Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မန်စီးတီးကို ၆-၁ဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲနဲ့ပတ်သတ်ပြီးယူနိုက်တက်ကိုလှောင်ပြောင်လိုက်တဲ့ဘာလော့တယ်လီ
မာရီယိုဘာလော့တယ်လီဟာ ၂၀၁၃ခုနှစ်က မန်စီးတီးအသင်းကနေထွက်ခွာလာခဲ့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်းတိုက်စစ်မှူးဟာ ကလပ်နဲ့ခိုင်မာတဲ့ဆက်ဆံရေးတွေအခုထိရှိနေတုန်းပါပဲ။
နိုက်စ်အသင်းရဲ့တိုက်စစ်မှူးဘာလော့တယ်လီက သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ မန်စီးတီးရဲ့အိုထရက်ဖို့ဒ်မှာ ၆-၁ ဖြင့်နိုင်ခဲ့တဲ့ပွဲနဲ့ပတ်သတ်တဲ့ပုံတွေကိုတင်ခဲ့ပြီး အဆိုပါပွဲဟာ ၂၀၁၁ အောက်တိုဘာ ၂၃ရက် နေ့ဒီနေ့လို နေ့မျိုးမှာကန်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့် ၇နှစ်ပြည့်မြောက်တဲ့အနေနဲ့ဘာလော့တယ်လီက ယူနိုက်တက်အသင်းကို အဆိုပါဂိုးပြတ်အရှုံးနဲ့ပတ်သတ်ပြီး troll လိုက်တာပဲဖြစ်ပါတယ်။အီတလီသားဟာ အဆိုပါပွဲမှာယူနိုက်တက်ဘက်ကို ၂ဂိုးအထိသွင်းယူခဲ့ပြီး သူ့ရဲ့ဒါဘီအမှတ်တရကိုဖန်တီးပေးခဲ့သလို ဂိုးသွင်းအောင်ပွဲခံတဲ့အချိန်မှာလည်း သူ့ရဲ့အတွင်းအကျီ ၤမှာ “ why always me?” ဆိုတဲ့စာသားကို ပြိုင်ဘက်ပရိတ်သတ်တွေရှေ့လှန်ပြခဲ့တာပဲဖြစ်ပါတယ်။
ဘာလော့တယ်လီက အင်စတာဂရမ်ပေါ်မှာ ဒီလို ရေးသားခဲ့ပါတယ်။ “ ဒီနေ့ကို ဘယ်တော့မှမမေ့လိုက်ပါနဲ့မန်ချက်စတာယူနိုက်တက်ရေ..” လို့Caption ထိုးခဲ့တာပဲဖြစ်ပါတယ်။အဆိုပါဂိုးပြတ်နိုင်ပွဲက မန်စီးတီးအသင်းကို ၂၀၁၁-၁၂ ရာသီပရီးမီးယားလိပ်ချန်ပီယံဖြစ်အောင်အရှိန်ကောင်းသွားစေခဲ့တာပဲဖြစ်ပါတယ်။
သို့သော်လည်း ဘာလော့တယ်လီဟာ မန်စီးတီးအသင်းမှာ စည်းကမ်းလိုက်နာမှုတွေမရှိခဲ့တာကြောင့် ၂၀၁၃ မှာအသင်းကနေထွက်ခွာပြီး အေစီမီလန်အသင်းမှာသွားကစားခဲ့ကာ လီဗာပူးလ်အသင်းဆီအငှားပြန်လာကစားခဲ့ပါသေးတယ်။၂၀၁၆ ကနေစတင်ပြီး ဘာလော့တယ်လီဟာ နိုက်စ်အသင်းမှာ ကစားနေခဲ့တာဖြစ်ပြီး ပွဲ၇၀ကစားပြီးချိန် ၄၃ဂိုးသွင်းယူထားတာပဲဖြစ်ပါတယ်။
Post a Comment