လက္စတာနဲ ့ပြဲမွာဂႏၱ၀င္ေျမာက္ေျခစြမ္းေတြရဲ ့ေနာက္ကြယ္ကအိုုေဇးလ္ရဲ ့ေမွာ္၀င္ကိန္းဂဏန္းမ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ကၽြန္ေတာ္တိုု ့ေတြအိုုေဇးလ္နဲ ့ပတ္သတ္ၿပီးဒီစကားေတြၾကားဖူးေနၾကပါ။ “ အိုုေဇးလ္မွာပံုုမွန္ေျခမရိွပါဘူးကြာ။အိုုေဇးလ္ဟာပြဲၾကီးေတြက်ရင္အသံုုမ၀င္ပါဘူးကြာ။အိုုေဇးလ္ဟာအရင္လိုုေျခစြမ္းမ်ိဳးမရိွေတာ့ပါဘူးကြာ။”
ဟုုတ္ပါတယ္။ဒီလိုုအမ်ားကေျပာၾကတဲ့စကားေတြကလည္း အိုေဇးလ္ရဲ ့တကယ့္သရုုပ္မွန္ကိုု ေဖာ္ျပေနသေယာင္ပါပဲ။ဒါပင္မယ့္လည္း အာဆင္နယ္ရဲ ့နံပါတ္၁၀ ဟာ မေန ့ညကကစားခဲ့တဲ့လက္စတာနဲ ့ပြဲမွာသူ ့ရဲ့ေျခစြမ္းအေပၚသံသယျဖစ္ေနၿပီးေ၀ဖန္သူေတြမွားယြင္းေနေၾကာင္းသက္ေသျပလိုုက္ပါၿပီ။ဒါဟာ၂၀၁၃ ခုုနွစ္က အာဆင္နယ္ကိုု စေရာက္ခဲ့ၿပီးေနာက္ပိုုင္း သူ ့ရဲ ့အေကာင္းဆံုုးစြမ္းေဆာင္ရည္ေတြထဲကတစ္ခုကိုုျပသလိုုက္တာပဲျဖစ္ပါတယ္။
အသက္၃၀အရြယ္ဂ်ာမန္သားဟာ ပရီးမီးယားလိပ္သမိုုင္းမွာလက္စတာနဲ ့ေတြ ့တိုုင္းဂိုုးအမ်ားဆံုုးသြင္းယူနိုုင္တဲ့ ဂ်ာမန္သားတစ္ေယာက္ျဖစ္လာခဲ့သလိုု ကြင္းထဲမွာလည္းတျခားမည္သည့္ကစားသမားထက္မဆိုုေဘာလံုုးေပးပိုု ့နိုုင္စြမ္းအမ်ားဆံုုးကစားသမားအျဖစ္စံခ်ိန္တင္ထားတယ္လိုု ့သိရပါတယ္။
မေန ့ညက ၃-၁ ျဖင့္အနိုုင္ရတဲ့ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္တာ၀န္ယူခဲ့တဲ့အိုုေဇးလ္ဟာ ကြင္းထဲမွာ ဂိုုးရမယ့္အခြင့္အေရးမ်ားစြာဖန္တီးေပးခဲ့တဲ့ကစားသမားအျဖစ္သတ္မွတ္ခံခဲ့ရသလိုု လာကာဇက္၊အီ၀ိုုဘီနဲ ့အူဘာမီးယန္းတိုု ့ဂိုုးသြင္းနိုုင္ဖိုု ့အခြင့္အေရး ၄ၾကိမ္အထိဖန္တီးေပးထားခဲ့တာပဲျဖစ္ပါတယ္။
ဒါ့အျပင္ တိုုက္စစ္မွဴး အူဘာမီးယန္းရဲ ့ဒုုတိယဂိုုးကိုု ေနာက္ဖေနာင့္နဲ ့လွပစြာဖန္တီးေပးခဲ့ၿပီး ပရိတ္သတ္ေတြကိုု အံၾသမင္သက္သြားရေအာင္ အိုေဇးလ္ရဲ ့ေမွာ္ဆန္တဲ့ ဂႏၱ၀င္ေျမာက္ဖန္တီးေပးမႈပဲျဖစ္ပါတယ္။ပြဲၿပီးဆံုုးတဲ့အခ်ိန္မွာေတာ့ အိုုေဇးလ္က အာဆင္နယ္ကစားပံုုဟာ ဆြဲေဆာင္မႈအလြန္ရိွၿပီး “ Sexy Football ” လို ့တင္စားအမႊန္းတင္ခ်ီးက်ဴးခဲ့ၿပီး နည္းျပအူးနိုုင္အမ္မရီရဲ ့လက္ထက္အေတာ္ေကာင္းမြန္တဲ့ ယံုုၾကည္မႈကိုုျပသလိုုက္တာပဲျဖစ္ပါတယ္။
ၿပီးခဲ့တဲ့လမ်ားအတြင္းမွာေတာ့ဂ်ာမနီေဘာလံုုးအဖြဲ ့ခ်ဳပ္က သူ ့အေပၚခြဲျခားဆက္ဆံပံုုေတြေၾကာင့္ အိုုေဇးလ္တစ္ေယာက္ဂ်ာမနီလက္ေရြးစင္ကစားသမားဘ၀ကိုုစြန္ ့လႊတ္ခဲ့သလိုု အာဆင္နယ္ပရိတ္သတ္မ်ားကသူ ့ကိုုတစ္ခ်ိဳ ့ပြဲေတြမွာ ငပ်င္းကစားဟန္နဲ ့ကစားတယ္လိုု ့ေ၀ဖန္အျပစ္တင္ဖူးၾကတာပဲျဖစ္ပါတယ္။
အိုုေဇးလ္ဟာသူ ့ရဲ ့ေမွာ္၀င္ေျခစြမ္းေတြကို ေနာက္ပြဲေတြမွာေရာဆက္ထိန္းနိုုင္ပါ့မလား??
(Unicode)
လက်စတာနဲ့ပွဲမှာဂန္တဝင်မြောက်ခြေစွမ်းတွေရဲ့နောက်ကွယ်ကအိုဇေးလ်ရဲ့မှော်ဝင်ကိန်းဂဏန်းများ
ကျွန်တော်တို့တွေအိုဇေးလ်နဲ့ပတ်သတ်ပြီးဒီစကားတွေကြားဖူးနေကြပါ။ “ အိုဇေးလ်မှာပုံမှန်ခြေမရှိပါဘူးကွာ။အိုဇေးလ်ဟာပွဲကြီးတွေကျရင်အသုံမဝင်ပါဘူးကွာ။အိုဇေးလ်ဟာအရင်လိုခြေစွမ်းမျိုးမရှိတော့ပါဘူးကွာ။”
ဟုတ်ပါတယ်။ဒီလိုအများကပြောကြတဲ့စကားတွေကလည်း အိုဇေးလ်ရဲ့တကယ့်သရုပ်မှန်ကို ဖော်ပြနေသယောင်ပါပဲ။ဒါပင်မယ့်လည်း အာဆင်နယ်ရဲ့နံပါတ်၁၀ ဟာ မနေ့ညကကစားခဲ့တဲ့လက်စတာနဲ့ပွဲမှာသူ့ရဲ့ခြေစွမ်းအပေါ်သံသယဖြစ်နေပြီးဝေဖန်သူတွေမှားယွင်းနေကြောင်းသက်သေပြလိုက်ပါပြီ။ဒါဟာ၂၀၁၃ ခုနှစ်က အာဆင်နယ်ကို စရောက်ခဲ့ပြီးနောက်ပိုင်း သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေထဲကတစ်ခုကိုပြသလိုက်တာပဲဖြစ်ပါတယ်။
အသက်၃၀အရွယ်ဂျာမန်သားဟာ ပရီးမီးယားလိပ်သမိုင်းမှာလက်စတာနဲ့တွေ့တိုင်းဂိုးအများဆုံးသွင်းယူနိုင်တဲ့ ဂျာမန်သားတစ်ယောက်ဖြစ်လာခဲ့သလို ကွင်းထဲမှာလည်းတခြားမည်သည့်ကစားသမားထက်မဆိုဘောလုံးပေးပို့နိုင်စွမ်းအများဆုံးကစားသမားအဖြစ်စံချိန်တင်ထားတယ်လို့သိရပါတယ်။
မနေ့ညက ၃-၁ ဖြင့်အနိုင်ရတဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တဲ့အိုဇေးလ်ဟာ ကွင်းထဲမှာ ဂိုးရမယ့်အခွင့်အရေးများစွာဖန်တီးပေးခဲ့တဲ့ကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရသလို လာကာဇက်၊အီဝိုဘီနဲ့အူဘာမီးယန်းတို့ဂိုးသွင်းနိုင်ဖို့အခွင့်အရေး ၄ကြိမ်အထိဖန်တီးပေးထားခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် တိုက်စစ်မှူး အူဘာမီးယန်းရဲ့ဒုတိယဂိုးကို နောက်ဖနောင့်နဲ့လှပစွာဖန်တီးပေးခဲ့ပြီး ပရိတ်သတ်တွေကို အံသြမင်သက်သွားရအောင် အိုဇေးလ်ရဲ့မှော်ဆန်တဲ့ ဂန္တဝင်မြောက်ဖန်တီးပေးမှုပဲဖြစ်ပါတယ်။ပွဲပြီးဆုံးတဲ့အချိန်မှာတော့ အိုဇေးလ်က အာဆင်နယ်ကစားပုံဟာ ဆွဲဆောင်မှုအလွန်ရှိပြီး “ Sexy Football ” လို့တင်စားအမွှန်းတင်ချီးကျူးခဲ့ပြီး နည်းပြအူးနိုင်အမ်မရီရဲ့လက်ထက်အတော်ကောင်းမွန်တဲ့ ယုံကြည်မှုကိုပြသလိုက်တာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့လများအတွင်းမှာတော့ဂျာမနီဘောလုံးအဖွဲ့ချုပ်က သူ့အပေါ်ခွဲခြားဆက်ဆံပုံတွေကြောင့် အိုဇေးလ်တစ်ယောက်ဂျာမနီလက်ရွေးစင်ကစားသမားဘဝကိုစွန့်လွှတ်ခဲ့သလို အာဆင်နယ်ပရိတ်သတ်များကသူ့ကိုတစ်ချို့ပွဲတွေမှာ ငပျင်းကစားဟန်နဲ့ကစားတယ်လို့ဝေဖန်အပြစ်တင်ဖူးကြတာပဲဖြစ်ပါတယ်။
အိုဇေးလ်ဟာသူ့ရဲ့မှော်ဝင်ခြေစွမ်းတွေကို နောက်ပွဲတွေမှာရောဆက်ထိန်းနိုင်ပါ့မလား??
Post a Comment