Header Ads


ခ်ဲလ္ဆီး VS မန္ခ်က္စတာယူႏိုုက္တက္ (ပရီးမီးယားလိပ္ရင္ခုန္သံ)



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။



အခ်ိန္- စေနေန ့ညေန ၆နာရီ(၂၀.၁၀.၂၀၁၈)
ကြင္း - စတန္းဖို ့ဒ္ဘရစ္ခ်္(ခ်ဲလ္ဆီး)

စပယ္ရွယ္၀မ္းၾကီးလိုု ့တင္စားေခၚတြင္ထားၾကတဲ့ ယူႏိုုက္တက္နည္းျပေမာ္ရင္ဟိုရဲ ့ပထမဆံုုးအဂၤလန္ေအာင္ေျမဟာ စတန္းဖိုု ့ဒ္ဘရစ္ခ်္ကလပ္နဲ ့ပါ။၂ၾကိမ္ ၂ခါတိတိ ခ်ဲလ္ဆီးအသင္းနဲ ့ေအာင္ျမင္မႈမွတ္တမ္းေတြစိုုက္ထူခဲ့ဖူးတဲ့ ေမာ္ရင္ဟိုု ယခုခ်ိန္မွာေတာ့ သူ ့ရဲ ့အသင္းေဟာင္းကို သူ ့အတိတ္ေအာင္ေျမျဖစ္ခဲ့တဲ့ စတန္းဖိုု ့ဘရစ္ခ်္ကြင္းမွာသြားေရာက္ယွဥ္ၿပိဳင္ကစားရေတာ့မွာပဲျဖစ္ပါတယ္။ယူႏိုုက္တက္အသင္းဟာ ခ်ဲလ္ဆီးအသင္းနဲ ့ေတြ ့ဆံုုတဲ့ ေနာက္ဆံုုးအေ၀းကြင္း ၃ပြဲမွာ ၃ပြဲစလံုုးရံႈးနိမ့္ထားတာပဲျဖစ္တဲ့ အျပင္ သရဲနီတို ့ဟာ ၂၀၁၂ ဖာဂူဆန္ကိုုင္တြယ္ခဲ့တဲ့အခ်ိန္ထဲက စတန္းဖိုု ့ဘရစ္ခ်္မွာ နိုုင္ပြဲဘယ္လို ရယူရမလဲ အခုထိေမ့ေပ်ာက္ေနတုုန္းပါပဲ။ ဒါပင္မယ့္လည္း ယူႏိုုက္တက္တိုု ့စတန္းဖိုု ့ဒ္က်ိန္စာဆိုုးကိုု ဖယ္ရွားနိုုင္ပါ့မလား?? ေသခ်ာတာကေတာ့ အဆိုပါက်ိန္စားဆိုုးကိုု ဖယ္ရွားေပးမယ့္ေမွာ္ဆရာတစ္ေယာက္ နည္းျပေမာ္ရင္ဟိုအတြက္ လိုအပ္ေနတာအမွန္ပါပဲ။



ခ်ဲလ္ဆီးအသင္းနဲ ့ယူႏိုက္တက္အသင္းတိုု ့ရဲ ့ကြာျခားခ်က္ကို ျပပါဆိုုရင္ေတာ့ ခ်ဲလ္ဆီးအသင္းဟာ ေရတိုုစီမံကိန္းနဲ ့အလြန္အံ၀င္တဲ့အသင္းျဖစ္ၿပီး အသင္းေခၚယူထားတဲ့ကစားသမားေတြဟာ နည္းျပေတြဘယ္ေလာက္ေျပာင္းေျပာင္း နည္းစနစ္ပိုုင္းနဲ ့လိုက္ေလ်ာညီေထြမႈရိွၾကတဲ့ အျပင္ ေအာင္ျမင္မႈကိုု ၂နွစ္တစ္ၾကိမ္ေလာက္ျပန္ရွာေဖြနိုုင္တဲ့အသင္းျဖစ္လို ့ေနပါတယ္။ဆိုုလိုုတာက အသင္းကစားသမားေတြဟာနည္းျပအဆက္ဆက္ခံယူခ်က္၊ ယူဆခ်က္ကိုုအလြယ္တကူနားလည္သေဘာေပါက္ၾကၿပီး ခ်ဲလ္ဆီးအသင္းဟာလည္း အသင္းနဲ ့အံ၀င္မယ့္ကစားသမားေတြကို အမွန္အကန္၀ယ္ယူႏိုင္ကာ နည္းျပ ကလည္း လူမွန္ျဖစ္ေအာင္လုပ္ေဆာင္နိုုင္ခဲ့တာကို ၿပီးခဲ့တဲ့ ပရီးမီးယားလိပ္ ၁၀ နွစ္အတိုုင္းအတာကို ၾကည့္ရင္ေတြ ့နုုိင္ပါတယ္။



ယူႏိုုက္တက္လိုု အသင္းမ်ိဳးက် ေရရွည္စီမံကိန္းနဲ ့မွ ေအာင္ျမင္မႈေတြျပန္ရွာေဖြနိုုင္ဖိုု ့ရိွပါတယ္။ဆိုုလုိတာက အသင္းေခၚယူထားတဲ့လက္ရိွကစားသမားသစ္ေတြဟာ နည္းျပေမာ္ရင္ဟိုရဲ ့ခံယူခ်က္၊ယူဆခ်က္ကိုု နားလည္ေသးပံုုမေပၚေသးပါဘူး။ ၂၀၁၃ ေနာက္ပိုုင္း ဖာဂူဆန္ေခတ္လြန္ယူႏိုုက္တက္အသင္းဟာ ကစားသမားအေျပာင္းအလဲမ်ားစြာ နည္းျပ ၃ေယာက္အထိအစားထိုုးတာကို ေတြ ့ရပါတယ္။အထူးသျဖင့္ ယူႏိုုက္တက္ဆိုုတာနဲ ေျခစြမ္း ေတြ ကစားပံုုေတြနည္းစနစ္ပိုုင္းေတြ ထက္  အနိုုင္မခံအရံႈးမေပး ေနာက္ဆံုုးမိနစ္အထိတုုိက္ပြဲ၀င္တယ္ဆိုုတဲ ့စိတ္ဓာတ္ပိုုင္းကို အရင္ေျပးျမင္မိပါတယ္။ဒါေၾကာင့္ ဖာဂူဆန္ေနာက္ပိုင္း အသင္းတာ၀န္ရိွသူေတြေရာ၊ ပရိတ္သတ္ေတြက ပါအသင္းအေပၚေရတုိအျမင္နဲ ့သာၾကည့္ခဲ့ၾကတဲ့အတြက္ေၾကာင့္ ကစားသမားေကာင္းေတြ၀င္လိုုက္ထြက္လိုုက္ျဖစ္သြားခဲ့တာ ေတြ ့ျမင္နိုုင္ပါတယ္။



ယခုုလက္ရိွမွာေတာ့ ခ်ဲလ္ဆီးအသင္းရဲ ့ကစားဟန္ အသင္းလိုက္စုုဖြဲ ့မႈ နဲ ့စိတ္ဓာတ္ပိုုင္းဆိုုင္ရာ ခံယူခ်က္ေတြက ယူႏိုုက္တက္ထက္ေခါင္းတစ္လံုုးသာေနပါတယ္။နည္းျပဆာရီလက္ေအာက္မွာခ်ဲလ္ဆီးအသင္းဟာ လ်င္လ်င္ျမန္ျမန္အထိုင္က်လာၿပီး အသင္းရဲ ့နားလည္မႈနိုုင္စြမ္းကတစ္ပြဲထက္တစ္ပြဲပိုုေကာင္းလာပါတယ္။အထူးသျဖင့္ အသင္းရဲ ့စတားဟာဇက္ဟာ ကမာၻ ့အဆင့္ေျခစြမ္းကို ျပသေနခဲ့တာျဖစ္ၿပီးပရီးမီးယားလိပ္ ၈ပြဲကစားၿပီးခ်ိန္ ၇ဂိုုးသြင္းယူထားက ၃ဂိုုးအထိဖန္တီးေပးထားနိုုင္ခဲ့ပါတယ္။ေဘာလံုးပိုုင္ဆိုုင္မႈကိုုအေျခခံကာ ကစားကြက္ကို ပံုုေဖာ္ထားတဲ့နည္းျပဆာရီအသင္းမွာဂ်ိဳကာတစ္ေယာက္ကေတာ့ ေနာက္ခံအစြန္လူ အလြန္ဆိုပဲျဖစ္လိုု ့ေနပါတယ္။ဒါေၾကာင့္ ယူႏိုုက္တက္အေနနဲ ့အင္ဒီဟာဇက္ကိုု အပိုုင္ထိန္းခ်ဳပ္ထားရမွာျဖစ္တဲ့အျပင္အလြန္ဆိုုရဲ ့တိုုက္စစ္ေပၚလိုုက္ပါမႈေတြကိုုလည္း ဟန္ ့တားနိုင္မွေတာ္ကာၾကမွပဲျဖစ္ပါတယ္။



မန္ခ်က္စတာယူႏိုုက္တက္အသင္းကေတာ့ ပံုမွန္အသင္းေတြကိုေတာင္နိုုင္ပြဲရယူဖို ့ခက္ခဲေနပါတယ္။နည္းျပေမာ္ရင္ဟိုုနဲ ့ကစားသမားေတြအၾကားျပႆနာအဖုအထစ္ေတြက တစ္ပတ္တစ္မ်ိဳးမရိုးရတဲ့အျပင္အသင္းရဲ ့အားထားရတဲ့ ေနာက္ခံလူဗလန္စီယာနဲ ့ျပႆနာတက္ခဲ့တာက ယူနိုုက္တက္ရဲ  ့ညာေတာင္ပံခံစစ္အတြက္စိုုးရိမ္စရာျဖစ္ေနသလိုု ယူႏိုုက္တက္ရဲ ့ညာေတာင္ပံခံစစ္ကိုအဓိကထားထိုးေဖာက္ၾကမယ့္ဟာဇက္၊အလြန္ဆိုတို ့နဲ ့ဆိုရင္ေတာ့ယူႏိုက္တက္ရဲ ့ခံစစ္အလန္းဇယားနဲ ့ဂိုုးေတာင္မေလာက္ျဖစ္သြားပါလိမ့္မယ္။ေမာ္ရင္ဟိုအေနနဲ ့ၿပီးခဲ့တဲ့ပြဲမွာ နယူးကာဆယ္အသင္းကို -  ျဖင့္ရံႈးနိမ့္ေနတဲ့အခ်ိန္မွျပန္အနိုုင္ရေအာင္ရယူခဲ့တဲ့အသင္းသားေတြကို ဒီပြဲမွာလည္းအဲ့လိုစိတ္မ်ိဳးျဖစ္ေအာင္ဆက္လက္ထိန္းသိမ္းထားရဦးမွာပဲျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ ့ေတာ့ဒီပြဲမွာယူႏိုုက္တက္ကိုုအနိုုင္ယူၿပီး ပရီးမီးယားလိပ္ခ်န္ပီယံအိမ္မက္ကိုအသက္ဆက္သြင္းဖိုု ့ရိွေနပါတယ္။ယူႏိုုက္တက္လို ခ်န္ပီယံလိပ္ပြဲက်ပ္ေတြမရိွတာေတြကဒီပြဲအေပၚအာရံုုအျပည့္စိုုက္ထားပါလိမ့္မယ္။ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိပ္ရာသီအစအဖြင့္ပြဲ ပြဲဆက္တိုုက္ရံႈးပြဲမရိွေအာင္ ၂ရာသီတိုုင္းစြမ္းေဆာင္နိုုင္ခဲ့ဖူးၿပီး ၂၀၀၅-၀၆ နဲ ့၂၀၁၄-၁၅ ရာသီေတြေတြမွာနည္းျပေဟာင္းေမာ္ရင္ဟိုရဲ ့လက္ေအာင္စြမ္းေဆာင္ေပးခဲ့ဖူးၿပီး ဒီတစ္ၾကိမ္မွာလည္းအဆိုုပါစံခ်ိန္မ်ိဳးထပ္မံရယူဖို ့ၾကိဳးစာမွာအမွန္ပါပဲ။

သိုု ့ေသာ္လည္းအေရးၾကီးတဲ့ပြဲေတြေရာက္ရင္ေတာ့ နည္းျပေမာ္ရင္ဟိုုမွာ နည္းစနစ္ပိုုင္းအရ၀ွက္ဖဲတစ္ခုုအၿမဲရိွေနတတ္တာျဖစ္ၿပီး ယခုုပြဲကိုုအနိုုင္ယူကာ စပယ္ရွယ္၀မ္းဆိုုတာဘာလဲသက္ေသျပသြားဖို ့ရိွေနတာအေသအခ်ာပါပဲ။

ခန္ ့မွန္းပြဲထြက္လူစာရင္း

ထိပ္တိုက္ေတြ ့ဆံုုမႈ

ခ်ဲလ္ဆီးအနိုုင္ ၅၄ သေရ ၄၉  ယူႏိုုက္တက္နိုင္ ၇၇

ေနာက္ဆံုုး၅ပြဲရလဒ္




ခန္ ့မွန္းခ်က္


ခ်ဲလ္ဆီး - မန္ယူႏိုုက္တက္

(Unicode)



ချဲလ်ဆီး VS မန်ချက်စတာယူနိုက်တက် (ပရီးမီးယားလိပ်ရင်ခုန်သံ)

အချိန်- စနေနေ့ညနေ ၆နာရီ(၂၀.၁၀.၂၀၁၈)
ကွင်း - စတန်းဖို့ဒ်ဘရစ်ချ်(ချဲလ်ဆီး)

စပယ်ရှယ်ဝမ်းကြီးလို့တင်စားခေါ်တွင်ထားကြတဲ့ ယူနိုက်တက်နည်းပြမော်ရင်ဟိုရဲ့ပထမဆုံးအင်္ဂလန်အောင်မြေဟာ စတန်းဖို့ဒ်ဘရစ်ချ်ကလပ်နဲ့ပါ။၂ကြိမ် ၂ခါတိတိ ချဲလ်ဆီးအသင်းနဲ့အောင်မြင်မှုမှတ်တမ်းတွေစိုက်ထူခဲ့ဖူးတဲ့ မော်ရင်ဟို ယခုချိန်မှာတော့ သူ့ရဲ့အသင်းဟောင်းကို သူ့အတိတ်အောင်မြေဖြစ်ခဲ့တဲ့ စတန်းဖို့ဘရစ်ချ်ကွင်းမှာသွားရောက်ယှဉ်ပြိုင်ကစားရတော့မှာပဲဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့တွေ့ဆုံတဲ့ နောက်ဆုံးအဝေးကွင်း ၃ပွဲမှာ ၃ပွဲစလုံးရှုံးနိမ့်ထားတာပဲဖြစ်တဲ့ အပြင် သရဲနီတို့ဟာ ၂၀၁၂ ဖာဂူဆန်ကိုင်တွယ်ခဲ့တဲ့အချိန်ထဲက စတန်းဖို့ဘရစ်ချ်မှာ နိုင်ပွဲဘယ်လို ရယူရမလဲ အခုထိမေ့ပျောက်နေတုန်းပါပဲ။ ဒါပင်မယ့်လည်း ယူနိုက်တက်တို့စတန်းဖို့ဒ်ကျိန်စာဆိုးကို ဖယ်ရှားနိုင်ပါ့မလား?? သေချာတာကတော့ အဆိုပါကျိန်စားဆိုးကို ဖယ်ရှားပေးမယ့်မှော်ဆရာတစ်ယောက် နည်းပြမော်ရင်ဟိုအတွက် လိုအပ်နေတာအမှန်ပါပဲ။



ချဲလ်ဆီးအသင်းနဲ့ယူနိုက်တက်အသင်းတို့ရဲ့ကွာခြားချက်ကို ပြပါဆိုရင်တော့ ချဲလ်ဆီးအသင်းဟာ ရေတိုစီမံကိန်းနဲ့အလွန်အံဝင်တဲ့အသင်းဖြစ်ပြီး အသင်းခေါ်ယူထားတဲ့ကစားသမားတွေဟာ နည်းပြတွေဘယ်လောက်ပြောင်းပြောင်း နည်းစနစ်ပိုင်းနဲ့လိုက်လျောညီထွေမှုရှိကြတဲ့ အပြင် အောင်မြင်မှုကို ၂နှစ်တစ်ကြိမ်လောက်ပြန်ရှာဖွေနိုင်တဲ့အသင်းဖြစ်လို့နေပါတယ်။ဆိုလိုတာက အသင်းကစားသမားတွေဟာနည်းပြအဆက်ဆက်ခံယူချက်၊ ယူဆချက်ကိုအလွယ်တကူနားလည်သဘောပေါက်ကြပြီး ချဲလ်ဆီးအသင်းဟာလည်း အသင်းနဲ့အံဝင်မယ့်ကစားသမားတွေကို အမှန်အကန်ဝယ်ယူနိုင်ကာ နည်းပြ ကလည်း လူမှန်ဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့တာကို ပြီးခဲ့တဲ့ ပရီးမီးယားလိပ် ၁၀ နှစ်အတိုင်းအတာကို ကြည့်ရင်တွေ့နိုင်ပါတယ်။



ယူနိုက်တက်လို အသင်းမျိုးကျ ရေရှည်စီမံကိန်းနဲ့မှ အောင်မြင်မှုတွေပြန်ရှာဖွေနိုင်ဖို့ရှိပါတယ်။ဆိုလိုတာက အသင်းခေါ်ယူထားတဲ့လက်ရှိကစားသမားသစ်တွေဟာ နည်းပြမော်ရင်ဟိုရဲ့ခံယူချက်၊ယူဆချက်ကို နားမည်သေးပုံမပေါ်သေးပါဘူး။ ၂၀၁၃ နောက်ပိုင်း ဖာဂူဆန်ခေတ်လွန်ယူနိုက်တက်အသင်းဟာ ကစားသမားအပြောင်းအလဲများစွာ နည်းပြ ၃ယောက်အထိအစားထိုးတာကို တွေ့ရပါတယ်။အထူးသဖြင့် ယူနိုက်တက်ဆိုတာနဲ့ ခြေစွမ်း တွေ ကစားပုံတွေနည်းစနစ်ပိုင်းတွေ ထက်  အနိုင်မခံအရှုံးမပေး နောက်ဆုံးမိနစ်အထိတိုက်ပွဲဝင်တယ်ဆိုတဲ့စိတ်ဓာတ်ပိုင်းကို အရင်ပြေးမြင်မိပါတယ်။ဒါကြောင့် ဖာဂူဆန်နောက်ပိုင်း အသင်းတာဝန်ရှိသူတွေရော၊ ပရိတ်သတ်တွေက ပါအသင်းအပေါ်ရေတိုအမြင်နဲ့သာကြည့်ခဲ့ကြတဲ့အတွက်ကြောင့် ကစားသမားကောင်းတွေဝင်လိုက်ထွက်လိုက်ဖြစ်သွားခဲ့တာ တွေ့မြင်နိုင်ပါတယ်။



ယခုလက်ရှိမှာတော့ ချဲလ်ဆီးအသင်းရဲ့ကစားဟန် အသင်းလိုက်စုဖွဲ့မှု နဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်တွေက ယူနိုက်တက်ထက်ခေါင်းတစ်လုံးသာနေပါတယ်။နည်းပြဆာရီလက်အောက်မှာချဲလ်ဆီးအသင်းဟာ လျင်လျင်မြန်မြန်အထိုင်ကျလာပြီး အသင်းရဲ့နားလည်မှုနိုင်စွမ်းကတစ်ပွဲထက်တစ်ပွဲပိုကောင်းလာပါတယ်။အထူးသဖြင့် အသင်းရဲ့စတားဟာဇက်ဟာ ကမ္ဘာ့အဆင့်ခြေစွမ်းကို ပြသနေခဲ့တာဖြစ်ပြီးပရီးမီးယားလိပ် ၈ပွဲကစားပြီးချိန် ၇ဂိုးသွင်းယူထားက ၃ဂိုးအထိဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ဘောလုံးပိုင်ဆိုင်မှုကိုအခြေခံကာ ကစားကွက်ကို ပုံဖော်ထားတဲ့နည်းပြဆာရီအသင်းမှာဂျိုကာတစ်ယောက်ကတော့ နောက်ခံအစွန်လူ အလွန်ဆိုပဲဖြစ်လို့နေပါတယ်။ဒါကြောင့် ယူနိုက်တက်အနေနဲ့အင်ဒီဟာဇက်ကို အပိုင်ထိန်းချုပ်ထားရမှာဖြစ်တဲ့အပြင်အလွန်ဆိုရဲ့တိုက်စစ်ပေါ်လိုက်ပါမှုတွေကိုလည်း ဟန့်တားနိုင်မှတော်ကာကြမှပဲဖြစ်ပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပုံမှန်အသင်းတွေကိုတောင်နိုင်ပွဲရယူဖို့ခက်ခဲနေပါတယ်။နည်းပြမော်ရင်ဟိုနဲ့ကစားသမားတွေအကြားပြဿနာအဖုအထစ်တွေက တစ်ပတ်တစ်မျိုးမရိုးရတဲ့အပြင်အသင်းရဲ့အားထားရတဲ့ နောက်ခံလူဗလန်စီယာနဲ့ပြဿနာတက်ခဲ့တာက ယူနိုက်တက်ရဲ့ညာတောင်ပံခံစစ်အတွက်စိုးရိမ်စရာဖြစ်နေသလို ယူနိုက်တက်ရဲ့ညာတောင်ပံခံစစ်ကိုအဓိကထားထိုးဖောက်ကြမယ့်ဟာဇက်၊အလွန်ဆိုတို့နဲ့ဆိုရင်တော့ယူနိုက်တက်ရဲ့ခံစစ်အလန်းဇယားနဲ့ဂိုးတောင်မလောက်ဖြစ်သွားပါလိမ့်မယ်။မော်ရင်ဟိုအနေနဲ့ပြီးခဲ့တဲ့ပွဲမှာ နယူးကာဆယ်အသင်းကို ၂-၀  ဖြင့်ရှုံးနိမ့်နေတဲ့အချိန်မှပြန်အနိုင်ရအောင်ရယူခဲ့တဲ့အသင်းသားတွေကို ဒီပွဲမှာလည်းအဲ့လိုစိတ်မျိုးဖြစ်အောင်ဆက်လက်ထိန်းသိမ်းထားရဦးမှာပဲဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့တော့ဒီပွဲမှာယူနိုက်တက်ကိုအနိုင်ယူပြီး ပရီးမီးယားလိပ်ချန်ပီယံအိမ်မက်ကိုအသက်ဆက်သွင်းဖို့ရှိနေပါတယ်။ယူနိုက်တက်လို ချန်ပီယံလိပ်ပွဲကျပ်တွေမရှိတာတွေကဒီပွဲအပေါ်အာရုံအပြည့်စိုက်ထားပါလိမ့်မယ်။ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိပ်ရာသီအစအဖွင့်ပွဲ ၉ ပွဲဆက်တိုက်ရှုံးပွဲမရှိအောင် ၂ရာသီတိုင်းစွမ်းဆောင်နိုင်ခဲ့ဖူးပြီး ၂၀၀၅-၀၆ နဲ့၂၀၁၄-၁၅ ရာသီတွေတွေမှာနည်းပြဟောင်းမော်ရင်ဟိုရဲ့လက်အောင်စွမ်းဆောင်ပေးခဲ့ဖူးပြီး ဒီတစ်ကြိမ်မှာလည်းအဆိုပါစံချိန်မျိုးထပ်မံရယူဖို့ကြိုးစာမှာအမှန်ပါပဲ။

သို့သော်လည်းအရေးကြီးတဲ့ပွဲတွေရောက်ရင်တော့ နည်းပြမော်ရင်ဟိုမှာ နည်းစနစ်ပိုင်းအရဝှက်ဖဲတစ်ခုအမြဲရှိနေတတ်တာဖြစ်ပြီး ယခုပွဲကိုအနိုင်ယူကာ စပယ်ရှယ်ဝမ်းဆိုတာဘာလဲသက်သေပြသွားဖို့ရှိနေတာအသေအချာပါပဲ။

ခန့်မှန်းပွဲထွက်လူစာရင်း




ထိပ်တိုက်တွေ့ဆုံမှု

ချဲလ်ဆီးအနိုင် ၅၄ သရေ ၄၉  ယူနိုက်တက်နိုင် ၇၇

နောက်ဆုံး၅ပွဲရလဒ်




ခန့်မှန်းချက်

ချဲလ်ဆီး ၂-၁ မန်ယူနိုက်တက်

No comments

Powered by Blogger.