Header Ads


မန္ခ်က္စတာယူႏိုုက္တက္ရဲ ့ေႏြးေထြးစြာၾကိဳဆိုုမႈကိုုေက်းဇူးတင္ေနတဲ့ CR7



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ခရစ္တီယာနိုရိုုနယ္ဒိုက အိုုထရက္ဖို ့ဒ္ကြင္းဆီသူ ့ကိုု ေကာင္းမြန္စြာၾကိဳဆိုုခဲ့တဲ့ မန္ခ်က္စတာယူႏိုုက္တက္အသင္းကိုု ေက်းဇူးတင္ေနပါတယ္။ဒီေန ့ညမွာေတာ့ ခ်န္ပီယံလိပ္ပြဲအျဖစ္ CR7 ရဲ ့ဂ်ဴဗင္တပ္စ္အသင္းနဲ ့ယူနိုုက္တက္တိုု ့ကစားရမွာပဲျဖစ္ပါတယ္။


ရိုနယ္ဒိုု နဲ ့သူ ့ရဲ ့အသင္းေဖာ္ေတြဟာ တနလၤာေန ့က မန္ခ်က္စတာရိွေရာက္ရိွလာခဲ့ၾကပါတယ္။ဂ်ဴဗင္တပ္စ္အသင္းဟာ အုပ္စု H မွာ ၂ပြဲကစားၿပီးခ်ိန္ ရမွတ္ ၆မွတ္ျဖင့္ ထိပ္ဆံုုးကဦးေဆာင္နိုုင္ၿပီး ယူႏိုုက္တက္ကေတာ့ ရမွတ္ ၄မွတ္ျဖင့္ ဒုုတိယေနရာကရပ္တည္ေနပါတယ္။ယူႏိုုက္တက္ရဲ ့ေနာက္မွာဗလန္စီယာအသင္းက ရမွတ္ ၁မွတ္ျဖင့္ ရိွေနၿပီး ၂ပြဲကစားၿပီးခ်ိန္ ၂ပြဲစလံုုးရံႈးနိမ့္ထားတဲ့ Young Boys အသင္းက ဇယားေအာက္မွာရိွေနပါတယ္။ယူႏိုုက္တက္ကေန ရီးရဲလ္ဆီေျပာင္းသြားတဲ့ ရိုုနယ္ဒိုဟာ ဂ်ဳဗင္တပ္စ္မွာသြားမကစားခင္ အိုုထရက္ဖိုု ့ဒ္ကိုု တစ္ၾကိမ္ျပန္လာခဲ့ဖူးပါေသးတယ္။ အိုုထရက္ဖိုု ့ဒ္က သတင္းေထာက္ေတြကိုုေျပာၾကားခဲ့ရာမွာေတာ့ေႏြးေထြးစြာၾကိဳဆိုုတဲ့အတြက္ ေက်းဇူးတင္ပါတယ္ဗ်ာ။ အိမ္ျပန္ေရာက္သလိုုခံစားရပါတယ္။





ကၽြန္ေတာ္ဒီမွာ ဖလားေတြ၊လိပ္ဖလားေတြနဲ ့ခ်န္ပီယံလိပ္ဖလားစတဲ့ဆုုဖလားမ်ားစြာဆြတ္ခူးထားပါတယ္။ပရိတ္သတ္ေတြကိုု ကၽြန္ေတာ္ေကာင္းေကာင္းမွတ္မိပါေသးတယ္။ပရိတ္သတ္ေတြဟာတကယ့္အံမခန္းပါပဲဗ်ာ။လိုု ့ပြဲၾကိဳသတင္းစာရွင္းလင္းပြဲမွာေျပာၾကားခဲ့ပါတယ္။

(Unicode)



မန်ချက်စတာယူနိုက်တက်ရဲ့နွေးထွေးစွာကြိုဆိုမှုကိုကျေးဇူးတင်နေတဲ့ CR7

ခရစ်တီယာနိုရိုနယ်ဒိုက အိုထရက်ဖို့ဒ်ကွင်းဆီသူ့ကို ကောင်းမွန်စွာကြိုဆိုခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ကျေးဇူးတင်နေပါတယ်။ဒီနေ့ညမှာတော့ ချန်ပီယံလိပ်ပွဲအဖြစ် CR7 ရဲ့ဂျူဗင်တပ်စ်အသင်းနဲ့ယူနိုက်တက်တို့ကစားရမှာပဲဖြစ်ပါတယ်။


ရိုနယ်ဒို နဲ့သူ့ရဲ့အသင်းဖော်တွေဟာ တနင်္လာနေ့က မန်ချက်စတာရှိရောက်ရှိလာခဲ့ကြပါတယ်။ဂျူဗင်တပ်စ်အသင်းဟာ အုပ်စု H မှာ ၂ပွဲကစားပြီးချိန် ရမှတ် ၆မှတ်ဖြင့် ထိပ်ဆုံးကဦးဆောင်နိုင်ပြီး ယူနိုက်တက်ကတော့ ရမှတ် ၄မှတ်ဖြင့် ဒုတိယနေရာကရပ်တည်နေပါတယ်။ယူနိုက်တက်ရဲ့နောက်မှာဗလန်စီယာအသင်းက ရမှတ် ၁မှတ်ဖြင့် ရှိနေပြီး ၂ပွဲကစားပြီးချိန် ၂ပွဲစလုံးရှုံးနိမ့်ထားတဲ့ Young Boys အသင်းက ဇယားအောက်မှာရှိနေပါတယ်။ယူနိုက်တက်ကနေ ရီးရဲလ်ဆီပြောင်းသွားတဲ့ ရိုနယ်ဒိုဟာ ဂျုဗင်တပ်စ်မှာသွားမကစားခင် အိုထရက်ဖို့ဒ်ကို တစ်ကြိမ်ပြန်လာခဲ့ဖူးပါသေးတယ်။ အိုထရက်ဖို့ဒ်က သတင်းထောက်တွေကိုပြောကြားခဲ့ရာမှာတော့ “ နွေးထွေးစွာကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ အိမ်ပြန်ရောက်သလိုခံစားရပါတယ်။”



“ ကျွန်တော်ဒီမှာ ဖလားတွေ၊လိပ်ဖလားတွေနဲ့ချန်ပီယံလိပ်ဖလားစတဲ့ဆုဖလားများစွာဆွတ်ခူးထားပါတယ်။ပရိတ်သတ်တွေကို ကျွန်တော်ကောင်းကောင်းမှတ်မိပါသေးတယ်။ပရိတ်သတ်တွေဟာတကယ့်အံမခန်းပါပဲဗျာ။” လို့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။


No comments

Powered by Blogger.