အင်္ဂါနေ့ နံနက်ပိုင်းနောက်ဆုံးရဟော့အဖြစ်ဆုံးဘောလုံးသတင်းတိုများ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စပိန်၂-၃ အင်္ဂလန်အသင်းတို့ ရဲ့ ပြွဲ့ပီ ၀ီစီမှုတ်တဲ့အချိန်မှာကွင်းလယ်ဒိုင်လူကြီးဆီဘောလုံးနဲ့ ပစ်ပေါက်ခဲ့တဲ့ စပိန်ကွင်းလယ်လူ ဘက်စ်ကွက်စ်က အဆိုပါဖြစ်ရပ်အတွက်သူတောင်းပန်ပါတယ်လို့ ပြောကြားခဲ့ပြီး ဒါဟာပွဲအတွင်းစိတ်ခံစားမှုကြောင့်ပါလို့ ဆိုလိုက်ပါတယ်။
(Unicode)
မနေ့ညက ကစားခဲ့ကြတဲ့ စပိန် ၂-၃ အင်္ဂလန်ပွဲမှာ အင်္ဂလန်အသင်းအတွက် ၂ဂိုးထိသွင်းယူပေးခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမားစတာလင်က သူဒီလိုအင်္ဂလန်အသင်းကိုဂိုးသွင်းပေးရတာဟာ လှပတဲ့ စိတ်ခံစားမှုကိုဖြစ်ပေါ်စေတယ်လို့ပြောကြားလိုက်ပါတယ်။
စပိန်၂-၃ အင်္ဂလန်အသင်းတို့ရဲ့ပွဲြ့ပီ ဝီစီမှုတ်တဲ့အချိန်မှာကွင်းလယ်ဒိုင်လူကြီးဆီဘောလုံးနဲ့ပစ်ပေါက်ခဲ့တဲ့ စပိန်ကွင်းလယ်လူ ဘက်စ်ကွက်စ်က အဆိုပါဖြစ်ရပ်အတွက်သူတောင်းပန်ပါတယ်လို့ပြောကြားခဲ့ပြီး ဒါဟာပွဲအတွင်းစိတ်ခံစားမှုကြောင့်ပါလို့ဆိုလိုက်ပါတယ်။
စပါးအသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့မလုပ်ဆောင်ချင်တော့တဲ့နောက်ခံလူအန်ဒါဝီးယာဒ်ကို ဘာစီလိုနာအသင်းက ယူနိုက်တက်အသင်းနဲ့အပြိုင်ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းသိရပါတယ်။
PSG တောင်ပံကစားသမား ဒီမာရီယာဟာ လာမယ့်နွေရာသီမှာ အသင်းကနေထွက်ခွာဖို့ရှိနေပြီး အင်္ဂလန်ပရီးမီးယားလိပ်ကလပ်များဆီ ပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။
Rai Sport ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ ဘာစီလိုနာအသင်းဆီပြောင်းရွှေ့ဖို့အခြေခံစည်းမျဉ်းတွေအရသဘောတူညီချက်ရရှိထားတယ်လို့ပေါ့ဘာအေးဂျင့်ရိုင်အိုလာက ပြောကြားထားတယ်လို့သိရပါတယ်။
နံရိုးထိခိုက်ဒဏ်ရာရရှိထားတဲ့ နယ်သာလန်အသင်းနဲ့လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်စ်ဟာ ဒဏ်ရာကနေပြန်လည်သက်သာလာပြီဖြစ်တာကြောင့်လီဗာပူးလ်အသင်းအတွက် ရောယနေ့ကစားမယ့် ဘယ်လ်ဂျီယံအသင်းအတွက်ပါ ကစားပေးနိုင်လိမ့်မယ်လို့နယ်သာလန်နည်းပြ ကိုးမန်းက အတည်ပြုပြောကြားလိုက်ပါတယ်။
Post a Comment