Header Ads


မက္ဆီဟာနတ္ဘုရားတစ္ပါးမဟုတ္ဖူးလိုု ့ဆိုလိုုက္တဲ့မာရာဒိုနာ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
 မက္ဆီသည္ အာဂ်င္တီးနားအတြက္သာမန္ေခါင္းေဆာင္တစ္ဦးသာျဖစ္ျပီး နိုင္ငံအသင္းရဲ႕ပရိတ္သတ္ေတြကိုလည္း သူ႔အေပၚ  ျဂိဳလ္သား လို႔ေခၚေနတာေတြရပ္ဖို႕ မာရာဒိုနာကတိုက္တြန္းခဲ့ပါတယ္။



မက္ဆီကေတာ့အာဂ်င္အသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူတိုက္ပြဲဝင္ခဲ့တဲ့ 2018 world cupမွာအေရာင္မွိန္ခဲ့တာေျကာင့္ လက္ေရြးစင္ကစားသမားဘဝမွ ခတၲ အနားယူေနတာျဖစ္ပါတယ္။ဒီျပိဳင္ပြဲမွာ အာဂ်င္တီးနားဟာ အုပ္စုတြင္းနိုင္ပြဲတစ္ပြဲသာရွိခဲ့ျပီး ရံႈးထြက္အဆင့္မွာေတာ့ ျပင္သစ္ကိုအေရးနိမ့္ခဲ့တာေျကာင့္ အိမ္ျပန္ေစာခဲ့ရပါတယ္။ဒါေျကာင့္ နည္းျပဆမ္ပါအိုလီကို ရာထူးကထုတ္ပယ္ခဲ့ျပီး  လီယြန္နယ္ စကယ္လိုနီကို အစားထိုးခန္႔အပ္ခဲ့ပါတယ္။မာရာဒိုနာက'' မက္ဆီဟာ ခမ္းနားတဲ့ကစားသမားတစ္ေယာက္ျဖစ္ေပမယ့္ ေခါင္းေဆာင္ေကာင္းတစ္ေယာက္မဟုတ္ပါဘူး။ေခါင္းေဆာင္ေကာင္းျဖစ္ခ်င္ရင္နည္းျပ ,ကစားသမားေတြနဲ႕စကားမေျပာခင္ playstation ဂိမ္းကို ကစားျကည့္သင့္တယ္။ စီေရာ္နယ္ဒိုနဲ႕မက္ဆီဟာ ဒီဘက္ေခတ္အေကာင္းဆံုးကစားသမားေတြျဖစ္ေပမယ့္ ေခါင္းေဆာင္နိုင္စြမ္းေတာ့မတူပါဘူး။ ပြဲစခါနီး အဝတ္လဲခန္းထဲမွာ ေခါင္းေဆာင္မႈအရည္ေသြးကိုျပသဖို႔ မက္ဆီတစ္ေယာက္အျမဲတြန္႔ဆုတ္ေနသလိုပါပဲ''လို႔ သူ႔အျမင္ကို ဖြင့္ဟခဲ့ပါတယ္။



မာရာဒိုနာဟာ  ၂၀၀၈နဲ႕၂၀၁၀ေတြမွာ အာဂ်င္ရဲ႕မန္ေနဂ်ာျဖစ္ခဲ့ဖူးျပီး သူ႔အသင္းသားျဖစ္ခဲ့တဲ့မက္ဆီအေပၚ အခုလိုမွတ္ခ်က္ျပဳခဲ့ပါတယ္။''အျခားနည္းမရွိပါဘူး။မက္ဆီကလည္းအာဂ်င္တီးနားရဲ႕ အသင္းသားတစ္ေယာက္သာျဖစ္လို႔ ျဂိဳလ္သားလို႔အမႊန္းတင္ေနတာ ရပ္သင့္ပါျပီ။သူ႔ရဲ႕အေကာင္းဆံုးပံုစံကိုရဖို႔ ဖိအားေတြထပ္မေပးပဲ အသင္းေခါင္းေဆာင္ရာထူးကအနားေပးထားသင့္ပါတယ္။သူဘယ္လိုကစားနိုင္လဲ က်ေနာ္ေကာင္းေကာင္းသိပါတယ္''လို႔အဆံုးသတ္ေျပာသြားခဲ့ပါတယ္။ 



လက္ရွိနည္းျပ စကယ္လိုနီကေတာ့''အနာဂတ္မွာ မက္ဆီဟာ အာဂ်င္အတြက္ထပ္မံေပးဆပ္အံုးမယ္လို႔ေမ်ွာ္လင့္ပါတယ္။ကမၻာ့အေကာင္းဆံုးကစားသမားတစ္ေယာက္မပါရွိျခင္း က အသင္းအတြက္ပိုခက္ခဲေစပါတယ္''လို႕မွတ္ခ်က္ျပဳသြားခဲ့ပါတယ္။မက္ဆီဟာအာဂ်င္တီးနားအတြက္ ၆၅ဂိုးအထိသြင္းထားျပီး အသင္းသမိုင္းဂိုးအမ်ားဆံုးသြင္းထာသူလည္းျဖစ္ပါတယ္။

(Unicode)

မက်ဆီဟာနတ်ဘုရားတစ်ပါးမဟုတ်ဖူးလို့ဆိုလိုက်တဲ့မာရာဒိုနာ

 မက်ဆီသည် အာဂျင်တီးနားအတွက်သာမန်ခေါင်းဆောင်တစ်ဦးသာဖြစ်ပြီး နိုင်ငံအသင်းရဲ့ပရိတ်သတ်တွေကိုလည်း သူ့အပေါ်  ဂြိုလ်သား လို့ခေါ်နေတာတွေရပ်ဖို့ မာရာဒိုနာကတိုက်တွန်းခဲ့ပါတယ်။

မက်ဆီကတော့အာဂျင်အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူတိုက်ပွဲဝင်ခဲ့တဲ့ 2018 world cupမှာအရောင်မှိန်ခဲ့တာကြောင့် လက်ရွေးစင်ကစားသမားဘဝမှ ခတ္တ အနားယူနေတာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာ အာဂျင်တီးနားဟာ အုပ်စုတွင်းနိုင်ပွဲတစ်ပွဲသာရှိခဲ့ပြီး ရှုံးထွက်အဆင့်မှာတော့ ပြင်သစ်ကိုအရေးနိမ့်ခဲ့တာကြောင့် အိမ်ပြန်စောခဲ့ရပါတယ်။ဒါကြောင့် နည်းပြဆမ်ပါအိုလီကို ရာထူးကထုတ်ပယ်ခဲ့ပြီး  လီယွန်နယ် စကယ်လိုနီကို အစားထိုးခန့်အပ်ခဲ့ပါတယ်။မာရာဒိုနာက'' မက်ဆီဟာ ခမ်းနားတဲ့ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်မဟုတ်ပါဘူး။ခေါင်းဆောင်ကောင်းဖြစ်ချင်ရင်နည်းပြ ,ကစားသမားတွေနဲ့စကားမပြောခင် playstation ဂိမ်းကို ကစားကြည့်သင့်တယ်။ စီရော်နယ်ဒိုနဲ့မက်ဆီဟာ ဒီဘက်ခေတ်အကောင်းဆုံးကစားသမားတွေဖြစ်ပေမယ့် ခေါင်းဆောင်နိုင်စွမ်းတော့မတူပါဘူး။ ပွဲစခါနီး အဝတ်လဲခန်းထဲမှာ ခေါင်းဆောင်မှုအရည်သွေးကိုပြသဖို့ မက်ဆီတစ်ယောက်အမြဲတွန့်ဆုတ်နေသလိုပါပဲ''လို့ သူ့အမြင်ကို ဖွင့်ဟခဲ့ပါတယ်။

မာရာဒိုနာဟာ  ၂၀၀၈နဲ့၂၀၁၀တွေမှာ အာဂျင်ရဲ့မန်နေဂျာဖြစ်ခဲ့ဖူးပြီး သူ့အသင်းသားဖြစ်ခဲ့တဲ့မက်ဆီအပေါ် အခုလိုမှတ်ချက်ပြုခဲ့ပါတယ်။''အခြားနည်းမရှိပါဘူး။မက်ဆီကလည်းအာဂျင်တီးနားရဲ့ အသင်းသားတစ်ယောက်သာဖြစ်လို့ ဂြိုလ်သားလို့အမွှန်းတင်နေတာ ရပ်သင့်ပါပြီ။သူ့ရဲ့အကောင်းဆုံးပုံစံကိုရဖို့ ဖိအားတွေထပ်မပေးပဲ အသင်းခေါင်းဆောင်ရာထူးကအနားပေးထားသင့်ပါတယ်။သူဘယ်လိုကစားနိုင်လဲ ကျနော်ကောင်းကောင်းသိပါတယ်''လို့အဆုံးသတ်ပြောသွားခဲ့ပါတယ်။ 

လက်ရှိနည်းပြ စကယ်လိုနီကတော့''အနာဂတ်မှာ မက်ဆီဟာ အာဂျင်အတွက်ထပ်မံပေးဆပ်အုံးမယ်လို့မျှော်လင့်ပါတယ်။ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်မပါရှိခြင်း က အသင်းအတွက်ပိုခက်ခဲစေပါတယ်''လို့မှတ်ချက်ပြုသွားခဲ့ပါတယ်။မက်ဆီဟာအာဂျင်တီးနားအတွက် ၆၅ဂိုးအထိသွင်းထားပြီး အသင်းသမိုင်းဂိုးအများဆုံးသွင်းထာသူလည်းဖြစ်ပါတယ်။

No comments

Powered by Blogger.