ကိုုဗက္စ္ေနရာအစားထိုုးဖိုု ့ဇီဒန္းကိုု ယူႏိုုက္တက္နဲ ့အၿပိဳင္ေခၚယူမယ့္ဘိုုင္ယန္ျမဴးနစ္

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဘိုုင္ယန္ျမဴးနစ္အသင္းဟာ ရာသီအစရလဒ္ေတြဆိုုးရြားေနမႈေၾကာင့္သူတိုု ့အသင္းရဲ ့နည္းျပနီကိုုကိုုဗက္စ္ ေနရာအစားထိုးဖိုု ့ရီးရဲလ္နည္းျပေဟာင္းဇီဒန္းကိုု ေခၚယူဖိုု ့ယူႏိုုက္တက္အသင္းနဲ ့အျပိဳင္ၾကိဳးစားဖြယ္ရိွေနပါတယ္။
ဘြန္ဒက္စ္လီဂါ ခ်န္ပီယံဟာ နည္းျပကိုုဗက္စ္လက္ေအာက္ ၇ပြဲကစားၿပီး အဆင့္၆ေနရာမွာ ရုုန္းကန္ရပ္တည္ေနရၿပီး ဖရန္ ့ဖတ္ကေန ေရာက္လာတဲ့ ကိုုဗက္စ္တစ္ေယာက္ ဖိအားေတြအမ်ားအျပားနဲ ့ရင္ဆိုုင္ေနရပါပါတယ္။
RMC Sport ရဲ ့အဆိုုအရ, ဘိုုင္ယန္အသင္းဟာ အသက္ ၄၆ နွစ္အရြယ္နည္းျပ ဇီဒန္းကိုု ေခၚယူဖိုု ့တာဆူေနၿပီး ေလာရန္ ့ဘလန္ ့စ္နဲ ့အာဆင္နယ္နည္းျပေဟာင္း၀င္းဂါးတိုု ့ကိုု ေခၚယူဖိုု ့လ်ာထားပါတယ္။

ဇီဒန္းဟာ ဒီႏွစ္ေႏြရာသီမွာ ရီးရဲလ္အသင္းကေန ထြက္ခြာလာခဲ့တာျဖစ္ျပီးအခုုအခ်ိန္မွာ အနားယူေနကာအသင္းလက္မဲ့ျဖစ္ေနပါတယ္။
သူဟာ ရီးရဲလ္အသင္းကိုု အျခားအသင္းေတြအတြက္မျဖစ္နုုိင္တဲ့ ခ်န္ပီယံလိပ္ဖလားကိုု ၃နွစ္ဆက္ ရယူေပးနိုင္ခဲ့ၿပီး ဂ်ိဳ ့စ္ေမာ္ရင္ဟိုုလက္ေအာက္မွာရုုန္းကန္ေနရတဲ့ မန္ခ်က္စတာယူႏိုုက္တက္နည္းျပရာထူးအတြက္သတ္မွတ္ထားျခင္းခံထားရတဲ့သူလည္းျဖစ္ပါတယ္။
ဇီဒန္းလိုုပဲ ၀င္းဂါး၊ ဘလန္ ့စ္တိုု ့ဟာ အသင္းလက္မဲ့ျဖစ္ေနၿပီး ကိုုဗက္္စ္ေနရာအစားထိုုးဖိုု ့ဘိုုင္ယန္အသင္းကပစ္မွတ္ထားေနပါတယ္။

မိုုခ်က္ကလာဘတ္ကိုု ၃ဂိုုး ဂိုုးမရိွျဖင့္ အရွက္တကြဲရံႈးနိမ့္ခဲ့ၿပီးေနာက္ ဘိုုင္ယန္အသင္းဟာ နိုုင္ငံတကာပြဲစဥ္ရက္မ်ားၾကားထဲေရာက္ရိွသြားခဲ့တာေၾကာင့္ နည္းျပကိုုဗက္စ္ကိုု သူ ့ကစားသမားေတြ နိုုင္ငံပြဲစဥ္သြားကစားေနတဲ့အခ်ိန္မွာ ထုုတ္ပယ္မွာမဟုုတ္ပဲ တျခားအစားထိုုးမယ့္နည္းျပေတြနဲ ့ေဆြးေႏြးသြားဖြယ္ရိွေနပါတယ္။
.
အဆိုုပါရံႈးပြဲေၾကာင့္ ဘိုုင္ယန္အသင္းရဲ ့ ကလပ္သမိုုင္းတစ္ေလ ွ်ာက္ ၁၀ စုုနွစ္အတြင္း ၄ပြဲကစားၿပီး ႏိုုင္ပြဲ၁ပြဲမွမရခဲ့တာျဖစ္ၿပီး ကလပ္ရဲ ့ျပည္တြင္းၿပိဳင္ပြဲမ်ားမွာ လႊမ္းမိုုးထားတဲ့အစဥ္အလာက်ိဳးပ်က္သြားမလားသံသယျဖစ္စရာပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန ့က ကိုုဗက္စ္နဲ ့ေဆြးေႏြးပြဲလုုပ္ေဆာင္ခဲ့ၿပီး နည္းျပသစ္အေနနဲ ့သူ ့ရဲ ့လူစာရင္းမွာအေျဖတစ္ခုုမျဖစ္မေနမရွာနိုုင္ေတာ့ပါက အထုုတ္ခံရဖိုု ့ေသခ်ာေပါက္နီးစပ္ေနပါတယ္။

(Unicode)
ကိုဗက်စ်နေရာအစားထိုးဖို့ဇီဒန်းကို ယူနိုက်တက်နဲ့အပြိုင်ခေါ်ယူမယ့်ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီအစရလဒ်တွေဆိုးရွားနေမှုကြောင့်သူတို့အသင်းရဲ့နည်းပြနီကိုကိုဗက်စ် နေရာအစားထိုးဖို့ရီးရဲလ်နည်းပြဟောင်းဇီဒန်းကို ခေါ်ယူဖို့ယူနိုက်တက်အသင်းနဲ့အပြိုင်ကြိုးစားဖွယ်ရှိနေပါတယ်။
ဘွန်ဒက်စ်လီဂါ ချန်ပီယံဟာ နည်းပြကိုဗက်စ်လက်အောက် ၇ပွဲကစားပြီး အဆင့်၆နေရာမှာ ရုန်းကန်ရပ်တည်နေရပြီး ဖရန့်ဖတ်ကနေ ရောက်လာတဲ့ ကိုဗက်စ်တစ်ယောက် ဖိအားတွေအများအပြားနဲ့ရင်ဆိုင်နေရပါပါတယ်။
RMC Sport ရဲ့အဆိုအရ, ဘိုင်ယန်အသင်းဟာ အသက် ၄၆ နှစ်အရွယ်နည်းပြ ဇီဒန်းကို ခေါ်ယူဖို့တာဆူနေပြီး လောရန့်ဘလန့်စ်နဲ့အာဆင်နယ်နည်းပြဟောင်းဝင်းဂါးတို့ကို ခေါ်ယူဖို့လျာထားပါတယ်။
ဇီဒန်းဟာ ဒီနှစ်နွေရာသီမှာ ရီးရဲလ်အသင်းကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီးအခုအချိန်မှာ အနားယူနေကာအသင်းလက်မဲ့ဖြစ်နေပါတယ်။
သူဟာ ရီးရဲလ်အသင်းကို အခြားအသင်းတွေအတွက်မဖြစ်နိုင်တဲ့ ချန်ပီယံလိပ်ဖလားကို ၃နှစ်ဆက် ရယူပေးနိုင်ခဲ့ပြီး ဂျို့စ်မော်ရင်ဟိုလက်အောက်မှာရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးအတွက်သတ်မှတ်ထားခြင်းခံထားရတဲ့သူလည်းဖြစ်ပါတယ်။
ဇီဒန်းလိုပဲ ဝင်းဂါး၊ ဘလန့်စ်တို့ဟာ အသင်းလက်မဲ့ဖြစ်နေပြီး ကိုဗက်စ်နေရာအစားထိုးဖို့ဘိုင်ယန်အသင်းကပစ်မှတ်ထားနေပါတယ်။
မိုချက်ကလာဘတ်ကို ၃ဂိုး ဂိုးမရှိဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ဘိုင်ယန်အသင်းဟာ နိုင်ငံတကာပွဲစဉ်ရက်များကြားထဲရောက်ရှိသွားခဲ့တာကြောင့် နည်းပြကိုဗက်စ်ကို သူ့ကစားသမားတွေ နိုင်ငံပွဲစဉ်သွားကစားနေတဲ့အချိန်မှာ ထုတ်ပယ်မှာမဟုတ်ပဲ တခြားအစားထိုးမယ့်နည်းပြတွေနဲ့ဆွေးနွေးသွားဖွယ်ရှိနေပါတယ်။
.
အဆိုပါရှုံးပွဲကြောင့် ဘိုင်ယန်အသင်းရဲ့ ကလပ်သမိုင်းတစ်လေ ျှာက် ၁၀ စုနှစ်အတွင်း ၄ပွဲကစားပြီး နိုင်ပွဲ၁ပွဲမှမရခဲ့တာဖြစ်ပြီး ကလပ်ရဲ့ပြည်တွင်းပြိုင်ပွဲများမှာ လွှမ်းမိုးထားတဲ့အစဉ်အလာကျိုးပျက်သွားမလားသံသယဖြစ်စရာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကိုဗက်စ်နဲ့ဆွေးနွေးပွဲလုပ်ဆောင်ခဲ့ပြီး နည်းပြသစ်အနေနဲ့သူ့ရဲ့လူစာရင်းမှာအဖြေတစ်ခုမဖြစ်မနေမရှာနိုင်တော့ပါက အထုတ်ခံရဖို့သေချာပေါက်နီးစပ်နေပါတယ်။
Post a Comment