Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
စပယ်ရှယ်ဝမ်းမော်ရင်ဟိုကကျွန်တော့်ထက်ပိုကောင်းပါတယ်။:: ဆာရီ
အပြာရောင်တပ်သားတွေရဲ့နည်းပြကြီးကတော့ ကလပ်ရဲ့ဂန ္တဝင်နည်းပြတစ်ယောက်လို့သတ်မှတ်ထားတဲ့ နည်းပြမော်ရင်ဟိုဟာ နှစ်ပေါင်းများစွာရယူထားတဲ့စံချိန်တွေကြောင့် သူ့ထက်အများကြီးပိုကောင်းတယ်လို့ဖွင့်ဟဝန်ခံပြောကြားလိုက်ပါတယ်။
မာရီဇီယိုဆာရီက မန်ချက်စတာယူနိုက်တက်အသင်းမှာထုတ်ပယ်ခံရဖို့နီးစပ်နေတဲ့ဂျို့စ်မော်ရင်ဟိုဟာနည်းပြသက်တမ်းလေ ျှာက်ထိပ်တန်းအဓိကဆုဖလားတိုင်းကဆွတ်ခူးထားတာကြောင့် ပိုကောင်းတဲ့နည်းပြတစ်ယောက်လို့ပြောကြားလိုက်တာပဲဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟအခုလက်ရှိမှာ ချန်ပီယံမန်စီးတီးရဲ့အောက်ဒုတိယနေရာမှာရမှတ်တူ ဂိုးကွာခြားချက်ကြောင့်ရပ်တည်နေပါတယ်။ဒါပင်မယ့်လည်းနည်းပြဆာရီရဲ့နည်းပြဘဝမှာ အဓိကဆုဖလားတစ်ခုမှမရယူဖူးသေးပြီးအခုလက်ရှိကလပ်အသစ်နဲ့ဒီရာသီအောင်မြင်မှုရယူဖို့ပစ်မှတ်ထားနေပါတယ်။နာပိုလီနည်းပြဟောင်းဟာ အဆင့်နိမ့်လိပ်တန်းတွေကနေ ပရိုမိုးရှင်းနဲ့ထိပ်တန်းလိပ်တွေဆီတက်လှမ်းခဲ့သူဖြစ်သော်လည်း သူဟာ ဘဝင်မြင့်ပြီး အတိတ်မေ့သူတစ်ယောက်တော့မဟုတ်ပါဘူး။ဆာရီက နည်းပြမော်ရင်ဟိုရယူထားတဲ့ အဓိကဆုဖလားအလုံး၂၀ဟာ သူ့ကိုယ်သူ စပယ်ရှယ်ဝမ်းဖြစ်ကြောင်းသက်သေပြသလိုပါပဲလို့ယုံကြည်နေပါတယ်။ “ စပယ်ရှယ်ဝမ်းဟာမော်ရင်ဟိုပါပဲ။” လို့ဘောလုံးလောကကို သူ့ပြိုင်ဘက်ကြီးမော်ရင်ဟိုကလွှမ်းမိုးထားတယ်ဆိုတဲ့အကြောင်းပြောမပြခင်ဆိုလိုက်တာပါ။ “ ရလဒ်က သူ့အကြောင်းကို စကားပြောနေသလိုပါပဲ။ဒါကြောင့် လောလောဆယ်အခြေအနေမှာ သူဟာကျွန်တော့်ထက်သေချာပေါက်ကောင်းပါတယ်။အနာဂတ်မှာကျွန်တော်လည်းကိုယ့်ကိုယ်ကိုသက်သေပြချင်ပါတယ်။အခုလောဆယ်အခြေအနေမှာတော့ သူ က ကျွန်တော့်ထက်ပိုကောင်းတယ်လို့ကျွန်တော်ပြောကိုပြောရပါမယ်။သူဟာကွဲပြားခြားနားတယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော့်မှာကိုယ်ရည်ကိုယ်သွေးရှိတယ်လို့ထင်ပါတယ်။ကျွန်တော့်ရဲ့ပုံစံကိုယ်ရည်ကိုယ်သွေးဟာလည်း မော်ရင်ဟိုနဲ့မတူပါဘူး။အမြဲတမ်းကျွန်တော့်ပုံစံအတိုင်းဖြစ်ရပါမယ်။တစ်နည်းအားဖြင့်ဆို ကျွန်တော်ဟာယုံကြည်စိတ်ချရတဲ့သူတစ်ယောက်မဟုတ်တော့ပါဘူး။”
“ သူဟာ နေရာတိုင်းမှာအရာအားလုံးအနိုင်ယူထားနိုင်ခဲ့ပါတယ်။သူနဲ့ကျွန်တော်နှိုင်းယှဉ်မယ်ဆိုရင်တော့ ကျွန်တော်ဟာဆုဖလားရဖို့လိုအပ်ပါတယ်။မော်ရင်ဟိုရဲ့အောင်မြင်မှုတွေကအတိတ်မှာတင်မဟုတ်ပါဘူး။အနာဂတ်မှာလည်းသူရယူနိုင်လိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်။အခုလောဆယ်တော့ကျွန်တော်တို့နဲ့နှိုင်းယှဉ်ကြည့်ဖို့ဆိုတာမဖြစ်နိုင်သေးပါဘူး။ခင်ဗျားကကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ယောက်တွေထဲကတစ်ယောက်အကြောင်းပြောနေတာပဲ။ပြီးတော့ ကျွန်တော်ကတော့ သူ့လိုတော့မဖြစ်သေးဘူးနော်။အကောင်းဆုံးတွေထဲကတစ်ယောက်ဆိုတာမျိုးပေါ့။ကျွန်တော်တစ်စုံတစ်ခုကို အောင်နိုင်ချင်ပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်ဆုဖလားတွေအနိုင်ယူဖို့လိုအပ်နေပါတယ်။အင်္ဂလန်မှာ ချန်ပီယံရှစ်၊လိပ်၁၊လိပ်၂တွေလို စီးရီးဘီ၊စီ၊ဒီတွေမှာချန်ပီယံဖြစ်ခဲ့ပါတယ်။အခုတော့ ထိပ်တန်းအဆင့်တစ်ခုကို လိုအပ်နေပါတယ်။ ”
ချဲလ်ဆီးဘော့စ်ဟာ သူ့ရဲ့ထိပ်တန်းနည်းပြရာထူးကို အီတလီရဲ့အပျော်တမ်းလိပ်များမှာ နည်းပြဘဝအချိန်အတော်ကြာကုန်ဆုံးခဲ့ပြီးနှောင်းပိုင်းမှ ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။သူဟာနာပိုလီအသင်းမှာအခွင့်အရေးကောင်းကိုအကောင်းဆုံးအသုံးချခဲ့ရုံမက ဂျုဗင်တပ်စ်အသင်းရဲ့အီတလီဘောလုံးလောကအပေါ်လွှမ်းမိုးနေမှုအပေါ် အကောင်းဆုံးပြန်လည်ချိန်းခြောက်နိုင်ခဲ့ပြီး မနှစ်ရာသီက စီးရီးအေမှာ ၉၁မှတ်ထိရယူခဲ့သော်လည်းကံမကောင်းစွာပဲချန်ပီယံတော့မဖြစ်ခဲ့ရှာပါဘူး။
ဆာရီရဲ့အောင်မြင်မှုတွေဟာ မော်ရင်ဟိုတစ်ယောက်စီးရီးအေကို စွန့်ခွာခဲ့တဲ့အချိန်ကစပြီးရောက်ရှိလာခဲ့တာဖြစ်ကာအောက်တန်းလိပ်တွေမှာသာရှိနေခဲ့တာကြောင့် အင်တာနဲ့တစ်ရာသီအတွင်းဖလား၃လုံးရယူခဲ့တဲ့ ပေါ်တူဂီနည်းပြနဲ့တွေ့ဆုံခွင့်ရမယ့်အခွင့်အရေးကို အီတလီမှာမရလိုက်ဘူးလို့ဆာရီတစ်ယောက်ထင်မြင်နေပါတယ်။ “ ကျွန်တော့်ရဲ့ဒီအချိန်ပစ်မှတ်က ပရိုဖယ်ရှင်နယ်နည်းပြဖြစ်လာဖို့ပါ။ချန်ပီယံလိပ်ကလပ်အသင်းတစ်သင်းဆီရောက်လာနိုင်တယ်လို့ကျွန်တော်မထင်ခဲ့ပါဘူး။အခုချိန်ကတော့တကယ့်ကို မယုံနိုင်စရာပါပဲ။ကျွန်တော်ကံကောင်းတယ်လို့ထင်ပါတယ်ဗျာ။ခင်ဗျားလည်းကံကောင်းဖို့လိုပါတယ်။မှန်ကန်တဲ့အချိန်မှန်ကန်တဲ့နေရာမှာရှိနေဖို့လိုပါတယ်။ပထမဆုံး အမ်ပိုလီအသင်းမှာ ကျွန်တော့်လက်အောက်လူငယ်အသင်းတစ်သင်းရှိခဲ့ဖူးတယ်။ကစားသမားတွေက သိပ်ကိုငယ်လွန်းတယ်။ဒါပင်မယ့်တော်ကြတယ်။တိုနီလီဆို ၂၁နှစ်ပဲရှိသေးတယ်။အဲ့တုန်းကသူ့ကိုဘယ်သူမှမသိကြဘူး။သူတို့ဟာ အရမ်းတော်ကြတယ်။ဒါကြောင့်ကျွန်တော်ကံကောင်းခဲ့တယ်ပြောရမယ်။”
ဆာရီဟာ သူ့ရဲ့တိုက်စစ်ကစားဟန်နဲ့ကစားကွက်နဲ့အသင်းကစားသမားတွေကြားလျင်လျင်မြန်မြန်အထိုင်ကျစေဖို့စွမ်းဆောင်နိုင်တဲ့အရည်အသွေးတွေကြောင့် ချီးကျုးခံနေရပါတယ်။ဒါ့အပြင် နည်းပြဟောင်းကွန်တီ၊မော်ရင်ဟိုတို့ထက်ပိုပြီးလက်တွေ့ဆန်တဲ့ကစားဟန်ကို ချဲလ်ဆီးအသင်းဟာပြောင်းလဲနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။မော်ရင်ဟိုနဲ့ပတ်သတ်ပြီးဝေဖန်နေကြတဲ့အကြောင်းအရင်းတစ်ခုက သူ့ရဲ့နည်းစနစ်တွေဟာမော်ဒန်ဘောလုံးလောကနဲ့အလှမ်းဝေးလာကြောင်းဆိုလိုတာက အသင်းကြီးတွေရဲ့အခြားနည်းပြတွေဟာ ဘောလုံးပိုင်ဆိုင်မှုရဖို့တစ်ဖက်အသင်းကိုဖိအားပေးကစားလာကြတာပဲဖြစ်ပါတယ်။
ဆာရီဟာ မော်ရင်ဟိုရဲ့ကစားဟန်တိုင်းကစားချင်မှကစားမှာပါ။ဒါပင်မယ့်ဒီနေ့ညကစားမယ့်ပွဲမှာသူ့အသင်းကို ဘယ်လိုတည်ဆောက်ထားလဲပြိုင်ဘက်ကိုသတိပေးစကားပြောလိုက်ပါတယ်။ “ပြဿနာက ကစားဟန်နဲ့မဆိုင်ပါဘူး။သူဟာ အနိုင်ရဖို့ကိုဦးတည်တာပါ။သူဟာနေရာတိုင်းမှာအရာအားလုံးကိုအနိုင်ယူခဲ့ပါတယ်။ဒါကြောင့်သူမှန်တယ်လို့ဆိုလိုပါတယ်။သူတို့အသင်းကျွန်တော်တို့နဲ့ကစားမယ်။သူတို့ကစားဟန်အတိုင်းကစားလိမ့်မယ်။ဘာလို့လဲဆိုတော့သူတို့အသင်းဟာ အဲ့ကစားဟန်အတိုင်းကစားနိုင်ကြပါတယ်။သူတို့အသင်းဟာအံသြစရာကောင်းပါတယ်။ကျွန်တော်တို့အသင်းဟာ အရမ်းတောင့်တင်းတဲ့အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာမို့အရာအားလုံးကိုမေ ျှာ်လင့်ဖို့လိုအပ်ပါတယ်။အရမ်းတောင့်တင်းတဲ့အသင်းတွေဟာအရေးကြီးတဲ့ပွဲတွေရောက်ရင်ကောင်းကောင်းကစားတတ်ကြပါတယ်။ကျွန်တော်တို့တွေ အရာအာလုံးကို ရင်ဆိုင်ဖို့အဆင်သင့်ပြင်ထားဖို့လိုအပ်ပါတယ်။” လို့နည်းပြဆာရီက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာရှင်းလင်းပြောကြားခဲ့ပါတယ်။
No comments
Powered by Blogger.