Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးလ်အသင်းနဲ့ အီဂျစ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ ပင်ပမ်းနွမ်းနယ်မှုဒဏ်နဲ  ကြွက်သားညောင်းညာမှုဒဏ်ကိုခံစားခဲ့ရတာဖြစ်တယ်လို့ အီဂျစ်လက်ထောက်ကပြောကြားလိုက်ပါတယ်။
(Unicode)
ဆာလာရဲ့ဒဏ်ရာအခြေအနေကို ပြောကြားခဲ့တဲ့ အီဂျစ်လက်ထောက်နည်းပြ
လီဗာပူးလ်အသင်းနဲ့အီဂျစ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ ပင်ပမ်းနွမ်းနယ်မှုဒဏ်နဲ့ ကြွက်သားညောင်းညာမှုဒဏ်ကိုခံစားခဲ့ရတာဖြစ်တယ်လို့အီဂျစ်လက်ထောက်ကပြောကြားလိုက်ပါတယ်။
လီဗာပူးလ်အသင်းကတော့ ဆာလာရဲ့ဒဏ်ရာဟာအစတုန်းကထင်ထားသလို မပြင်းထန်ဘူးလို့ဆိုတဲ့သတင်းကို ကြားသိပြီးတဲ့အချိန်မှာတော့အနည်းငယ်အသက်ရှူချောင်သွားမှာအမှန်ပါပဲ။
ဆွာဇီလန်အသင်းကို ၄-၁ ဖြင့်အနိုင်ရတဲ့ပွဲမှာ အီဂျစ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ ကြွက်သားနာကျင်မှုဒဏ်ကြောင့်ပွဲပြီးခါနီးမှာ ထော့နဲ့ထော့နဲ့ဖြင့်ကွင်းထဲကနေလူစားလဲကာ ထွက်ခွာသွားခဲ့ရပါတယ်။အဆိုပါပွဲမှာလီဗာပူးလ်စတားဟာ အီဂျစ်အသင်းအတွက် လှပတဲ့အနိုင်ဂိုးတစ်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။
ဆာလာဟာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာပါလို့လက်ထောက်နည်းပြ ရမ်ဇီက ပြောကြားခဲ့သော်လည်း ဒဏ်ရာကကြီးမားတဲ့ ပြဿနာတစ်ခုတော့မဟုတ်ပါဘူးလို့ဆိုလိုက်ပါတယ်။ “ အခြေခံဆေးစစ်တမ်းအရတော့ဒါဟာ ကြွက်သားမှာ ဒဏ်ဖြစ်သွားရုံသက်သက်ပါ။အပြင်ပန်းအားဖြင့်တော့ အတွင်းကြွက်သားဒဏ်နဲ့တူတယ်။ဒါပင်မယ့်ကစားသမားအနေနဲ့ဒဏ်ရာအတိမ်အနက်ကို သေချာသိအောင် စစ်ဆေးဖို့လိုပါတယ်။ပြန်လည်ကျန်းမားလာအောင်အချိန်ပေးရပါတယ်။ဒဏ်ရာအခြေအနေအရ အရမ်းကြီးတော့မဆိုးပါဘူး။သူ့ကိုပြန်လည်သက်သာလာအောင်ကျွန်တော်တို့အကောင်းဆုံးလုပ်ဆောင်ပေးမှာပါ။ဖြစ်နိုင်သမ ျှသူ ပြန်ကောင်းလာလိမ့်မယ်လို့မေ ျှာ်လင့်ပါတယ်။
တူနီးရှားအသင်းဟာ ကစားရဖို့ပွဲကျန်နေသေးသော်လည်း အီဂျစ်အသင်းဟာ အုပ်စု J မှာတော့ပထမနေရာမှာရှိနေပါတယ်
No comments
Powered by Blogger.