ရီးရဲလ္အသင္းဆီဟာဇက္တစ္ေယာက္လာမယ့္ဇန္န၀ါရီမွာေျပာင္းေရႊ ့ေတာ့မွာလား??
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခ်ဲလ္ဆီးအသင္းေတာင္ပံတိုက္စစ္မႈး ဟာဇက္က လာမည့္ ဇန္နဝါရီ္လ မွာ ရီးရဲလ္မက္ဒရစ္အသင္း ကိုေျပာင္းေရြ႔မည့္ကိစၥကိုေခါင္းထဲက ထုတ္ပယ္လိုက္ေတာ့မည္လို႔ ၾကာသာပေတးေန႔သတင္းစာ႐ွင္းလင္းပြဲမွာထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
အသက္၂၇အရြယ္ဟာဇက္က သူရဲ႕ဘဝမွာေန႔စဥ္အက်ပ္႐ိုက္ေနတဲ့သူအနာဂတ္အေၾကာင္းေတြကို သူရဲ႕ႏိုင္ငံလက္ေရြးစင္အသင္းျဖစ္တဲ့ဘဲလ္ဂ်ီယမ္အသင္းႏွငိ့ပူးေပါင္းစဥ္သတင္းစာ႐ွင္းလင္းပြဲမွာဖြင့္ဟ ဝန္ခံေျပာၾကားလိုက္ပါတယ္။
လက္႐ွိဟာဇက္က Ballon d'Or ဆုႏွင့္ ကမာၻ ့အေကာင္းဆံုးကစားသမားဆု တို္႔မွာ ပါဝင္ခဲ့ပါတယ္။သူကစပိန္မွာ ကစားဖို႔ဆႏၵျပင္ျပေနသူလည္းျဖစ္ပါတယ္။
"ဒါေၾကာင့္ကြၽန္ေတာ္အသင္းေျပာင္းေရြမွာပါ"လို႔ဟာဇက္ကျပံဳးရႊင္ၿပီးေျပာၾကားခဲ့ပါတယ္။အဲဒီေနာက္ သတင္းသမားမ်ားက ဇန္နဝါရီ လမွာျဖစ္လာႏိုင္မလားေမးျမန္းရာ သူက "မျဖစ္ႏိုင္ဘူး"လို႔ေျဖၾကားခဲ့ပါတယ္။
ဟာဇက္ကယခုႏွစ္ရာသီမွာ ေႁခစြမ္းျပကာ လွ်မ္းလွ်မ္းေတာက္ ကစားေနၿပီး သူႏွင့္ရီးရဲလ္အသင္းတို႔ၾကားက ေကာလဟလ ေတြက အရင္လိုအဆကိမျပတ္ထြက္ေပၚေနခဲ့ၿပီး ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ေဆာက္သမ္တန္ အသင္းႏွင့္ပြဲစဥ္အၿပီးမွာ အဆိုပါေကာလဟလ ေတြကို တိတ္ဆိတ္ေအာင္ျပဳလုပ္ခဲ့ပါတယ္။
အဆိုပါေတာင္ပံတိုက္စစ္ကစားသမားဟာ အသင္းႏွင့္ စာခ်ဳပ္သက္တမ္း ၂၀၂၀အထိက်န္႐ွိေနပါေသးတယ္။"သူက ရီးရဲလ္မက္ဒရစ္အသင္း ဟာ ကမာၻ ့အေကာင္းဆံုးကလပ္တစ္ခုပါ။ကြၽန္ေတာ္ ရီးရဲလ္မွာကစားဖို႔ငယ္ငယ္ထဲကစိတ္ကူး႐ွိခဲ့ပါတယ္။"
"ကြၽန္ေတာ္ ေခါင္းထဲမွာတစ္ခါတစ္ေလေပၚလာတယိ။မနက္မိုးလင္းလို႔ အိပ္ယာထလာၿပီဆိုရင္ေခါင္းထဲမွာ ကြၽန္ေတာ္အသင္းေျပာင္းဖို႔ပဲလုပ္ခ်င္မိတယ္။တစ္ခါတစ္ေလ ကြၽန္ေတာ္အသင္းမွာဆက္ေနခ်င္တယ္။ဒါက အရမ္းခက္ခဲ့တဲ့ဆံုးျဖတ္ခ်က္ပါ။ဒါက ကြၽန္ေတာ္အနာဂတ္ေလ။”
ဘဲလ္ဂ်ီယမ္အသင္းကြင္းလယ္ဖန္တီး႐ွင္က သူလက္႐ွိမွာ ကိုယ့္ကိုကိုယ္ယံုၾကည့္မႈေပ်ာက္ဆံုးေနၿပီး ကမာၻ ့အေကာင္းဆံုးကလပ္မွာကစားဖို႔အတြက္ သူအေနႏွင့္ ေရြးခ်ယ္ရခက္ေနပါတယ္။
(Unicode)
ရီးရဲလ်အသင်းဆီဟာဇက်တစ်ယောက်လာမယ့်ဇန်နဝါရီမှာပြောင်းရွှေ့တော့မှာလား??
ချဲလ်ဆီးအသင်းတောင်ပံတိုက်စစ်မှုး ဟာဇက်က လာမည့် ဇန်နဝါရီ်လ မှာ ရီးရဲလ်မက်ဒရစ်အသင်း ကိုပြောင်းရွေ့မည့်ကိစ္စကိုခေါင်းထဲက ထုတ်ပယ်လိုက်တော့မည်လို့ ကြာသာပတေးနေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အသက်၂၇အရွယ်ဟာဇက်က သူရဲ့ဘဝမှာနေ့စဉ်အကျပ်ရိုက်နေတဲ့သူအနာဂတ်အကြောင်းတွေကို သူရဲ့နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ဘဲလ်ဂျီယမ်အသင်းနှငိ့ပူးပေါင်းစဉ်သတင်းစာရှင်းလင်းပွဲမှာဖွင့်ဟ ဝန်ခံပြောကြားလိုက်ပါတယ်။
လက်ရှိဟာဇက်က Ballon d'Or ဆုနှင့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု တို့်မှာ ပါဝင်ခဲ့ပါတယ်။သူကစပိန်မှာ ကစားဖို့ဆန္ဒပြင်ပြနေသူလည်းဖြစ်ပါတယ်။
"ဒါကြောင့်ကျွန်တော်အသင်းပြောင်းရွေမှာပါ"လို့ဟာဇက်ကပြုံးရွှင်ပြီးပြောကြားခဲ့ပါတယ်။အဲဒီနောက် သတင်းသမားများက ဇန်နဝါရီ လမှာဖြစ်လာနိုင်မလားမေးမြန်းရာ သူက "မဖြစ်နိုင်ဘူး"လို့ဖြေကြားခဲ့ပါတယ်။
ဟာဇက်ကယခုနှစ်ရာသီမှာ ခြေစွမ်းပြကာ လျှမ်းလျှမ်းတောက် ကစားနေပြီး သူနှင့်ရီးရဲလ်အသင်းတို့ကြားက ကောလဟလ တွေက အရင်လိုအဆကိမပြတ်ထွက်ပေါ်နေခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ယှဉ်ပြိုင်ကစားခဲ့တဲ့ဆောက်သမ်တန် အသင်းနှင့်ပွဲစဉ်အပြီးမှာ အဆိုပါကောလဟလ တွေကို တိတ်ဆိတ်အောင်ပြုလုပ်ခဲ့ပါတယ်။
အဆိုပါတောင်ပံတိုက်စစ်ကစားသမားဟာ အသင်းနှင့် စာချုပ်သက်တမ်း ၂၀၂၀အထိကျန်ရှိနေပါသေးတယ်။"သူက ရီးရဲလ်မက်ဒရစ်အသင်း ဟာ ကမ္ဘာ့အကောင်းဆုံးကလပ်တစ်ခုပါ။ကျွန်တော် ရီးရဲလ်မှာကစားဖို့ငယ်ငယ်ထဲကစိတ်ကူးရှိခဲ့ပါတယ်။"
"ကျွန်တော် ခေါင်းထဲမှာတစ်ခါတစ်လေပေါ်လာတယိ။မနက်မိုးလင်းလို့ အိပ်ယာထလာပြီဆိုရင်ခေါင်းထဲမှာ ကျွန်တော်အသင်းပြောင်းဖို့ပဲလုပ်ချင်မိတယ်။တစ်ခါတစ်လေ ကျွန်တော်အသင်းမှာဆက်နေချင်တယ်။ဒါက အရမ်းခက်ခဲ့တဲ့ဆုံးဖြတ်ချက်ပါ။ဒါက ကျွန်တော်အနာဂတ်လေ။”
ဘဲလ်ဂျီယမ်အသင်းကွင်းလယ်ဖန်တီးရှင်က သူလက်ရှိမှာ ကိုယ့်ကိုကိုယ်ယုံကြည့်မှုပျောက်ဆုံးနေပြီး ကမ္ဘာ့အကောင်းဆုံးကလပ်မှာကစားဖို့အတွက် သူအနေနှင့် ရွေးချယ်ရခက်နေပါတယ်။
Post a Comment