ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ စဉ်းစားနေတဲ့ ဂျီးဆစ်လင်ဂတ်

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ယူနိုက်တက်အသင်းကစားသမား ဂျီးဆစ်လင်ဂတ်က အသင်းနှင့်စာချုပ်အသစ်ထပ်မံချုပ်ဆိုရန်အတွက် ပြန်လည်စတင်စကားပြောဆိုနေပြီလို့သိရပါတယ်။
အင်္ဂလန်အသင်းလက်ရွေးစင်ကြယ်ပွင့်ကစားသမား လင်ဂတ်က ယူနိုက်တက်အသင်းနှင့် ပြီးခဲ့တဲ့ရာသီက သဘောတူညီမှုတိုးမြင့်ခဲ့ပါတယ်။သို့သော်လည်းပဲအသက်၂၅နှစ်အရွယ် လင်ဂတ်ကယခုစာချုပ်တိုးမြှင့်မှုမှာလိုအပ်တာက သူရဲ့နေရာမှာကောင်းစွာကစားနိုင်ပြီးခြေစွမ်းတိုးတက်ဖို့လုပ်ဆောင်ရမှာကလည်း အဓိကဖြစ်နေပါတယ်။
ယူနိုက်တက်အသင်းက သူ့ကိုတစ်ပတ်လုပ်ခ ပေါင်၁သိန်းနှင့် ၂၀၁၇ မှာတိုးမြင့်ပေးခဲ့ပါတယ်။လင်ဂတ်က အသင်းနှင့် လေးနှစ်သက်တမ်း စာချုပ် ချုပ်ဆိုဖို့အသင့်ရှိနေပါတယ်။
ဒါပေမယ့် လက်ရှိသူကအသင်းနှင့်သဘောတူညီမှုရရှိတော့မည့်အခြေအနေလမ်းကြောင်းပေါ်မှာရှိနေပါတယ်။အကြောင်းကတော့ ယူနိုက်တက် အသင်းက အကယ်ဒမီဆင်းလူငယ်တွေရဲ့တန်ဖိုးကိုကောင်းကောင်းသိတဲ့အတွက်လက်လွှတ်ဖို့ရှိမှာမဟုတ်ပါဘူး။
ကလပ်ကတော့လင်ဂတ်အပြင် ဟာရဲရား မာတာ လုခ်ရှော့တို့ ရဲ့စာချုပ်သက်တမ်းကိုလည်းသတိထားစောင့်ကြည့်နေပါတယ်။သူတို့အားလုံးက အသင်းနှင့် ၁၂လသက်တမ်းသာ စာချုပ်ကျန်ရှိပါတော့တာကြောင့်လည်းဖြစ်ပါတယ်။
လက်ရှိယခုနှစ်ရာသီမှာ လင်ဂတ်ကအသင်းအတွက်ဂိုးသွင်းယူပေးနိုင်းခြင်းမရှိသေးပါဘူး။ဒါပေမယ့်အသင်းရဲ့ ပြိုင်ပွဲအရပ်ရပ်ဂိုးပေါင်း၁၃ဂိုးမှာ ပါဝင်ပတ်သက်မှုရှိထားပါတယ်။
အိုးထရက်ဖို့ဒ်ရဲ့အကျိုးရလဒ်တွေက လက်ရွေးစင်အသင်း ဖြစ်တဲ့ အင်္ဂလန်အသင်းမှာ နည်းပြဆောက်ဂိတ်ရဲ့လက်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဓိကကစားသမားတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။လက်ရှိယူနိုက်တက်အသင်းမှာတော့ ကမ္ဘာ့ဖလားရဲ့ခြေစွမ်းတွေနဲ့အတူ အသင်းအပေါ်အကောင်းဆုံးပေးဆပ်နေပါတယ်။
Post a Comment