Header Ads




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။



ပြီးခဲ့တဲ့ရက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ နယ်သာလန်အသင်းနှင့် ဂျာမန်ီအသင်းမှာပွဲစဉ်မှာ နယ်သာလန်အသင်းက ဂိုးပြတ်နှင့်အနိုင်ရရှိခဲ့ပြီး နောက် နယ်သာလန်အသင်းဘောလုံးအဖွဲ့ချုပ်က ဗန်ဒိုက်အနေနှင့် အင်္ဂါနေ့မှာယှဉ်ပြိုင်ကစားမည့် လာမည့်ဘယ်လ်ဂျီယမ်အသင်းနှင့် ပွဲစဉ်မှာပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။








(Unicode)

လီဗာပူးလ်အသင်းရဲ့အရေးကြီးဆုံးကစားသမား ၂ဦး ဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့နေရပါတယ်။

လီဗာပူးလ်အသင်း က သူတို့ရဲ့အဓိက ကစားသမား တွေဖြစ်ကြတဲ့ ဗန်ဒိုက်နှင့် ဆာလာတို့ဟာ ဒဏ်ရာပြဿနာကြောင့် သူတို့ရဲ့နိုင်ငံလက်ရွေးစင်အသင်းမှာ စောလျင်စွာပြန်လာခဲ့ပြီးနောက်မှာသူတိုအပေါ် စိုးရိမ်ပူပန်မှုတွေလျော့ကျသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ နယ်သာလန်အသင်းနှင့် ဂျာမန်ီအသင်းမှာပွဲစဉ်မှာ နယ်သာလန်အသင်းက ၃ဂိုးပြတ်နှင့်အနိုင်ရရှိခဲ့ပြီး နောက် နယ်သာလန်အသင်းဘောလုံးအဖွဲ့ချုပ်က ဗန်ဒိုက်အနေနှင့် အင်္ဂါနေ့မှာယှဉ်ပြိုင်ကစားမည့် လာမည့်ဘယ်လ်ဂျီယမ်အသင်းနှင့် ပွဲစဉ်မှာပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဗန်ဒိုက်ဟာ လက်ရှိနံရိုးဒဏ်ရာမပျောက်ကင်းသေးဘဲယခုအခုချိန်ထိ ကုသနေရဆဲဖြစ်ပါတယ်။အဆိုပါဒဏ်ရာကို ပြိးခဲ့တဲ့လ က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆောက်သမ်ပတန် အသင်းနှင့်ပွဲစဉ်မှာ ရရှိခဲ့ပါတယ်။အဲဒီဒဏ်ရာရရှိခဲ့ပြီးတဲ့နောက်အသင်းဆေးဆရာဝန်နဲ့တိုင်ပင်ကာ ဘေဆယ်အသင်းနှင့်ပွဲစဉ်မှာဝင်ရောက်ကစားခဲ့ပါတယ်။

ဆာလာက သူရဲ့လက်ရွေးစင်အသင်းအီဂျစ်မှာ ပါဝင်ကစားစဉ်က ကြွက်သားဒဏ်ရာရရှိခဲ့ပြီး အီဂျစ်အသင်းလက်ရွေးစင်အသင်းပွဲစဉ်နောက်တစ်ခုမှာ မပါဝင်နိုင်တော့ဘူးလို့သိရပါတယ်။

ဆာလာက အီဂျစ်အသင်းအတွက် ထောင့်ကန်ဘောမှတဆင့် တိုက်ရိုက်သွင်းယူပေးနိုင်ခဲ့ပါတယ်။ဆာလာက သူရဲ့လူမှုကွန်ရက် အင်စတာဂရမ်မှာ အင်္ဂလန်မြေကိုပြန်လာပြီးဖြစ်ကြောင်းအသိပေးခဲ့တဲ့သဘောနှင့်သူပုံကိုတင်ထားခဲ့ပါတယ်။ဆာလာက မေးထောက်ကာ စိတ်ညစ်နေတဲ့ပုံစံ ပေါက်နေတဲ့တင်ထားခဲ့ပါတယ်။

ဆာလာရော ဗန်ဒိုက်က လာမည့်စနေနေ့မှာယှဉ်ပြိုင်ကစားမည့် အဝေးကွင်းပွဲစဉ်မှာပါဝင်နိုင်ဖို့မသေချာဖြစ်နေပါတယ်။အကြောင်းအရင်းက ကြံ့ခိုင်ရေးပြည့်ဝဖို့ အတွက် အဓိကထားနေတယ်လို့သတင်းရရှိပါတယ်။

No comments

Powered by Blogger.