Header Ads


PSG မွာအမ္ဘာေပးရဲ ့လႊမ္းမိုုးလာမႈေတြေၾကာင့္ဘာကာအသင္းဆီျပန္ေျပာင္းခ်င္ေနတဲ့ေနမာ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

Mundo Deportivo သတင္းစာရဲ ့ေဖာ္ျပခ်က္အရ PSG စတားေနမာဟာသူ ့ရဲ ့အသင္းေဟာင္း ဘာစီလိုုနာအသင္းဆီ ျပန္သြားခ်င္ေနတယ္လိုု ့ဆုုိထားပါတယ္။ဒါ့အျပင္ရီးရဲလ္မက္ဒရစ္အသင္းဟာ သူ ့ကိုေခၚယူဖိုု ့စိတ္၀င္စားေနပါတယ္။ဒါပင္မယ့္လည္း သူ ့ရဲ ့နွလံုုးသားက ဘာကာစီမွာပဲရိွေနတာပါ။ 



ၿပီးခဲ့တဲ့ ၁ႏွစ္က ျပင္သစ္ကလပ္ကို ကမာၻ ့စံခ်ိန္တင္ေျပာင္းေရႊ ့ေၾကးျဖင့္ ေရာက္ရိွလာတဲ့ ဘရာဇီးစတားေနမာဟာ ကမ့္ႏူးက သူ ့ရဲ ့အတိတ္ဘ၀ကိုလြမ္းစြတ္ေနၿပီး အသင္းေဖာ္အမ္ဘာေပးရဲ ့ထြန္းေတာက္လႊမ္းမိုုးလာမႈေတြေၾကာင့္ သူ ့အေနနဲ ့ဘာစီလိုုနာအသင္းဆီျပန္လည္ေျပာင္းေရႊ ့ခ်င္ေနတာပဲျဖစ္ပါတယ္။စပိန္ကသတင္းေထာက္ေတြရဲ ့ေဖာ္ျပခ်က္အရ အသက္၂၆ နွစ္အရြယ္ေနမာဟာ ဒီနွစ္ရာသီအကုုန္မွာကမ့္ႏူးအသင္းဆီေျပာင္းဖိုု ့ေသခ်ာေနတယ္လိုု ့ဆိုုထားပါတယ္။ AS နဲ Mundo Deportivo တို ့ကေတာ့ အဆိုုပါတိုုက္စစ္မွဴးဟာ ဘာစီလိုုနာအသင္းမွာကစားခဲ့တဲ့ ေပ်ာ္ရႊင္စရာျဖစ္ရပ္ေတြကို ျပန္လည္သတိရေနၿပီး အိမ္ျပန္ခ်င္ေနတဲ့စိတ္က တားမရေအာင္ရုုးေလာက္တဲ့အထိခံစားေနရတယ္လိုု ့ဆိုုျပန္ၾကပါတယ္။သူတိုု ့ေတြဆိုုထားၾကျပန္တာကေတာ့ ျပင္သစ္လိပ္ရဲ ့ျပိဳင္ဆိုုင္မႈေတြမရိွေတာ့တာကို ေနမာတစ္ေယာက္စိတ္ပ်က္ေနျပန္တယ္လိုု ့သိရပါတယ္။သူဘာကာ အသင္းကေန ထြက္ခြာခဲ့တဲ့ အဓိကအေၾကာင္းအရင္းတစ္ခ်က္ကလည္း အသင္းရဲ ့ပထမဦးစားေပးအဓိကကစားသမားဟာလီယြန္နယ္မက္ဆီသာ ျဖစ္ၿပီး က်န္တဲ့သူေတြဟာ ဒုုတိယဦးစားေပးေတြျဖစ္ေနတာေၾကာင့္ပဲျဖစ္ပါတယ္။



သူ PSG အသင္းကိုု ေျပာင္းလိုုက္တဲ့အတြက္ေၾကာင့္ သူ ့ကိုုယ္သူ ေအာင္ျမင္ေတာက္ေျပာင္လာနိုုင္ခဲ့ၿပီး မက္ဆီနဲ ့ရိုုနယ္ဒိုုတိုု ့အား ေဘာ္လြန္ဒီေအာ္ဆုုအတြက္ေနာက္ဆံုုးမွာခ်ိန္းေျခာက္လာနိုုင္ခဲ့ၿပီပဲျဖစ္ပါတယ္။သူဟာ ပဲရစ္အသင္းမွာ အေကာင္းဆံုုးကစားနိုုင္ခဲ့ေသာ္လည္း လတ္တေလာသူ ့ရဲ ့အေျခအေနဟာ ၾကယ္တစ္ပြင့္လိုု ထြန္းေတာက္လာတဲ့ အသင္းေဖာ္အမ္ဘာေပးေၾကာင့္ တိမ္ငုုပ္ေနသလိုုျဖစ္လာေနခဲ့ၿပီပဲျဖစ္ပါတယ္။ျပင္သစ္လူငယ္ကစားသမားေလးဟာ ကမာၻ ့ဖလားၿပိဳင္ပြဲကေနစတင္ၿပီး သူ ့ရဲ  ့ပါရမီရွင္ေျခစြမ္းကိုုျပသေနခဲ့ကာ PSG အသင္းရဲ ့စူပါစတားျဖစ္လာေနခဲ့ပါတယ္။ေနမာကိုု ဆက္ထိန္းဖိုု PSG အသင္းဟာလည္း အရင္လိုုဆႏၵသိပ္မရိွေတာ့ပါဘူး။ဒါေၾကာင့္ ေနမာဟာ သူ ့ရဲ ့ခံစားခ်က္ေတြကိုု ပိတ္ကားေတြေအာက္ၿမိဳသိပ္ထားၿပီး လာမယ့္ေႏြရာသီမွာဘာကာဆီျပန္ေျပာင္းဖို ့သာရည္ရြယ္ထားေနပါတယ္။သူသာ ျပန္ေျပာင္းမယ္ဆိုုရင္ ဘာကာအေနနဲ ့သူ ့ရဲ ့ေျပာင္းေရႊ ့ေၾကးကိုုတတ္နိုုင္ပါ့မလားေတာ့ စဥ္းစားစရာပါပဲ။



ဒါပင္မယ့္လည္း နူးကမ္းအသင္းရဲ ့အမႈေဆာင္ေတြကေတာ့ အဆိုုပါသတင္းေတြနဲ ့ပတ္သတ္ၿပီး လက္ခံစဥ္းစားခ်င္ေနတဲ့ အရိပ္အေယာင္ရိွေနပါတယ္။သို ့ေသာ္လည္း ဒီအေျပာင္းအေရႊ ့ျဖစ္လာဖိုု ့ဟန္ ့တားေနတဲ့ အေၾကာင္းျပခ်က္ ၂ရပ္ရိွေနျပန္ပါတယ္။ပထမတစ္ခ်က္က ေငြေရးေၾကးေရးနဲ ့ဒုုတိယအခ်က္က ဘာစီလိုုနာအသင္းက သူ ့ကိုု တကယ္ေရာလိုအပ္ရဲ ့လားဆိုတဲ့ေမးခြန္းပါပဲ။တကယ္လိုု ့အေျပာင္းအေရႊ ့အတြက္ ေငြထုုတ္ေပးနုိင္ရင္ေတာင္မွ ေနာက္ဆံုုးဆံုုးျဖတ္ခ်က္ကေတာ့ အသင္းရဲ ့နည္းျပအဖြဲ ့အ၀င္ေတြနဲ ့ေဆြးေႏြးရမွာျဖစ္ၿပီး အကယ္၍ သူတိုု ့ကသာ အသင္းဟာ လံုုေလာက္တဲ့ အစုုအဖြဲ ့မွာရိွေနၿပီး ွ်ေနတယ္ဆိုရင္ေတာ့ ဘယ္လိုုမွျဖစ္လာနိုုင္စရာမရိွေတာ့ပါဘူး။


တကယ္လိုု ့သာ ေနမာကိုု ျပန္ေခၚခ်င္ရင္ေတာ့ PSG ကိုု ေရာင္းခဲ့တဲ့ ေပါင္ ၁၉၈ သန္းအတိုုင္း ဘာစီလုုိနာအသင္းက ျပန္ေပးေခ်နိုုင္ပါ့မလား??ေနာက္တစ္ခ်က္က PSG အသင္းက ေနမာအတြက္ ပိုုက္ဆံေတြပံုုေအာခဲ့တယ္ဆိုုတာကလည္း သူတိုု ့အသင္းရဲ ့တစ္ကမာၻလံုးဆိုုင္ရာပံုရိပ္ကို ျမွင့္တင္ထားခ်င္လိုု ့ျဖစ္ပါတယ္။မည္သိုု ့ဆိုုေစကာမႈ ေနမာကိုု ေခၚခဲ့လိုု ့ဘဏၰာေရးမ ွ်ေျခအရ စစ္ေဆးျခင္းခံခဲ့ရတဲ့PSG အသင္းရဲ ့ျဖစ္ရပ္ေၾကာင့္ ေနာက္တစ္ၾကိမ္ေနမာ အေျပာင္းအေရႊ ျဖစ္လာမယ္ဆုိ ေနမာ ရဲ ့တန္ဖိုုး ၾကီးမားမႈေတြဟာ ဘာကာအသင္းကိုု လက္တြန္ ့ေစမွာအမွန္ပါပဲ။

(Unicode)



PSG မှာအမ်ဘာပေးရဲ့လွှမ်းမိုးလာမှုတွေကြောင့်ဘာကာအသင်းဆီပြန်ပြောင်းချင်နေတဲ့နေမာ

Mundo Deportivo သတင်းစာရဲ့ဖော်ပြချက်အရ PSG စတားနေမာဟာသူ့ရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းဆီ ပြန်သွားချင်နေတယ်လို့ဆိုထားပါတယ်။ဒါ့အပြင်ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ဒါပင်မယ့်လည်း သူ့ရဲ့နှလုံးသားက ဘာကာစီမှာပဲရှိနေတာပါ။ 



ပြီးခဲ့တဲ့ ၁နှစ်က ပြင်သစ်ကလပ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာတဲ့ ဘရာဇီးစတားနေမာဟာ ကမ့်နူးက သူ့ရဲ့အတိတ်ဘဝကိုလွမ်းစွတ်နေပြီး အသင်းဖော်အမ်ဘာပေးရဲ့ထွန်းတောက်လွှမ်းမိုးလာမှုတွေကြောင့် သူ့အနေနဲ့ဘာစီလိုနာအသင်းဆီပြန်လည်ပြောင်းရွှေ့ချင်နေတာပဲဖြစ်ပါတယ်။စပိန်ကသတင်းထောက်တွေရဲ့ဖော်ပြချက်အရ အသက်၂၆ နှစ်အရွယ်နေမာဟာ ဒီနှစ်ရာသီအကုန်မှာကမ့်နူးအသင်းဆီပြောင်းဖို့သေချာနေတယ်လို့ဆိုထားပါတယ်။ AS နဲ့Mundo Deportivo တို့ကတော့ အဆိုပါတိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းမှာကစားခဲ့တဲ့ ပျော်ရွှင်စရာဖြစ်ရပ်တွေကို ပြန်လည်သတိရနေပြီး အိမ်ပြန်ချင်နေတဲ့စိတ်က တားမရအောင်ရုးလောက်တဲ့အထိခံစားနေရတယ်လို့ဆိုပြန်ကြပါတယ်။သူတို့တွေဆိုထားကြပြန်တာကတော့ ပြင်သစ်လိပ်ရဲ့ပြိုင်ဆိုင်မှုတွေမရှိတော့တာကို နေမာတစ်ယောက်စိတ်ပျက်နေပြန်တယ်လို့သိရပါတယ်။သူဘာကာ အသင်းကနေ ထွက်ခွာခဲ့တဲ့ အဓိကအကြောင်းအရင်းတစ်ချက်ကလည်း အသင်းရဲ့ပထမဦးစားပေးအဓိကကစားသမားဟာလီယွန်နယ်မက်ဆီသာ ဖြစ်ပြီး ကျန်တဲ့သူတွေဟာ ဒုတိယဦးစားပေးတွေဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။



သူ PSG အသင်းကို ပြောင်းလိုက်တဲ့အတွက်ကြောင့် သူ့ကိုယ်သူ အောင်မြင်တောက်ပြောင်လာနိုင်ခဲ့ပြီး မက်ဆီနဲ့ရိုနယ်ဒိုတို့အား ဘော်လွန်ဒီအော်ဆုအတွက်နောက်ဆုံးမှာချိန်းခြောက်လာနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။သူဟာ ပဲရစ်အသင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့သော်လည်း လတ်တလောသူ့ရဲ့အခြေအနေဟာ ကြယ်တစ်ပွင့်လို ထွန်းတောက်လာတဲ့ အသင်းဖော်အမ်ဘာပေးကြောင့် တိမ်ငုပ်နေသလိုဖြစ်လာနေခဲ့ပြီပဲဖြစ်ပါတယ်။ပြင်သစ်လူငယ်ကစားသမားလေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေစတင်ပြီး သူ့ရဲ့ပါရမီရှင်ခြေစွမ်းကိုပြသနေခဲ့ကာ PSG အသင်းရဲ့စူပါစတားဖြစ်လာနေခဲ့ပါတယ်။နေမာကို ဆက်ထိန်းဖို့PSG အသင်းဟာလည်း အရင်လိုဆန္ဒသိပ်မရှိတော့ပါဘူး။ဒါကြောင့် နေမာဟာ သူ့ရဲ့ခံစားချက်တွေကို ပိတ်ကားတွေအောက်မြိုသိပ်ထားပြီး လာမယ့်နွေရာသီမှာဘာကာဆီပြန်ပြောင်းဖို့သာရည်ရွယ်ထားနေပါတယ်။သူသာ ပြန်ပြောင်းမယ်ဆိုရင် ဘာကာအနေနဲ့သူ့ရဲ့ပြောင်းရွှေ့ကြေးကိုတတ်နိုင်ပါ့မလားတော့ စဉ်းစားစရာပါပဲ။



ဒါပင်မယ့်လည်း နူးကမ်းအသင်းရဲ့အမှုဆောင်တွေကတော့ အဆိုပါသတင်းတွေနဲ့ပတ်သတ်ပြီး လက်ခံစဉ်းစားချင်နေတဲ့ အရိပ်အယောင်ရှိနေပါတယ်။သို့သော်လည်း ဒီအပြောင်းအရွှေ့ဖြစ်လာဖို့ဟန့်တားနေတဲ့ အကြောင်းပြချက် ၂ရပ်ရှိနေပြန်ပါတယ်။ပထမတစ်ချက်က ငွေရေးကြေးရေးနဲ့ဒုတိယအချက်က ဘာစီလိုနာအသင်းက သူ့ကို တကယ်ရောလိုအပ်ရဲ့လားဆိုတဲ့မေးခွန်းပါပဲ။တကယ်လို့အပြောင်းအရွှေ့အတွက် ငွေထုတ်ပေးနိုင်ရင်တောင်မှ နောက်ဆုံးဆုံးဖြတ်ချက်ကတော့ အသင်းရဲ့နည်းပြအဖွဲ့အဝင်တွေနဲ့ဆွေးနွေးရမှာဖြစ်ပြီး အကယ်၍ သူတို့ကသာ အသင်းဟာ လုံလောက်တဲ့ အစုအဖွဲ့မှာရှိနေပြီး မ ျှနေတယ်ဆိုရင်တော့ ဘယ်လိုမှဖြစ်လာနိုင်စရာမရှိတော့ပါဘူး။

တကယ်လို့သာ နေမာကို ပြန်ခေါ်ချင်ရင်တော့ PSG ကို ရောင်းခဲ့တဲ့ ပေါင် ၁၉၈ သန်းအတိုင်း ဘာစီလိုနာအသင်းက ပြန်ပေးချေနိုင်ပါ့မလား??နောက်တစ်ချက်က PSG အသင်းက နေမာအတွက် ပိုက်ဆံတွေပုံအောခဲ့တယ်ဆိုတာကလည်း သူတို့အသင်းရဲ့တစ်ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကို မြှင့်တင်ထားချင်လို့ဖြစ်ပါတယ်။မည်သို့ဆိုစေကာမှု နေမာကို ခေါ်ခဲ့လို့ဘဏ္ဏာရေးမ ျှခြေအရ စစ်ဆေးခြင်းခံခဲ့ရတဲ့PSG အသင်းရဲ့ဖြစ်ရပ်ကြောင့် နောက်တစ်ကြိမ်နေမာ အပြောင်းအရွှေ့ ဖြစ်လာမယ်ဆို နေမာ ရဲ့တန်ဖိုး ကြီးမားမှုတွေဟာ ဘာကာအသင်းကို လက်တွန့်စေမှာအမှန်ပါပဲ။

No comments

Powered by Blogger.