ေငြေျကးသံုးစြဲဖို ့အသင္းဘုုတ္အဖြဲ ့ကိုေတာင္းဆိုလိုက္တဲ့ေမာ္ရင္ဟို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ျမိဳ႕ခံျပိဳင္ဘက္ မန္စီးတီးကဲ့သို႔အရည္ေသြးျမင့္မားရန္အတြက္ေငြေၾကးသံုးစြဲခြင့္ ပိုလိုအပ္ဟု ေမာ္ရင္ဟိုကအရိပ္ျမြက္ဆိုခဲ့ပါတယ္။''က်ေနာ္တို႔ ခ်န္ပီယံလိဂ္မွာ ပြဲျကီးပြဲေကာင္း တစ္ပြဲကိုတိုက္ပြဲဝင္ခဲ့ပါတယ္။ အေကာင္းဆံုးလုပ္ခဲ့တယ္လို႔လည္းထင္မိတယ္။ဒါေပမယ့္ သေရက်ေနတဲ့အခ်ိန္ထဲက ဗလင္စီယာနဲ႕သာ အုပ္စုဒုတိယအတြက္ ေနရာလုရမယ္ဆိုတာ ျကိုသိေနတယ္။က်ေနာ္တို႕ ဂ်ဴဗင္တပ္ေနာက္မွာ အေတာ္ေဝးေဝးက်န္ေနခဲ့နွင့္ျပီ။သူတို႔ကပိုျမင့္တဲ့အဆင့္တစ္ခုမွာရွိေနျပီး အေတြ႕အျကံဳနဲ႕လုပ္ရည္ကိုင္ရည္လည္း ပိုမိုသာလြန္ေနခဲ့တယ္။ဂ်ဴဗင္က ၇နွစ္ဆက္ စီးရီးေအ ဖလားရခဲ့ျပီး ေနာက္ဆံုး၄နွစ္မွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ၂ျကိမ္ေရာက္ခဲ့ျကတယ္။ဒါေတာင္သူတို႔က ေအာင္ျမင္မႈရေနတယ္လို႔သတ္မွတ္ေသးတာမဟုတ္ဖူး။ဒီထက္ပိုတဲ့ အရာေတြလိုခ်င္ေနတာ။ဒါေျကာင့္ ေရာ္နယ္ဒို ,ဗိုနူခ်ီ တို႔လို႔ ကမၻာ႔အေကာင္းဆံုုးေတြကိုထပ္ေခၚခဲ့တယ္။ အတိတ္မွာ ခမ္းနားတဲ့ကလပ္အသင္းတစ္သင္းျဖစ္ခဲ့သလို အနာဂတ္စီမံကိန္းေတြလည္းရွိတယ္။ သူတို႕ကရနိုင္သမ်ွဖလားအားလံုးကိုရဖို႔ ျကိုးစားေနျကတာပါ။ '' လို႔ေမာ္ရင္ဟိုက အသင္းရဲ႕အားနည္းခ်က္ေတြကို ေထာက္ျပခဲ့ပါတယ္။
ပထမပိုင္းပြဲခ်ိန္ေတြမွာ ဂ်ဴဗင္တပ္ဟာ ယူနိုက္တက္ကို ဆက္တိုက္ဖိအားေပးေနခဲ့ျပီး ေဘာလံုးပိုင္ဆိုင္ခြင္႔၇၂ရာခိုင္နႈန္းနဲ႕ ဂိုးကန္သြင္းမႈ၁၀ျကိမ္အထိရွိခဲ့တယ္။ဒါေပမယ့္ ဒုတိယပိုင္းမွာေတာ့ ယူနိုက္တက္ကစားပံုတိုးတက္လာခဲ့ျပီး ေပါ့ဘာရဲ႕အေဝးကန္ခ်က္ တိုင္မွန္ခဲ့လို႔သာ သေရက်မယ့္ အေျခအေနကလြဲေခ်ာ္ခဲ့တာပါ။ေမာ္ရင္ဟိုဟာ အိုးထရက္ဖို႔ဒ္ကို ကစားသမားေခၚယူမႈအတြက္ ေပါင္ သန္း550ေက်ာ္အထိအသံုးျပဳခဲ့ျပီးျဖစ္တာေျကာင့္ အသင္းဘုတ္အဖြဲ႕က ျပီးခဲ့တဲ့လူဝယ္ရာသီမွာ ေငြေျကးအျပည့္အဝထုတ္မေပးခဲ့ပါဘူး။''ဂ်ဴဗင္ ,ရီးရဲ, ဘာစီ ,မန္စီးတီးတို႔ အခုလိုအဆင့္ေရာက္ဖို႔ဘာေတြလုပ္ခဲ့ျကလဲဆိုတာ ခင္ဗ်ားတို႔ျမင္မွာပါ''လို႔ ေမာ္ရင္ဟိုက ဆိုခဲ့ပါတယ္။
''ဒါေပမယ့္ေျပာသေလာက္ေတာ့ မလြယ္ဘူးေပါ့။အရည္ေသြးျမင့္ကစားသမားေတြက ထိပ္တန္းအသင္းေတြမွာကစားခ်င္ျကတယ္။အခုေတာ့ လက္ရွိလူစာရင္းနဲ႕ပဲ အေကာင္းဆံုးျဖစ္ေအာင္လုပ္ရမွာေပါ့။က်ေနာ္တို႔ ဂိုးတစ္ဂိုး ဒါမွမဟုတ္ သေရရလဒ္နဲ႕ထိုက္တန္ပါတယ္။ဒါေပမယ့္ ျဖစ္မလာခဲ့ဘူး။က်ေနာ့္ေကာင္ေလးေတြလုပ္ခဲ့တာနဲ႕ပတ္သတ္ျပီး ေျပာစရာမရွိပါဘူး။ဒီအတြက္ ခံစားခ်က္ကေကာင္းမြန္ပါတယ္''လို႔ေမာ္ရင္ဟို ကသတင္းစာရွင္းလင္းပြဲမွာေျပာခဲ့ပါတယ္။
မေန႕ကပြဲမတိုင္ခင္ ယူနိုက္တက္အသင္းစီးလာတဲ့Busကား မီးပြိဳင့္မိေနခဲ့တာေျကာင့္ ေနာက္က်ခဲ့ပါတယ္။ ဗလင္စီယာနဲ႕ပြဲတုန္းကလည္း အသင္းသားေတြဟာ ကစားကြင္းရွိရာဆီ မိုင္ဝက္ေလာက္လမ္းေလ်ွာက္ခဲ့ ရပါေသးတယ္။
(Unicode)
ငွေကြေးသုံးစွဲဖို့တောင်းဆိုလိုက်တဲ့ မော်ရင်ဟို
မြို့ခံပြိုင်ဘက် မန်စီးတီးကဲ့သို့အရည်သွေးမြင့်မားရန်အတွက်ငွေကြေးသုံးစွဲခွင့် ပိုလိုအပ်ဟု မော်ရင်ဟိုကအရိပ်မြွက်ဆိုခဲ့ပါတယ်။''ကျနော်တို့ ချန်ပီယံလိဂ်မှာ ပွဲကြီးပွဲကောင်း တစ်ပွဲကိုတိုက်ပွဲဝင်ခဲ့ပါတယ်။ အကောင်းဆုံးလုပ်ခဲ့တယ်လို့လည်းထင်မိတယ်။ဒါပေမယ့် သရေကျနေတဲ့အချိန်ထဲက ဗလင်စီယာနဲ့သာ အုပ်စုဒုတိယအတွက် နေရာလုရမယ်ဆိုတာ ကြိုသိနေတယ်။ကျနော်တို့ ဂျူဗင်တပ်နောက်မှာ အတော်ဝေးဝေးကျန်နေခဲ့နှင့်ပြီ။သူတို့ကပိုမြင့်တဲ့အဆင့်တစ်ခုမှာရှိနေပြီး အတွေ့အကြုံနဲ့လုပ်ရည်ကိုင်ရည်လည်း ပိုမိုသာလွန်နေခဲ့တယ်။ဂျူဗင်က ၇နှစ်ဆက် စီးရီးအေ ဖလားရခဲ့ပြီး နောက်ဆုံး၄နှစ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ၂ကြိမ်ရောက်ခဲ့ကြတယ်။ဒါတောင်သူတို့က အောင်မြင်မှုရနေတယ်လို့သတ်မှတ်သေးတာမဟုတ်ဖူး။ဒီထက်ပိုတဲ့ အရာတွေလိုချင်နေတာ။ဒါကြောင့် ရော်နယ်ဒို ,ဗိုနူချီ တို့လို့ ကမ္ဘာ့အကောင်းဆုံးတွေကိုထပ်ခေါ်ခဲ့တယ်။ အတိတ်မှာ ခမ်းနားတဲ့ကလပ်အသင်းတစ်သင်းဖြစ်ခဲ့သလို အနာဂတ်စီမံကိန်းတွေလည်းရှိတယ်။ သူတို့ကရနိုင်သမျှဖလားအားလုံးကိုရဖို့ ကြိုးစားနေကြတာပါ။ '' လို့မော်ရင်ဟိုက အသင်းရဲ့အားနည်းချက်တွေကို ထောက်ပြခဲ့ပါတယ်။
ပထမပိုင်းပွဲချိန်တွေမှာ ဂျူဗင်တပ်ဟာ ယူနိုက်တက်ကို ဆက်တိုက်ဖိအားပေးနေခဲ့ပြီး ဘောလုံးပိုင်ဆိုင်ခွင့်၇၂ရာခိုင်နှုန်းနဲ့ ဂိုးကန်သွင်းမှု၁၀ကြိမ်အထိရှိခဲ့တယ်။ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ကစားပုံတိုးတက်လာခဲ့ပြီး ပေါ့ဘာရဲ့အဝေးကန်ချက် တိုင်မှန်ခဲ့လို့သာ သရေကျမယ့် အခြေအနေကလွဲချော်ခဲ့တာပါ။မော်ရင်ဟိုဟာ အိုးထရက်ဖို့ဒ်ကို ကစားသမားခေါ်ယူမှုအတွက် ပေါင် သန်း550ကျော်အထိအသုံးပြုခဲ့ပြီးဖြစ်တာကြောင့် အသင်းဘုတ်အဖွဲ့က ပြီးခဲ့တဲ့လူဝယ်ရာသီမှာ ငွေကြေးအပြည့်အဝထုတ်မပေးခဲ့ပါဘူး။''ဂျူဗင် ,ရီးရဲ, ဘာစီ ,မန်စီးတီးတို့ အခုလိုအဆင့်ရောက်ဖို့ဘာတွေလုပ်ခဲ့ကြလဲဆိုတာ ခင်ဗျားတို့မြင်မှာပါ''လို့ မော်ရင်ဟိုက ဆိုခဲ့ပါတယ်။
''ဒါပေမယ့်ပြောသလောက်တော့ မလွယ်ဘူးပေါ့။အရည်သွေးမြင့်ကစားသမားတွေက ထိပ်တန်းအသင်းတွေမှာကစားချင်ကြတယ်။အခုတော့ လက်ရှိလူစာရင်းနဲ့ပဲ အကောင်းဆုံးဖြစ်အောင်လုပ်ရမှာပေါ့။ကျနော်တို့ ဂိုးတစ်ဂိုး ဒါမှမဟုတ် သရေရလဒ်နဲ့ထိုက်တန်ပါတယ်။ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။ကျနော့်ကောင်လေးတွေလုပ်ခဲ့တာနဲ့ပတ်သတ်ပြီး ပြောစရာမရှိပါဘူး။ဒီအတွက် ခံစားချက်ကကောင်းမွန်ပါတယ်''လို့မော်ရင်ဟို ကသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
မနေ့ကပွဲမတိုင်ခင် ယူနိုက်တက်အသင်းစီးလာတဲ့Busကား မီးပွိုင့်မိနေခဲ့တာကြောင့် နောက်ကျခဲ့ပါတယ်။ ဗလင်စီယာနဲ့ပွဲတုန်းကလည်း အသင်းသားတွေဟာ ကစားကွင်းရှိရာဆီ မိုင်ဝက်လောက်လမ်းလျှောက်ခဲ့ ရပါသေးတယ်။
Post a Comment