အန္တိုုနီယိုုကြန္တီနဲ ့စတင္ေဆြးေႏြးေနၿပီျဖစ္တဲ့ရီးရဲလ္မက္ဒရစ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
Sportitalia နဲ ့ Corriere dello Sport တို ့ရဲ ့အတည္ျပဳခ်က္အရ ခ်ဲလ္ဆီးအသင္းနဲ ့အီတလီနည္းျပေဟာင္း ကြန္တီကို ရီးရဲလ္မက္ဒရစ္အသင္းကေခၚယူဖို ့စတင္ေဆြးေႏြးညိွ ့နိႈင္းမႈေတြျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။
လက္ရိွရီးရဲလ္နည္းျပဂ်ဴလန္လိုုပတ္တဂီဟာ မတည္ၿငိမ္တဲ့အသင္းရဲ ့ရလဒ္ပိုုင္းေတြေၾကာင့္ ဖိအားေတြေအာင္က်ေရာက္ေနရတဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ၿပိဳင္ပြဲစံု၄ပြဲမွာ တစ္ဂိုုးမွသြင္းယူႏိုုင္ျခင္းမရိွခဲ့သလို ၃ပြဲရံႈး ၁ပြဲသေရရလဒ္ကိုသာစြမ္းေဆာင္ထားနိုင္ခဲ့ပါတယ္။ဆီဗီးလားအသင္းကိုု ၃-၀ ျဖင့္ရံႈနိမ့္ခဲ့တာေတြ၊ ခ်န္ပီယံလိပ္မွာ CSKA ေမာ္စကိုအသင္းကိုု ၁-၀ ျဖင့္ရံႈးနိမ့္ခဲ့တာေတြနဲ ့အဲလာဗက္စ္အသင္းကိုု ၁-၀ ျဖင့္ရံႈးနိမ့္ခဲ့တာေၾကာင့္ လိုုပတ္တဂီတစ္ေယာက္ ဖိအားေတြေအာက္မွ ရုုန္းမထြက္နိုုင္ျဖစ္ေနပါတယ္။
သတင္းေတြမွာေတာ့ ရီးရဲလ္မက္ဒရစ္ဒါရိုုက္တာမ်ားဟာ ၿပီးခဲ့တဲ့တနလၤာေန ့က ကြန္တီနဲ ့ခ်ိတ္ဆက္ခဲ့ၿပီး ကြန္တီအေနနဲ ့ေတြ ့ဆံုုခြင့္ရနိုုင္သလားလိုု ့ဒါရိုုက္တာမ်ားကေတာင္းဆိုုခဲ့တယ္လိုု ့ေဖာ္ျပထားပါတယ္။ကြန္တီဟာ သူ ့ကိုု တရားမဲ့ ထုုတ္ပယ္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းနဲ ့တရားေၾကာင္းအရရင္ဆိုုင္ေျဖရွင္းေနတာျဖစ္ျပီး ခ်ဲလ္ဆီးအသင္းဟာ နည္းျပသစ္ဆာရီကိုုခန္ ့အပ္ခ်င္လိုု ့ကြန္တီကိုု ထုုတ္ပယ္ခဲ့တာေၾကာင့္ ကြန္တီအေနနဲ ့ေလ်ာ္ေၾကး ယူရိုု၁၀ သန္း ရရိွရမယ့္အေျခအေန ကိုု ခ်ဲလ္ဆီးအသင္းက မ်က္ကြယ္ျပဳထားတာပဲျဖစ္ပါတယ္။
မည္သိုု ့ပင္ဆိုုေစကာမူ ကြန္တီအေနနဲ ့ေဘာလံုုးေလာကရဲ ့အခမ္းနားဆံုုးနည္းျပရာထူးအတြက္ အခြင့္အေရးေကာင္းကိုု ဘယ္လိုုမွ လက္လႊတ္ခံခ်င္မွာမဟုုတ္ပါဘူး။လာမယ့္သီတင္းအပတ္ေတြကေတာ့ နည္းျပလိုုပတ္တဂီအတြက္ အဆံုုးအျဖတ္ပြဲေတြျဖစ္လာမွာေသခ်ာေနၿပီး လာလီဂါပြဲအျဖစ္ လီဗန္ေတးအသင္းနဲ ့ခ်န္ပီယံလိပ္ပြဲ အျဖစ္ Viktora Pizen အသင္းတိုု ့ကိုု လက္ခံကစားရမွာပဲျဖစ္ပါတယ္။
(Unicode)
Sportitalia နဲ့ Corriere dello Sport တို့ရဲ့အတည်ပြုချက်အရ ချဲလ်ဆီးအသင်းနဲ့အီတလီနည်းပြဟောင်း ကွန်တီကို ရီးရဲလ်မက်ဒရစ်အသင်းကခေါ်ယူဖို့စတင်ဆွေးနွေးညှိ့နှိုင်းမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
လက်ရှိရီးရဲလ်နည်းပြဂျူလန်လိုပတ်တဂီဟာ မတည်ငြိမ်တဲ့အသင်းရဲ့ရလဒ်ပိုင်းတွေကြောင့် ဖိအားတွေအောင်ကျရောက်နေရတဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ပြိုင်ပွဲစုံ၄ပွဲမှာ တစ်ဂိုးမှသွင်းယူနိုင်ခြင်းမရှိခဲ့သလို ၃ပွဲရှုံး ၁ပွဲသရေရလဒ်ကိုသာစွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ဆီဗီးလားအသင်းကို ၃-၀ ဖြင့်ရှုံနိမ့်ခဲ့တာတွေ၊ ချန်ပီယံလိပ်မှာ CSKA မော်စကိုအသင်းကို ၁-၀ ဖြင့်ရှုံးနိမ့်ခဲ့တာတွေနဲ့အဲလာဗက်စ်အသင်းကို ၁-၀ ဖြင့်ရှုံးနိမ့်ခဲ့တာကြောင့် လိုပတ်တဂီတစ်ယောက် ဖိအားတွေအောက်မှ ရုန်းမထွက်နိုင်ဖြစ်နေပါတယ်။
သတင်းတွေမှာတော့ ရီးရဲလ်မက်ဒရစ်ဒါရိုက်တာများဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ကွန်တီနဲ့ချိတ်ဆက်ခဲ့ပြီး ကွန်တီအနေနဲ့တွေ့ဆုံခွင့်ရနိုင်သလားလို့ဒါရိုက်တာများကတောင်းဆိုခဲ့တယ်လို့ဖော်ပြထားပါတယ်။ကွန်တီဟာ သူ့ကို တရားမဲ့ ထုတ်ပယ်ခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့တရားကြောင်းအရရင်ဆိုင်ဖြေရှင်းနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ နည်းပြသစ်ဆာရီကိုခန့်အပ်ချင်လို့ကွန်တီကို ထုတ်ပယ်ခဲ့တာကြောင့် ကွန်တီအနေနဲ့လျော်ကြေး ယူရို၁၀ သန်း ရရှိရမယ့်အခြေအနေ ကို ချဲလ်ဆီးအသင်းက မျက်ကွယ်ပြုထားတာပဲဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ကွန်တီအနေနဲ့ဘောလုံးလောကရဲ့အခမ်းနားဆုံးနည်းပြရာထူးအတွက် အခွင့်အရေးကောင်းကို ဘယ်လိုမှ လက်လွှတ်ခံချင်မှာမဟုတ်ပါဘူး။လာမယ့်သီတင်းအပတ်တွေကတော့ နည်းပြလိုပတ်တဂီအတွက် အဆုံးအဖြတ်ပွဲတွေဖြစ်လာမှာသေချာနေပြီး လာလီဂါပွဲအဖြစ် လီဗန်တေးအသင်းနဲ့ချန်ပီယံလိပ်ပွဲ အဖြစ် Viktora Pizen အသင်းတို့ကို လက်ခံကစားရမှာပဲဖြစ်ပါတယ်။
Post a Comment