Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အသက်၂၃ နှစ်အရွယ်ကစားသမားရဲ့ လက်ရှိစာချုပ်ဟာ နှစ်သက်တမ်းသာ ကျန်ရှိတော့သာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း အီတီဟဒ်ကနေထွက်ခွာဖို့ ပွင့်ပွင့်လင်းလင်းပြောကြားထားဖူးတာလည်းဖြစ်ပါတယ်။
(Unicode)
မန်စီးတီးနဲ့စတာလင်တို့ရဲ့စာချုပ်သက်တမ်းအခြေအနေကို စောင့်ကြည့်နေတဲ့ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်စီးတီးမှာစာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ရာဟမ်စတာလင်ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိနေပါတယ်။
အသက်၂၃ နှစ်အရွယ်ကစားသမားရဲ့လက်ရှိစာချုပ်ဟာ ၂နှစ်သက်တမ်းသာ ကျန်ရှိတော့သာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း အီတီဟဒ်ကနေထွက်ခွာဖို့ပွင့်ပွင့်လင်းလင်းပြောကြားထားဖူးတာလည်းဖြစ်ပါတယ်။
“ နိုင်ငံခြားကို ထွက်ကစားမယ်ဆိုရင်တော့မိုက်တာပေါ့။” လို့စတာလင် မနှစ်က ပြောခဲ့ဖူးပါတယ်။“ အတွေ့အကြုံကောင်းတွေ ရရှိမှာပေါ့။ စပိန်ဟာ စွမ်းဆောင်မှုရှိပါတယ်။ပြီးတော့ ဘယ်နေရာမဆို ရာသီဥတုကလည်း စွန်းလန်းတယ်။”
ESPN ရဲ့အဆိုအရ  စတာလင်ရော မန်စီးတီးအသင်း ၂ဘက်စလုံးကပါ စာချုပ်သစ်ချုပ်ဆိုလိုနေကြပါတယ်။ သို့သော်လည်း ရီးရဲလ်မက်ဒရစ်အသင်းက အဆိုပါကစားသမား လာရောက်ကစားချင်မယ့်အခွင့်အရေးကို လမ်းဖွင့်ပေးထားတယ်လို့သိရပါတယ်။
စတာလင်ဟာ ၂၀၁၅ ခုနှစ်က လီဗာပူးလ်အသင်းကနေ ပေါင် ၄၉ သန်းဖြင့် ၅နှစ်စာချုပ်ချုပ်ဆိုကာ ရောက်ရှိလာခဲ့တဲ့တိုက်စစ်ကစားသမားလည်းဖြစ်ပါတယ်။အသင်းဖော်တွေဖြစ်ကြတဲ့ ဒီဘရိုင်း၊အဂူရို တို့ဟာ မနှစ်ရာသီက စာချုပ်သစ်ချုပ်ဆိုထားပြီးဖြစ်သော်လည်း အင်္ဂလန်လက်ရွေးစင်ကစားသမားအတွက် စာချုပ်သက်တမ်းတိုးမယ့်ကိစ္စက အရိပ်အယောင်သာ မပြသေးပါဘူး။
စီးတီးဘော့စ် ပတ်ဂွာဒီယိုလာကတော့သူ့ကစားသမားနဲ့ပတ်သတ်ပြီး  ပြီးခဲ့တဲ့ သြဂတ်စ်လက လေးလေးနက်နက်ပြောကြားခဲ့ဖူးပါတယ်။ ကလပ်အသင်းဟာ သူ့ကို အကောင်းဆုံးထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။
“ ကျွန်တော်တို့စတာလင်နဲ့ပတ်သတ်ပြီး အလွန်ကျေနပ်ပါတယ်။သူ့ကိုဆက်ရှိစေချင်ပါတယ်။” လို့ဒီနှစ်နွေရာသီမှာ ဂွာဒီယိုလာကပြောခဲ့တာပါ။
“ ကျွန်တော်တို့သူ့ကို အဖိုးတန်တယ်လို့ခံစားမိစေအောင်အားထုတ်မှာပါ။ သူ့ကို တန်ဖိုးရှိတယ်လို့ကျွန်တော်တို့လုပ်ဆောင်မှာပါ။ကျွန်တော်တို့ခက်ခဲတဲ့ရာသီ(ပြီးခဲ့တဲ့ ၂နှစ်) ကို ဖြတ်သန်းလာခဲ့ပြီးပါပြီ။သူ့ကိုကူညီချင်တယ်လို့ကျွန်တော်ပြောခဲ့ပါတယ်။သူ့ကို ပျော်ရွှင်စေချင်ပါတယ်။
“အဆုံးသတ်မှာတော့ တကယ်ဖြစ်မှာမဟုတ်တဲ့ သဘောတူညီချက်တွေကို အေးဂျင့်တွေက လုပ်မှာမဟုတ်တော့ပါဘူး။ ဒါပင်မယ့် သူရော၊ သူ့အေးဂျင့်ရော ကျွန်တော်တို့သူ့ကို အရမ်းလိုချင်နေမှန်းသိသွားပါတယ်။”
ကလပ်ကတော့ ကစားသမား နဲ့စာချုပ်သက်တမ်းတိုးဖို့လုံးဝမလုပ်ဆောင်ရသေးပါဘူး။စီးတီးအသင်းဟာ စတာလင်တစ်ယောက် စာချုပ်သက်တမ်းတိုးမယ့်ကိစ္စငြင်းပယ်လိုက်မှာကို ခွင့်ပြုလိုက်မှာလား? လာလီဂါဘီလူးအသင်းကတော့ စာချုုပ်သက်တမ်းတိုးဖို့နှောင့်နှေးတဲ့စတာလင်ကို ဖြတ်ခုတ်ဖွယ်ရှိနေပါတယ်။
No comments
Powered by Blogger.