Header Ads


မက္ဆီ-CR7 တိုု ့ၿပိဳင္ဆိုုင္တဲ့ေခတ္ကုုန္သြားတာကလာလီဂါအတြက္ေကာင္းက်ိဳးျဖစ္ေစပါတယ္။-ဆီျမြန္နီ

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အက္တလက္တီကိုေဘာ့စ္တစ္ေယာက္ကေတာ့ ဒီရာသီစပိန္ထိပ္တန္းအသင္းေတြ ရမွတ္အတြက္ပရမ္းပတာအေျခအေနေတြနဲ ့ၾကံဳေတြ ့ေနၾကတဲ့အေပၚသေဘာက်နွစ္ၿခိဳက္လ်က္ရိွေနပါတယ္။




ဒီေယဂိုုဆီျမြန္နီက မက္ဆီ နဲ ရိုုနယ္ဒိုု တို ့ရဲ ့ဆုုဖလားအတြက္အားၿပိဳင္မႈေတြကုုန္ဆံုုးခဲ့ၿပီးေနာက္ပိုုင္း လာလီဂါရပ္၀န္းဟာ အရင္ကထက္ၿပိဳင္ဆိုုင္မႈျပင္းထန္လာၿပီး စိတ္၀င္စားစရာပိုုေကာင္းလာတယ္လိုု ့ယံုုၾကည္ေနပါတယ္။အက္တလီတီကိုုအသင္းဟာ ဇယားထိပ္ကိုုတက္လွမ္းနိုုင္မယ့္အခြင့္အေရကိုု အသံုုးမခ်နိုုင္ခဲ့ပါဘူး။ မေန ့ညက ကစားခဲ့တဲ့ ပြဲမွာ ဖီလစ္ပီလူး၀စ္ရဲ ့ဦးေဆာင္ဂိုုးနဲ ့၁ ဂိုုး ဂိုုးမရိွဦးေဆာင္ေနခဲ့ေသာ္လည္း မာရီယိုုဂတ္စပါက ေခ်ပဂိုုးသြင္းယူကာ - သေရရလဒ္ပဲရယူနိုုင္ခဲ့ပါတယ္။အသင္းရဲ့ ဂိုုးသမားေအာ့ဘလက္ဟာ ဗီလာရီးရဲလ္ရဲ ့ေသခ်ာေပါက္သြင္းဂိုုး၂ဂိုုးကိုုကာကြယ္ေပးခဲ့သလို အသင္းရဲ ့ေတာင္ပံကစားသမားသစ္လီမာကလည္း ေနာက္ဆံုုးမိနစ္မွာအေကာင္းဆံုုးေခါင္းတိုက္အခြင့္အေရးရရိွခဲ့ေသာ္လည္းအသံုုးမခ်နိုုင္ခဲ့ပါဘူး။ သေရရလဒ္ေၾကာင့္ ဘာစီလိုုနာအသင္းကိုုေက်ာ္တက္နုုိင္မယ့္အခြင့္အေရးအားလြဲေခ်ာ္ခဲ့သလို အလာဗက္စ္အသင္းနဲ ၁မွတ္အကြာနဲ ့တတိယေနရာမွာရပ္တည္ေနပါတယ္။



ဒါ့အျပင္ ၿမိဳ ့ခံၿပိဳင္ဘက္ရီးရဲလ္အသင္းဟာ ဒီရာသီ၃ပြဲဆက္အရံႈးနဲ ့ၾကံဳေတြ ့ခဲ့ျပန္တာေၾကာင့္ ဆီျမြန္နီကေတာ့ ၿပိဳင္ပြဲရဲ ့လတ္တေလာအေျခအေနအေပၚအရသာခံလ်က္ရိွေနပါတယ္။လာလီဂါကေတာ့အခုုအခ်ိန္မွာ အရမ္းကိုုမိုုက္ေနပါၿပီ။ဒါဟာ ဖရိုုဖရဲ အေျခအေနတစ္ခုပါပဲ။အသင္းအားလံုုးကရမွတ္အတြက္အေသအေက်တိုက္ပြဲ၀င္ေနၾကပါၿပီ။ခ်န္ပီယံရွစ္အတြက္သတ္မွတ္ဖိုု ့ရိုုနယ္ဒို နဲ ့မက္ဆီတိုု ့ရဲ ့အားၿပိဳင္မႈထက္ပိုု ၿပီးယွဥ္ၿပိဳင္မႈျပင္းထန္လာပါၿပီ။ကၽြန္ေတာ့္အေၾကာင္းပဲကၽြန္ေတာ္တိုု ့စဥ္းစားတယ္။ဒီေန ့ပြဲကခက္ခဲခဲ့တယ္။ေတာင့္တင္းတဲ့ၿပိဳင္ဘက္နဲ ့သိပ္ကိုုမာေက်ာတဲ့ကစားပြဲကိုု ကစားခဲ့ရတာပါ။ဗီလာရီးရဲလ္နဲ ့အသင္းကိုု အနိုုင္ယူဖိုု ့ပထမပိုုင္းမွာ ေကာင္တာနဲ့ ခက္ခက္ခဲခဲကစားခဲ့ရပါတယ္။ဒုုတိယပိုုင္းက် သူတိုု ့အသင္းရဲ့ေနရာလြတ္ေတြမွာတိုုက္စစ္ဆင္ကစားဖိုု ့ကၽြန္ေတာ္တိုု ့နားလည္သြားခဲ့တယ္။ကၽြန္ေတာ္တိုု ့ဂိုုးသြင္းခဲ့တယ္။ၿပီးေတာ့ သူတိုု ့အသင္းေခ်ပဂိုုးသြင္းသြားခဲ့တယ္။ပြဲၿပီးခါနီး ကၽြန္ေတာ္တိုု ့လီမာရဲ ့အခြင့္အေရးကေန ဒုုတိယဂိုုးသြင္းယူနိုုင္မယ့္အေကာင္းဆံုုးအခြင့္အေရးရခဲ့တယ္။လိုု ့ေျပာၾကားခဲ့ပါတယ္။

အက္တလက္တီကိုုမက္ဒရစ္အသင္းဟာ လာမယ့္ဗုုဒၶဟူးေန ့မွာေတာ့ ခ်န္ပီယံလိပ္ပြဲအျဖစ္ေဒါ့မြန္အသင္းနဲ ့ရင္ဆိုုင္ကစားရမွာျဖစ္ၿပီး အဆိုုပါပြဲၿပီးဆံုုးပါက ရီးရဲလ္ဆိုစီဒက္အသင္းနဲ ့ကစားရမွာပဲျဖစ္ပါတယ္။

(Unicode)

မက်ဆီ-CR7 တို့ပြိုင်ဆိုင်တဲ့ခေတ်ကုန်သွားတာကလာလီဂါအတွက်ကောင်းကျိုးဖြစ်စေပါတယ်။-ဆီမြွန်နီ

အက်တလက်တီကိုဘော့စ်တစ်ယောက်ကတော့ ဒီရာသီစပိန်ထိပ်တန်းအသင်းတွေ ရမှတ်အတွက်ပရမ်းပတာအခြေအနေတွေနဲ့ကြုံတွေ့နေကြတဲ့အပေါ်သဘောကျနှစ်ခြိုက်လျက်ရှိနေပါတယ်။


ဒီယေဂိုဆီမြွန်နီက မက်ဆီ နဲ့ ရိုနယ်ဒို တို့ရဲ့ဆုဖလားအတွက်အားပြိုင်မှုတွေကုန်ဆုံးခဲ့ပြီးနောက်ပိုင်း လာလီဂါရပ်ဝန်းဟာ အရင်ကထက်ပြိုင်ဆိုင်မှုပြင်းထန်လာပြီး စိတ်ဝင်စားစရာပိုကောင်းလာတယ်လို့ယုံကြည်နေပါတယ်။အက်တလီတီကိုအသင်းဟာ ဇယားထိပ်ကိုတက်လှမ်းနိုင်မယ့်အခွင့်အရေကို အသုံးမချနိုင်ခဲ့ပါဘူး။ မနေ့ညက ကစားခဲ့တဲ့ ပွဲမှာ ဖီလစ်ပီလူးဝစ်ရဲ့ဦးဆောင်ဂိုးနဲ့၁ ဂိုး ဂိုးမရှိဦးဆောင်နေခဲ့သော်လည်း မာရီယိုဂတ်စပါက ချေပဂိုးသွင်းယူကာ ၁-၁ သရေရလဒ်ပဲရယူနိုင်ခဲ့ပါတယ်။အသင်းရဲ့ ဂိုးသမားအော့ဘလက်ဟာ ဗီလာရီးရဲလ်ရဲ့သေချာပေါက်သွင်းဂိုး၂ဂိုးကိုကာကွယ်ပေးခဲ့သလို အသင်းရဲ့တောင်ပံကစားသမားသစ်လီမာကလည်း နောက်ဆုံးမိနစ်မှာအကောင်းဆုံးခေါင်းတိုက်အခွင့်အရေးရရှိခဲ့သော်လည်းအသုံးမချနိုင်ခဲ့ပါဘူး။ သရေရလဒ်ကြောင့် ဘာစီလိုနာအသင်းကိုကျော်တက်နိုင်မယ့်အခွင့်အရေးအားလွဲချော်ခဲ့သလို အလာဗက်စ်အသင်းနဲ့ ၁မှတ်အကွာနဲ့တတိယနေရာမှာရပ်တည်နေပါတယ်။

ဒါ့အပြင် မြို့ခံပြိုင်ဘက်ရီးရဲလ်အသင်းဟာ ဒီရာသီ၃ပွဲဆက်အရှုံးနဲ့ကြုံတွေ့ခဲ့ပြန်တာကြောင့် ဆီမြွန်နီကတော့ ပြိုင်ပွဲရဲ့လတ်တလောအခြေအနေအပေါ်အရသာခံလျက်ရှိနေပါတယ်။ “ လာလီဂါကတော့အခုအချိန်မှာ အရမ်းကိုမိုက်နေပါပြီ။ဒါဟာ ဖရိုဖရဲ အခြေအနေတစ်ခုပါပဲ။အသင်းအားလုံးကရမှတ်အတွက်အသေအကျေတိုက်ပွဲဝင်နေကြပါပြီ။ချန်ပီယံရှစ်အတွက်သတ်မှတ်ဖို့ရိုနယ်ဒို နဲ့မက်ဆီတို့ရဲ့အားပြိုင်မှုထက်ပို ပြီးယှဉ်ပြိုင်မှုပြင်းထန်လာပါပြီ။ကျွန်တော့်အကြောင်းပဲကျွန်တော်တို့စဉ်းစားတယ်။ဒီနေ့ပွဲကခက်ခဲခဲ့တယ်။တောင့်တင်းတဲ့ပြိုင်ဘက်နဲ့သိပ်ကိုမာကျောတဲ့ကစားပွဲကို ကစားခဲ့ရတာပါ။ဗီလာရီးရဲလ်နဲ့အသင်းကို အနိုင်ယူဖို့ပထမပိုင်းမှာ ကောင်တာနဲ့ ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။ဒုတိယပိုင်းကျ သူတို့အသင်းရဲ့နေရာလွတ်တွေမှာတိုက်စစ်ဆင်ကစားဖို့ကျွန်တော်တို့နားလည်သွားခဲ့တယ်။ကျွန်တော်တို့ဂိုးသွင်းခဲ့တယ်။ပြီးတော့ သူတို့အသင်းချေပဂိုးသွင်းသွားခဲ့တယ်။ပွဲပြီးခါနီး ကျွန်တော်တို့လီမာရဲ့အခွင့်အရေးကနေ ဒုတိယဂိုးသွင်းယူနိုင်မယ့်အကောင်းဆုံးအခွင့်အရေးရခဲ့တယ်။” လို့ပြောကြားခဲ့ပါတယ်။

အက်တလက်တီကိုမက်ဒရစ်အသင်းဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ ချန်ပီယံလိပ်ပွဲအဖြစ်ဒေါ့မွန်အသင်းနဲ့ရင်ဆိုင်ကစားရမှာဖြစ်ပြီး အဆိုပါပွဲပြီးဆုံးပါက ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ကစားရမှာပဲဖြစ်ပါတယ်။



No comments

Powered by Blogger.