Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လက်ရှိမက်ဆီဟာ အသက် ၃၁အတွင်းသို့ ဝင်ရောက်နေပြီဖြစ်ပြီး ယခုနှစ်ရာသီမှာဘာစီလိုနာအသင်းအတွက်သူရဲ့အရေးပါမှုကိုသက်သေပြနိုင်ဖို့အရေးကြီးနေပါပြီ။
(Unicode)
မက်ဆီရဲ့စာချုပ်အသစ်မှာသင်တို့မသိလိုက်တဲ့ထူးခြားတဲ့အချက်အလက်
ဘာစီလိုနာ အသင်းက လီယွန်နယ်မက်စီကို စာချုပ်သက်တမ်းတိုးဖို့ပြင်ဆင်နေပြီး မက်ဆီက အသင်းနှင့် ၂၀၂၂ဆိုရင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းသူတို့ရဲ့စီမံကိန်းတွေမှာမက်ဆီပါဝင်တာကြောင့်သူတို့အနေနှင့်စာချုပ်သက်တမ်းမကုန်မီ တိုးမြှင့်နေကြပါတယ်လို့ စပိန်မီဒီယာ Mundo Deportivoကဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ က ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်ကစားသမား မက်ဆီဟာ.အသင်းနှင့်စာချုပ်သက်တမ်တိုးမြှင့်ခဲ့ပြီး သူက နူးကမ့်မှာ ၂၀၂၁အထိဆက်လက်ရှိနေမှာဖြစ်ပါတယ်။
သို့သော်စပိန်ဘီလူးကြီးဘာစီလိုနာက မက်ဆီကိုဆုံးရှုံးမှာစိုးရိမ်ပူပန်နေပြီး ၂၀၂၂စာချုပ်ကိုထပ်မံတိုးမြှင့်ဖို့လုပ်ဆောင်မေပါတယ်။
လက်ရှိမက်ဆီနှင့်ချုပ်ဆိုထားတဲ့စာချုပ်မှာ ပါဝင်တဲ့ထူးခြားတဲ့အချက်အလက်တွေကတော့ စာချုပ်သက်တမ်းကျန်ရှိနေစဉ် အကယ်၍ သူအသင်းမှထွက်ခွာခဲ့လျှင်ဥရောပထိပ်သီးအသင်းတွေကိုပြောင်းရွေ့ခွင့်မရှိဘူးဆိုတဲ့အချက်အလက်ပါ ပါဝင်ထားပါတယ်။
ဒါကြောင့်မက်ဆီအနေနှင့်အသင်းပြောင်းရွေ့ချင်ရင်တောာင် သူရဲ့ကလပ်ဟောင်းနယူးဝဲလ်အိုးဘွိုင်းအသင်းကိုပဲပြောင်းရွေ့ကာ အာဂျင်တီးနားမြေကိုပြန်လာရမည်လို့ဆိုပါတယ်။
လက်ရှိမက်ဆီဟာ အသက် ၃၁အတွင်းသို့ဝင်ရောက်နေပြီဖြစ်ပြီး ယခုနှစ်ရာသီမှာဘာစီလိုနာအသင်းအတွက်သူရဲ့အရေးပါမှုုကိုသက်သေပြနိုင်ဖို့အရေးကြီးနေပါပြီ။
သူရဲ့လက်ရှိစာချုပ်အရ တန်ဖိုးက ယူရိုသန်း၇၀၀တန်ဖိုးရှိပါတယ်။
Post a Comment