Header Ads


ဒဏ္ရာျပႆနာေတြၾကားကလီဗာပူးလ္အသင္းနဲ ့ျပန္လည္ပူးေပါင္းနိုုင္ခဲ့ၿပီျဖစ္တဲ့ဆာလာနဲ ့ဗန္ဒိုက္စ္





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

နိုင္ငံတကာပြဲေတြအျပီးမွာေတာ့  ဆာလက္နဲ႕ဗန္ဒိုက္တို႔သည္ ေလ့က်င့္ေရးကြင္းမွာျကံခိုင္မႈအျပည့္အဝရွိေနခဲ့ပါတယ္။ဂ်ာဂ်င္ကေလာ့ ကေတာ့ အားထားရတဲ့ ေနာက္ခံလူဗန္ဒိုက္နဲ႕တိုက္စစ္ကစားသမား ဆာလက္တို႔ျကံခိုင္မႈမျပည့္ဝမွာ စိုးရိမ္ေနေပမယ့္   စေနေန႔ဟက္ဒါဖီးနဲ႕ကစားရမယ့္ပြဲမတိုင္မွီ ပံုမွန္အတိုင္းအသင္းနဲ႕ျပန္ပူးေပါင္းခဲ့ပါတယ္။ဒီနွစ္ေယာက္လံုးဟာ အေသးစားဒဏ္ရာျပသနာေျကာင့္အီဂ်စ္နဲ႕နယ္သာလန္လူစားရင္ကေနနႈတ္ထြက္လာေပမယ့္ ဒီအပတ္ပရီးမီးယားလိဂ္အတြက္ေတာ့ အသင့္ျဖစ္ေနျကပါျပီ။ေလ့က်င့္ေရးကြင္းမွာ ဆာလက္ဟာျပံဳးျဖဲျဖဲနဲ႕စိတ္ဓာတ္တက္ျကြေနတာကို ျမင္ေတြ႕ခဲ့ရျပီး ဗန္ဒိုက္ကလည္း အသင္းေဖာ္ဂိုးမက္နဲ႕ေသြးပူေလ့က်င့္ခန္းလုပ္ရင္း ရယ္ေမာေနခဲ့ျကပါတယ္။





ကေလာ့ရဲ႕အသင္းဟာ မန္စီးတီး ခ်ယ္ဆီးတို႔နဲ႕အတူ ရမွတ္၂၀နဲ႕ အမွတ္ေပးဇယားကို ဦးေဆာင္ေနျပီး ယံုျကည္မႈေတြ ျမင့္တက္ေနခ်ိန္လည္း ျဖစ္ပါတယ္။လစ္ဗာငွက္တို႔ဟာ ရာသီအစကို အေကာင္းဆံုးျဖတ္သန္းနိုင္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ ပြဲျကပ္ကာလ ကို ျဖတ္သန္းေနရတာျဖစ္ျပီး သူတို႔ရဲ႕အရွိန္ကိုဆက္လက္ထိန္းထားနိုင္ဖို႔ ေဒးဗစ္ဝက္ဂနာ ရဲ႕အသင္းကို အနိုင္ယူဖို႔ျကိုးစားရမွာပါ။ဗန္ဒိုက္နဲ႕ ဆာလက္တို႔ျကံခိုင္မႈျပည့္ဝေနတဲ့ဆိုေပမယ့္ ကေလာ့မွာေတာ့ေခါင္းခဲစရာဒဏ္ရာျပသနာေတြရွိေနဆဲျဖစ္ျပီး ကီတာက ဒေကာက္ေျကာ ဒဏ္ရာရွိေနကာ မာေနးကေတာ့  လက္ေကာက္ဝတ္ နာက်င္မႈကိုခံစားေနရပါတယ္။




မန္စီးတီးနဲ႕ပြဲမွာလည္း မီနာဟာဒဏ္ရာနဲ႕ဝင္ကစားခဲ့ရတာျဖစ္ျပီးလီဗာပူးရဲ႕ လက္ရွိလူစာရင္းမွာ ဒဏ္ရာရသူ မ်ားျပားေနပါတယ္။''လြန္ခဲ့တဲ့တစ္ပတ္ေက်ာ္က ကစားသမားတိုင္း ဒဏ္ရာကင္းရွင္းျပီး ေက်နပ္အားရစေကာင္းေနတယ္။အဲ့ဒီေနာက္ ကစားသမားအခ်ိဳ႕ကို ဆံုးရံႈးခဲ့ရတယ္။ဒါကလက္ရွိအေျခအေနပါပဲ။က်ေနာ္တို႔ေရွာင္လြဲမရပါဘူး''လို႔ကေလာ့ကဆိုခဲ့ပါတယ္။




''ဟက္ဒါဖီးနဲ႕ပြဲမွာေတာ့လံုးဝ ျကံခိုင္မႈျပည့္တဲ့သူေတြကိုသာ ပြဲထြက္ေစမွာျဖစ္ျပီး က်ေနာ္တို႔ဘာလုပ္နိုင္မလဲေစာင့္ျကည့္ျကတာေပါ့။ခင္ဗ်ားတို႔အာလံုး ဒဏ္ရာအေျခေနဘယ္လိုေတြရွိလဲသိခ်င္ျကမယ္ဆိုတာ က်ေနာ္သိပါတယ္။ဒါေပမယ့္ အျခားအသင္းေတြရဲ႕ ဒဏ္ရာျပႆနာအေျကာင္းကိုေရာဘယ္တုန္းကသိရလို႔လဲ။ ဒီလိုပဲက်ေနာ့္အသင္းရဲ႕ အေျခအေနေတြကိုလည္း ကမၻာျကီးကို အသိမေပးနိုင္ပါဘူး။အခုတစ္ပတ္ကိုအျခားသူေတြက အင္အား အျပည့္နဲ႕ရင္ဆိုင္ျကမွာျဖစ္ေပမယ့္ က်ေနာ့္အသင္းမွာေတာ့ တစ္ေယာက္ နွစ္ေယာက္ေလာက္ ဒဏ္ရာေတြရွိေနျကတာေျကာင့္ က်ေနာ္တို႔ပိုျကိုးစားရမွာပါ။ ျပီးေတာ့ လူစံုတက္စံုရွိမယ့္အခ်ိန္ကို ေစာင့္ရေတာ့မွာေပါ့''လို႔ ဂ်ာဂ်င္ကေလာ့ ကေျပာသြားခဲ့ပါတယ္။ဟတ္ဒါဖီးနဲ႕ျပီးရင္ ကာဒစ္နဲ႕ပြဲမတိုင္ခင္ခ်န္ပီယံလိဂ္မွာ ဘဲဂရိတ္ကိုရင္ဆိုင္ရမွာျဖစ္ျပီး ကေလာ့အတြက္ အလုပ္မ်ားမယ့္ရက္သတၲပတ္ပါပဲ။





(Unicode)

နိုင်ငံတကာပွဲတွေအပြီးမှာတော့  ဆာလက်နဲ့ဗန်ဒိုက်တို့သည် လေ့ကျင့်ရေးကွင်းမှာကြံခိုင်မှုအပြည့်အဝရှိနေခဲ့ပါတယ်။ဂျာဂျင်ကလော့ ကတော့ အားထားရတဲ့ နောက်ခံလူဗန်ဒိုက်နဲ့တိုက်စစ်ကစားသမား ဆာလက်တို့ကြံခိုင်မှုမပြည့်ဝမှာ စိုးရိမ်နေပေမယ့်   စနေနေ့ဟက်ဒါဖီးနဲ့ကစားရမယ့်ပွဲမတိုင်မှီ ပုံမှန်အတိုင်းအသင်းနဲ့ပြန်ပူးပေါင်းခဲ့ပါတယ်။ဒီနှစ်ယောက်လုံးဟာ အသေးစားဒဏ်ရာပြသနာကြောင့်အီဂျစ်နဲ့နယ်သာလန်လူစားရင်ကနေနှုတ်ထွက်လာပေမယ့် ဒီအပတ်ပရီးမီးယားလိဂ်အတွက်တော့ အသင့်ဖြစ်နေကြပါပြီ။လေ့ကျင့်ရေးကွင်းမှာ ဆာလက်ဟာပြုံးဖြဲဖြဲနဲ့စိတ်ဓာတ်တက်ကြွနေတာကို မြင်တွေ့ခဲ့ရပြီး ဗန်ဒိုက်ကလည်း အသင်းဖော်ဂိုးမက်နဲ့သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ရယ်မောနေခဲ့ကြပါတယ်။





ကလော့ရဲ့အသင်းဟာ မန်စီးတီး ချယ်ဆီးတို့နဲ့အတူ ရမှတ်၂၀နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ယုံကြည်မှုတွေ မြင့်တက်နေချိန်လည်း ဖြစ်ပါတယ်။လစ်ဗာငှက်တို့ဟာ ရာသီအစကို အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ပွဲကြပ်ကာလ ကို ဖြတ်သန်းနေရတာဖြစ်ပြီး သူတို့ရဲ့အရှိန်ကိုဆက်လက်ထိန်းထားနိုင်ဖို့ ဒေးဗစ်ဝက်ဂနာ ရဲ့အသင်းကို အနိုင်ယူဖို့ကြိုးစားရမှာပါ။ဗန်ဒိုက်နဲ့ ဆာလက်တို့ကြံခိုင်မှုပြည့်ဝနေတဲ့ဆိုပေမယ့် ကလော့မှာတော့ခေါင်းခဲစရာဒဏ်ရာပြသနာတွေရှိနေဆဲဖြစ်ပြီး ကီတာက ဒကောက်ကြော ဒဏ်ရာရှိနေကာ မာနေးကတော့  လက်ကောက်ဝတ် နာကျင်မှုကိုခံစားနေရပါတယ်။




မန်စီးတီးနဲ့ပွဲမှာလည်း မီနာဟာဒဏ်ရာနဲ့ဝင်ကစားခဲ့ရတာဖြစ်ပြီးလီဗာပူးရဲ့ လက်ရှိလူစာရင်းမှာ ဒဏ်ရာရသူ များပြားနေပါတယ်။''လွန်ခဲ့တဲ့တစ်ပတ်ကျော်က ကစားသမားတိုင်း ဒဏ်ရာကင်းရှင်းပြီး ကျေနပ်အားရစကောင်းနေတယ်။အဲ့ဒီနောက် ကစားသမားအချို့ကို ဆုံးရှုံးခဲ့ရတယ်။ဒါကလက်ရှိအခြေအနေပါပဲ။ကျနော်တို့ရှောင်လွဲမရပါဘူး''လို့ကလော့ကဆိုခဲ့ပါတယ်။




''ဟက်ဒါဖီးနဲ့ပွဲမှာတော့လုံးဝ ကြံခိုင်မှုပြည့်တဲ့သူတွေကိုသာ ပွဲထွက်စေမှာဖြစ်ပြီး ကျနော်တို့ဘာလုပ်နိုင်မလဲစောင့်ကြည့်ကြတာပေါ့။ခင်ဗျားတို့အာလုံး ဒဏ်ရာအခြေနေဘယ်လိုတွေရှိလဲသိချင်ကြမယ်ဆိုတာ ကျနော်သိပါတယ်။ဒါပေမယ့် အခြားအသင်းတွေရဲ့ ဒဏ်ရာပြဿနာအကြောင်းကိုရောဘယ်တုန်းကသိရလို့လဲ။ ဒီလိုပဲကျနော့်အသင်းရဲ့ အခြေအနေတွေကိုလည်း ကမ္ဘာကြီးကို အသိမပေးနိုင်ပါဘူး။အခုတစ်ပတ်ကိုအခြားသူတွေက အင်အား အပြည့်နဲ့ရင်ဆိုင်ကြမှာဖြစ်ပေမယ့် ကျနော့်အသင်းမှာတော့ တစ်ယောက် နှစ်ယောက်လောက် ဒဏ်ရာတွေရှိနေကြတာကြောင့် ကျနော်တို့ပိုကြိုးစားရမှာပါ။ ပြီးတော့ လူစုံတက်စုံရှိမယ့်အချိန်ကို စောင့်ရတော့မှာပေါ့''လို့ ဂျာဂျင်ကလော့ ကပြောသွားခဲ့ပါတယ်။ဟတ်ဒါဖီးနဲ့ပြီးရင် ကာဒစ်နဲ့ပွဲမတိုင်ခင်ချန်ပီယံလိဂ်မှာ ဘဲဂရိတ်ကိုရင်ဆိုင်ရမှာဖြစ်ပြီး ကလော့အတွက် အလုပ်များမယ့်ရက်သတ္တပတ်ပါပဲ။



.

.

No comments

Powered by Blogger.