Header Ads


ရီးရဲလ္မက္ဒရစ္နဲ ့Clasico ပြဲကိုေသခ်ာေပါက္လြဲေခ်ာ္မယ့္မက္ဆီ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဆီဗီလားနဲ ့ပြဲမွာညာဘက္လက္ေမာင္းဒဏ္ရာရရိွခဲ့တဲ့ဘာကာစတားလီယြန္နယ္မက္ဆီဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ့EI Clasico ပြဲရယ္ အင္တာမီလန္နဲ ့ကစားမယ့္ ခ်န္ပီယံလိပ္ပြဲစဥ္၂ေက်ာ ့လံုုးလြဲေခ်ာ္ေတာ့မည္ျဖစ္ေၾကာင္း သိရပါတယ္။အထူးသျဖင့္ ၃ပတ္ေက်ာ္ေလာက္ပါ၀င္ကစားခြင့္ရမွာမဟုုတ္ပါဘူး။



မက္ဆီဟာညာလက္ေမာင္းပင္မအရိုုးအက္သြားတဲ့ဒဏ္ရာရရိွခဲ့တယ္လို ့ဘာစီလိုုနာအသင္းကအတည္ျပဳေျပာၾကားခဲ့ပါတယ္။ေဘာ္လြန္ဒီေအာ္၅ၾကိမ္ဆုုရ ကစားသမားဟာ မေန ့ညကနူးကမ့္မွာကစားခဲ့တဲ့ ဆီဗီလားအသင္းနဲ ့လာလီဂါပြဲမွာပြဲကစားခ်ိန္၁၇မိနစ္ေလာက္အေရာက္ ညာလက္ေမာင္းအေတာ္ေလးဒဏ္ရာျပင္းထန္စြာရရိွခဲ့ပါတယ္။ဒါေၾကာင့္မက္ဆီကိုကြင္းေဘးမွာ ေဆးအဖြဲ ့ကကုသေပးခဲ့ၿပီး သူ ့ရဲ ့ညာလက္ေမာင္းကိုုပတ္တီးစည္းေပးခဲ့ပါတယ္။ဒါပင္မယ့္လည္းမက္ဆီဟာ သိသိသာသာအေတာ္ေလးနာက်င္ခံစားေနရတာျဖစ္ၿပီး ပြဲကိုုဆက္ကစားဖိုု ့မျဖစ္နိုုင္ခဲ့တာေၾကာင့္ ပြဲကစားခ်ိန္၂၆မိနစ္အေရာက္ ဒမ္ဘာလီနဲ ့လူစားလဲခဲ့ရပါတယ္။




မက္ဆီဟာ ဘာစီလိုုနာသင္းကိုု အဆိုပါပြဲမွာ - ျဖင့္ ဦးေဆာင္နိုုင္ေအာင္စြမ္းေဆာင္ေပးခဲ့ၿပီး ပြဲကစားခ်ိန္ ၁၂မိနစ္မွာ ဒုုတိယဂိုုးသြင္းယူေပးခဲ့သလိုု ေကာ္တင္ဟိုရဲ ့အဖြင့္ဂိုုးကိုုလည္းဖန္တီးေပးခဲ့ပါေသးတယ္။ဒါပင္မယ့္လည္းအမွတ္မထင္ရရိွသြားခဲ့တဲ့ဒဏ္ရာက သူ ဦးေဆာင္ေနတဲ့ ဘာစီလိုုနာအသင္းအတြက္ေတာ္ေတာ္ေလးထိခိုုက္ေစခဲ့ၿပီးအထူးသျဖင့္ အသင္းရဲ ့အေရးပါတဲ့ပြဲစဥ္ေတြကိုုပါ၀င္ခြင့္မရေတာ့ပါဘူး။ဘာကာအသင္းဟာ ရီးရဲလ္အသင္းနဲ ့မကစားခင္ အင္တာမီလန္အသင္းနဲ ့ခ်န္ပီယံလိပ္ပြဲကိုု ရင္ဆိုုင္ရမွာပဲျဖစ္ပါတယ္။ကတ္တလန္အသင္းဟာ အေ၀းကြင္း၃ပြဲဆက္တိုုက္ကစားရေတာ့မွာပဲျဖစ္ပါတယ္။

(Unicode)

ရီးရဲလ်မက်ဒရစ်နဲ့Clasico ပွဲကိုသေချာပေါက်လွဲချော်မယ့်မက်ဆီ

ဆီဗီလားနဲ့ပွဲမှာညာဘက်လက်မောင်းဒဏ်ရာရရှိခဲ့တဲ့ဘာကာစတားလီယွန်နယ်မက်ဆီဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့EI Clasico ပွဲရယ် အင်တာမီလန်နဲ့ကစားမယ့် ချန်ပီယံလိပ်ပွဲစဉ်၂ကျော့လုံးလွဲချော်တော့မည်ဖြစ်ကြောင်း သိရပါတယ်။အထူးသဖြင့် ၃ပတ်ကျော်လောက်ပါဝင်ကစားခွင့်ရမှာမဟုတ်ပါဘူး။

မက်ဆီဟာညာလက်မောင်းပင်မအရိုးအက်သွားတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ဘာစီလိုနာအသင်းကအတည်ပြုပြောကြားခဲ့ပါတယ်။ဘော်လွန်ဒီအော်၅ကြိမ်ဆုရ ကစားသမားဟာ မနေ့ညကနူးကမ့်မှာကစားခဲ့တဲ့ ဆီဗီလားအသင်းနဲ့လာလီဂါပွဲမှာပွဲကစားချိန်၁၇မိနစ်လောက်အရောက် ညာလက်မောင်းအတော်လေးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ဒါကြောင့်မက်ဆီကိုကွင်းဘေးမှာ ဆေးအဖွဲ့ကကုသပေးခဲ့ပြီး သူ့ရဲ့ညာလက်မောင်းကိုပတ်တီးစည်းပေးခဲ့ပါတယ်။ဒါပင်မယ့်လည်းမက်ဆီဟာ သိသိသာသာအတော်လေးနာကျင်ခံစားနေရတာဖြစ်ပြီး ပွဲကိုဆက်ကစားဖို့မဖြစ်နိုင်ခဲ့တာကြောင့် ပွဲကစားချိန်၂၆မိနစ်အရောက် ဒမ်ဘာလီနဲ့လူစားလဲခဲ့ရပါတယ်။

မက်ဆီဟာ ဘာစီလိုနာသင်းကို အဆိုပါပွဲမှာ ၂-၀ ဖြင့် ဦးဆောင်နိုင်အောင်စွမ်းဆောင်ပေးခဲ့ပြီး ပွဲကစားချိန် ၁၂မိနစ်မှာ ဒုတိယဂိုးသွင်းယူပေးခဲ့သလို ကော်တင်ဟိုရဲ့အဖွင့်ဂိုးကိုလည်းဖန်တီးပေးခဲ့ပါသေးတယ်။ဒါပင်မယ့်လည်းအမှတ်မထင်ရရှိသွားခဲ့တဲ့ဒဏ်ရာက သူ ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းအတွက်တော်တော်လေးထိခိုက်စေခဲ့ပြီးအထူးသဖြင့် အသင်းရဲ့အရေးပါတဲ့ပွဲစဉ်တွေကိုပါဝင်ခွင့်မရတော့ပါဘူး။ဘာကာအသင်းဟာ ရီးရဲလ်အသင်းနဲ့မကစားခင် အင်တာမီလန်အသင်းနဲ့ချန်ပီယံလိပ်ပွဲကို ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ကတ်တလန်အသင်းဟာ အဝေးကွင်း၃ပွဲဆက်တိုက်ကစားရတော့မှာပဲဖြစ်ပါတယ်။


No comments

Powered by Blogger.