Header Ads








Unicode သမားများအောက်ဆွဲဖတ်ပေးပါ။







(Unicode)

ဇီဒန်းတစ်ယောက် ရီးရဲလ်အသင်းကို စွန့်ခွာခဲ့ရတဲ့အကြောင်းအရင်းကိုဖွင့်ဟဝန်ခံပြောကြားလိုက်တဲ့အေးဂျင့်


ဇီဒန်းရဲ့အေးဂျင့် Alain Migliaccioက ရီးရဲလ်မက်ဒရစ်အသင်း ထံမှ မမျှော်လင့်ဘဲဇီဒန်းထွက်ခွာခဲ့ရခြင်းအကြောင်းအရင်းကိုရှင်းပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီအကုန်မှာပြင်သစ်သား ဇီဒန်းက ချန်ပီယံလိဂ်ဖလားကို ရီးရဲလ်အသင်းအတွက် ၃ကြိမ်ဆက်တိုက်ရယူပေးခဲ့ပြီးတဲ့နောက်မှာ အဆိုပါအောင်မြင်မှုကိုဆက်လက်ရယူတော့ခြင်းမရှိဘဲ အသင်းက နေထွက်ခွာခဲ့ပါတယ်။ဒီအဖြစ်အပျက်ပြီးတဲ့နောက်လူတော်တော်များက သူဘာကြောင့်ထွက်ခွာလဲဆိုတာ ကိုထင်ကြေးအမျိုးမျိုးပေးကာ ပြောဆိုနေကြပါတယ်။

"သူစိတ်ထိခိုက်လွယ်လာတာကြောင့်ပါ။သူကအသင်းနဲ့တစ်နှစ်အချိန်ကုန်အောင်လုပ်ပြီးအသင်းကနေထွက်ခွာမယ်လို့ရွေးချယ်ဆုံးဖြတ်ခဲ့တယ်။ပြီးတော့သူက အနောက်ကိုပြန်မသွားတက်ဘူး။ဆိုလိုတာက နောက်ကြောင်းမလှည်တက်ဘူး။”လို့ Migliaccioက Du Dimanche ဂျာနယ်ကိုပြောပြခဲ့ပါတယ်။

"ဘယ်လိုဖြစ်ဖြစ် ဇီဒန်းအလုပ်တစ်ခုလုပ်နိုင်ခဲ့ပါတယ်။ပြီးတော့သူရဲ့နေရာဟောင်းကိုပြန်သွားခဲ့ပါတယ်။ဂျူဗင်တပ်စ်အသင်းကိုလား?ဒါကဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ သူအဲဒီမှာသမိုင်းကြောင်းတွေအတိတ်တွေအများကြီးပုန်းအောင်းနေတယ်လေ အဲဒီအသင်းက သူရဲ့ကလပ်တွေထဲက နှလုံးသားတစ်ခုပါ"

ဒီအချက်ကတော့ လက်ရှိဇီဒန်းက အသင်းလက်မဲ့ဖြစ်နေပြီးဒါကြောင့် လက်ရွေးစင်အသင်းတော်တော်များများက သူကိုချိတ်ဆက်ခဲ့ပါတယ်။ကလပ်အသင်းထဲကဆိုရင်ယူနိုက်တက်အသင်းနှင့်ဘိုင်ယန်မြူးနစ်အသင်းတို့ကခေါ်ယူရန်ချိတ်ဆက်ခဲ့ပြီးအဆိုပါအသင်းတွေရဲ့နည်းပြတွေဖြစ်ကြတဲ့ မော်ရင်ဟိုနှင့် Nico Kovacတို့က ဖိအားတွေအောက်မှာတော်တော်ရုန်းကန်နေရပါတယ်။

No comments

Powered by Blogger.