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ FWA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ အာဖရိကန် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ BBC အာဖရိကန် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ PFA ရဲ့အကောင်းဆုံးအသင်းဆု၊ လီဗာပူးလ်ပရိတ်သတ်တွေရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ လီဗာပူးလ်ကစားသမားတွေရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု နဲ့ပရီးမီးယားလိပ်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ကို ရရှိထားပါတယ်။
မနှစ်ရာသီက ဆာလာအတွက်တော့ အံမခန်းနှစ်ဖြစ်ခဲ့ပြီး ပရိတ်သတ်ထောင်သောင်းမက က ဆာလာဟာ ၂၀၁၈ ဘော်လွန်ဒီအော်ဆုကို ရသင့်တယ်လို့ထင်ထင်ရှားရှားယုံကြည်နေပါတယ်။
ပြင်သစ်ဘောလုံး ဝက်ဘ်ဆိုဒ်ကို ပရိတ်သတ်များရဲ့မဲပေးမှုအရ ဆာလာဟာ ထောက်ခံမှုမဲပေါင်း ၅၃% အထိရခဲ့ပြီး သူ့ရဲ့နောက်မှာ မက်ဆီက ၂၈% သာရရှိထားပါတယ်။ ပရိတ်သတ် ၂၂၀,၀၀၀ က အဆိုပါ မဲပေးမှုမှာပါဝင်ခဲ့ကြပြီး အံသြသင့်စရာကောင်းတဲ့အချက်ကတော့ ရီးရဲလ်နဲ့ချန်ပီယံလိပ်ဆွတ်ခူးခဲ့တဲ့ ရိုနယ်ဒိုဟာ ၅% သာရရှိခဲ့ပါတယ်။
ဒါ့အပြင် လူးဝစ်ဆွာရက်ဇ်၊ ရာမို့စ်၊ ကန်တီ နဲ့ဟာဇက်တို့ဟာ ပရိတ်သတ်တွေမဲပေးထားခြင်းမရှိသေးသလို လတ်တလော FIFA အကောင်းဆုံးဆုကို ပူပူနွေးနွေးရထားတဲ့ လူကာမိုဒရစ်တောင် ပရိတ်သတ်တွေရဲ့မဲပေးမှု ၂% သာရရှိထားပါတယ်။
ချဲလ်ဆီးစတားဟာဇက်ကို မေးမြန်းခဲ့ရာမှာတော့
“ ဒီဆုဟာ မက်ဆီ ဒါမှမဟုတ် ရိုနယ်ဒိုအတွက်ပါ။ အဲ့လို ရေးသားပြီးသားပါ။” လို့ Marca ကနေ တစ်ဆင့်ပြောကြားခဲ့ပါတယ်။
“ ကျွန်တော်မှတ်မိသေးတယ်။ ရီဘာရီတစ်ယောက် တစ်နှစ်လုံးအရာရာအားလုံးအနိုင်ယူပြခဲ့တုန်းကပေါ့။ ဒါပင်မယ့် ဒီဆုတော့သူမရရှာခဲ့ဘူး။”
ပြီးခဲ့တဲ့ မေလကို ပြန်ကြည့်မယ်ဆိုရင်တော့ ဆာလာရဲ့အမြင့်ဆုံးပုံစံကို မြင်တွေ့နိုင်ပြီး ဒီဆုကို ရဖို့ရေပန်းစားလျက်ရှိနေပါတယ်။
ဘော်လွန်ဒီအော်ဆုဟာ ဆာလာနဲ့ထိုက်တန်ရဲ့လားပရိတ်သတ်ကြီး???
Post a Comment