ပရီးမီးယားလိပ္သမိုုင္းတစ္ေလ ွ်ာက္ေျပာစမွတ္ျဖစ္ေအာင္ဗိုုလ္စြဲခဲ့တဲ့အသင္းမ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဘယ္အသင္းကပရီးမီးယားလိဂ္ေဘာလံုးရာသီတစ္ခုကို အေကာင္းဆံုးပံုစံနဲ႔ျဖတ္သန္းျပီးဗိုလ္စြဲနိုင္ခဲ့သလဲ။ဒါကေတာ့ေဘာလံုးေလာကရဲ႕အေျဖထုတ္ရအခက္ဆံုးေမးခြန္းေတြထဲကတစ္ခုအျဖစ္ရွိေနမွာေသခ်ာပါတယ္။တစ္နွစ္ခ်င္းကိုေသခ်ာျပန္ဆန္းစစ္ျကည့္ရင္အသင္းေလးသင္းရဲ႕ အေကာင္းဆံုး၈ရာသီကိုေတြ႕ရမွာျဖစ္ျပီး အာဆင္နယ္ရဲ႕ရံႈးပြဲမရွိရာသီ ေမာ္ရင္ဟိုရဲ႕ခ်ယ္ဆီးစက္ရုပ္အသင္းလိုစြမ္းေဆာင္ခဲ့
တဲ့ရာသီ ယူနိုက္တက္ဖလားသံုးလံုးရခဲ့တဲ့ရာသီနဲ႕ဂြာဒီယိုလာရဲ႕စံခ်ိန္တင္ရမွတ္နဲ ့မွတ္တမ္းမ်ားစြာကိုရိုက္ခ်ိဳးဗိုလ္စြဲခဲ့တာေတြကေတာ့ ေျပာစမွတ္ျပဳစရာေတြပါပဲ။
ဒီအသင္းေတြဗိုလ္ဝင္ခံခဲ့ခ်ိန္ကထူးျခားတဲ့စြမ္းေဆာင္ရည္အခ်ိဳ႕ကိုေဖာ္ျပေပးသြားမွာျဖစ္ျပီး စာဖတ္သူတို႔အေနနဲ႕ေတာ့ အျမင္အမ်ိဳးမ်ိဳးကြဲလြဲနိုင္ပါတယ္။
အာဆင္နယ္
(1997-98)
''အစကဒီလူေဘာလံုးအေျကာင္းေရာသိရဲ႕လားထင္ခဲ့တာ''ဒါကအာဆင္နယ္အသင္းေခါင္းေဆာင္တိုနီအဒမ္ရဲ႕ အဲ့ဒီခ်ိန္ကေျပာခဲ့တဲ့စကားပါ။အာဆင္ဝင္းဂါး ကေတာ့ အာဆင္နယ္ကို စေရာက္တဲ့ပထမရာသီဝက္တစ္ခုလံုးေဝဖန္မႈေတြကိုနႈတ္ဆိတ္ေနခဲ့ျပီး ေဖေဖာ္ဝါရီလမွာ ဂန္းနားတို႔ ယူနိုက္တက္္ရဲ႕ေနာက္ ၁၂မွတ္ျပတ္က်န္ေနခဲ့ပါျပီ။ဒါေပမယ့္ အရွိန္ျမင့္လာတဲ့ျပိဳင္ပြဲအဆံုးသတ္ပိုင္းမွာေတာ့ ၁၀ပြဲဆက္နိုင္ပြဲဆက္ေအာင္စြမ္းေဆာင္နိုင္ခဲ့တာေျကာင့္ ပရီးမီးယားလိဂ္ဆုဖလားကို ဟိုက္ဘူရီကြင္းျကီးဆီသယ္ေဆာင္လာနိုင္ခဲ့ပါတယ္။ယူနိုက္တက္ကို တစ္မွတ္အသာေလးနဲ႕ဒရမ္မာဆန္ဆန္ ေက်ာ္ျဖတ္နိုင္ခဲ့တာျဖစ္ျပီး ဝင္းဂါးဟာ လည္းပဲ အဂၤလန္အမွတ္ေပးဖလားကိုရယူနိုင္ခဲ့တဲ့ ပထမဆံုးနိုင္ငံျခားသားနည္းျပအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။
ဒါအျပင္ FAဖလားမွာလည္း နယူးကာဆယ္ကို နိုင္ျပီး ဗိုလ္စြဲခဲ့တာေျကာင့္ အာဆင္နယ္အသိုင္းအဝိုင္းအတြက္ လွပတဲ့ေတးသြားေတြခံစားခြင့္ရတဲ့ ရာသီတစ္ခုျဖစ္ခဲ့ပါတယ္။
2003-04
1888ခုနွစ္ထဲကစတင္ခဲ့တဲ့အဂၤလန္အမွတ္ေပးသမိုင္းတစ္ေလ်ာက္အာဆင္နယ္ဟာ26ပြဲနိုင္12ပြဲသေရ နဲ႔ရံႈးပြဲမရွိတဲ့ အံ့အားသင့္ဖြယ္ရာသီတစ္ခုကို ပိုင္ဆိုင္ခဲ့တဲ့ ပရီးမီးယားလိဂ္ရဲ႕တစ္ခုထဲေသာအသင္္းအျဖစ္ ရပ္တည္ေနပါတယ္။သူတို႔ဟာ ဒီစံခ်ိန္ကို၄၉ပြဲအထိထိန္းသိမ္းထားနိုင္ခဲ့ျပီး ေနာက္တစ္နွစ္အိုးထရက္ဖို႔ကြင္းထဲေရာက္မွသာ က်ိဳးပ်က္ခဲ့ရတာပါ။
ရံႈးပြဲမရွိဗိုလ္စြဲမႈမွာဗီအဲရာနဲ႕ဘားကမ့္တို႔က အာဆင္ဝင္းဂါးရဲ႕အဓိကေထာက္တိုင္ေတြျဖစ္ခဲ့ျပီး ဂိုးသမားေလမန္း ေနာက္ခံလူ ဆိုးကမ္းဘဲ နဲ႕ေဘာလံုးေမွာ္စရာအြန္နရီတို႔ကေတာ့ ဒီသမိုင္းဝင္ေန႔ရက္ေတြရဲ႕ အသက္ေသြးေျကာပါပဲ။ဒါဟာ အာဆင္နယ္ရဲ႕ေနာက္ဆံုးအျကိမ္အမွတ္ေပးဖလားဗိုလ္စြဲမႈျဖစ္ေပမယ့္ရံႈးပြဲမရွိဆိုတဲ့ ဂုဏ္သိကၡာကေတာ့ အာဆင္နယ္စြဲျမဲသူေတြရဲ႕နွလံုးသားမွာ ထာဝရရွိေနမွာျဖစ္ပါတယ္။
ခ်ယ္ဆီး
(2004-05)
''က်ေနာ္က ခ်န္ပီယံလိဂ္ဖလားယူျပီး ဒီကိုလာခဲ့တာပါ ေက်းဇူးျပဳ၍က်ေနာ့္ကို စိတ္ျကီးဝင္ေနတာလို႔ေျပာမယ့္အစား special oneလို႔ေခၚေပးပါလား''ဒါကေရာက္ေရာက္ခ်င္းအဂၤလန္ေဘာလံုးေလာကကို ေမာ္ရင္ဟိုနႈတ္ဆက္လိုက္ပံုပါ။ေငြလမ္းခင္းဖို႔ၾကံရြယ္ေနတဲ့ရုရွားသူေဌး ေအဗရာမိုဗစ္က ေပၚတိုနဲ႕ခ်န္ပီယံလိဂ္ယူျပခဲ့တဲ့ ေမာ္ရင္ဟိုကို ေတာ္ေကာက္ခဲ့ပါတယ္။
ေမာ္ရင္ဟိုက ပထမရာသီမွာပဲ အျပာေရာင္ေကာင္းကင္ကို ဖြင့္ဟျပခဲ့နိုင္ခဲ့ျပီး ဒုတိယေနရာက အာဆင္နယ္ကို၁၂မွတ္ျဖတ္ဗိုလ္စြဲနိုင္ခဲ့ပါတယ္။တစ္ရာသီလံုး ၁၅ဂိုးသာေပးခဲ့ရျပီး ၂၅ပြဲclean-sheetsရခဲ့တာေတြကလည္း ေဘာလံုးပရိတ္သတ္ေတြကို အံ႔ျသမွင္သက္ေစခဲ့ပါတယ္။ နွစ္၅၀ျကာဖလားလက္မဲ့ျဖစ္ေနမႈကိုအဆံုးသတ္နိုင္ခဲ့သလို တစ္ရာသီလံုးရံႈးပြဲတစ္ပြဲသာရွိတဲ့အထိ ေျခစြမ္းထက္ျမက္ခဲ့တာပါ။ေမာ္ရင္ ဟိုရဲ႕ အင္ပါယာမွာ
ကာဗယ္ဟို ဖာရဲရားတို႔လို ေပၚတိုကသူ႔တပည့္ေဟာင္းေတြက အေရးပါခဲ့သလို အသင္းေခါင္းေဆာင္ဂြ်န္တယ္ရီကလည္း ခံစစ္တံတိုင္းျကီးျဖစ္ခဲ့ပါတယ္။ကြင္းလည္အဖ်က္မက္ခီလီလီကလည္း နည္းစနစ္သံုးသပ္သူေတြအတြက္ မက္ခီလီလီroleဆိုျပီး ေနရာတစ္ခုသက္မွတ္ရတဲ့အထိ ေျခစြမ္းျပနိုင္ခဲ့တာေျကာင့္ လမ္းပတ္ဟာ တိုက္စစ္ကိုလြတ္လြတ္လပ္လပ္လိုက္ပါခြင့္ရခဲ့ပါတယ္။အက်ိဳးဆက္အေနနဲ႔လမ္းပတ္ဟာ ခ်ယ္ဆီးရဲ႕သမိုင္းဝင္ရာသီတစ္ခုမွာ လိဂ္ဂိုး ၁၃ဂိုးအထိရရွိခဲ့ထည့္ဝင္သယ္ပိုးခဲ့ပါတယ္။
2009-10
ဒါဟာ ေနာက္ထပ္ခ်ယ္ဆီးနည္းျပတစ္ေရာက္ရဲ႕ပထမရာသီမွာပဲ အမွတ္ေပးဖလားေရာFAဖလားပါသိမ္းပိုက္နိုင္ခဲ့ျခင္းပါ။ဒါေပမယ့္အေျခအေနေတြကေတာ့ေျပာင္းျပန္ျဖစ္ျပီး ေမာ္ရင္ဟိုကone goal enoughပံုစံနဲ႕အနိုင္ရလဒ္ကိုရွာေဖြျပီး အန္ဆယ္ေလာ့တီရဲ႕အသင္းကေတာ့ တိုက္စစ္ကိုအေျခခံတာျဖစ္ပါတယ္။
ဒီရာသီမွာခ်ယ္ဆီးအသင္းEPL သြင္းဂိုး၁၀၃ဂိုးရွိခဲ့ျပီး ဂိုးကြာျခားခ်က္က+71ျဖစ္ပါတယ္။တယ္ရီ လမ္းပတ္ ဒေရာဘာ ပီတာခ်က္တို႔ရဲ႕ဦးေဆာင္မႈနဲ႕ လွပတဲ့သမိုင္းသစ္တစ္ခုထပ္မံေရးထိုးနိုင္ခဲ့ျပီး ေဘာလက္ အနက္ကာ မာလူဒါတိူ႔ရဲ႕တိုက္စစ္အရည္အေသြးေတြဟာလည္း အဓိကေနရာမွာပါဝင္ခဲ့ပါတယ္။
မန္ခ်က္စတာယူနိုက္တက္
1993-94
1992ေႏြရာသီမွာ ဖာဂူဆန္က လိဒ္အသင္းတိုက္စစ္မွဴးကန္တိုနာကို ေပါင္1.2သန္းနဲ႔အမွတ္မထင္ေခၚယူခဲ့ပါတယ္။ကန္တိုနာဟာ 18ဂိုးအထိသြင္းျပီးPFAဆု႐ရွိခဲ့ကာ ယူနိုက္တက္ရဲ႕ဖလားလမ္းေျကာင္းမွာအဓိကေနရာကေနပါဝင္ခဲ့ပါတယ္။FAဖလားကိုလည္းခ်ယ္ဆီးကို ၄-၀နဲအနိုင္ယူဗိုလ္စြဲကာ အခ်ိဳေပၚ သကာေလာင္းတဲ့ရာသီတစ္ခုကိုဖန္တီးနိုင္ခဲ့ပါတယ္။ဒါဟာ သမိုင္းတစ္ခုရဲ႕အစျဖစ္ခဲ့ျပီး အဝတ္လဲခန္းမွာလည္း ကိန္း, ကန္တိုနာ, ရွမိုက္ကယ္ တို႔လိုကစားသမားေတြဟာလူငယ္ကစားသမားေတြအေပၚျသဇာသက္ေရာက္မႈျကီးခဲ့ပါတယ္။
1998-99
ဒီရာသီမွာUCL,EPL,FA စတဲ့ဆုဖလားအားလံုးကိုရယူျပီး ခမ္းနားတဲ့သမိုင္းတစ္ခုကို ဖန္တီးနိုင္ခဲ့ပါတယ္။ အဂၤလန္ကလပ္ေတြထဲမွာ ဘယ္အသင္းကမွခုလိုမစြမ္းေဆာင္နိုင္ေသးပဲ အန္ဒီကိုး , ဒိြဳက္ေယာ့တို႔နွစ္ေယာက္ေပါင္းဂိုးဟာလည္း 53ဂိုးထိရွိခဲ့ပါတယ္။ေႏြရာသီကေခၚယူထားတဲ့ေနာက္ခံလူဂ်ပ္စတမ္းကလည္း ရွမိုက္ကယ္ရဲ႕ေရွ႕ကေနအေကာင္းဆံုးခံတပ္တစ္ခုလိုရွိခဲ့ျပီး အိုးထရက္ဖို႔တိုက္ပြဲမွာ အေကာင္းဆံုးအသံုးေတာ္ခံခဲ့ပါတယ္။
တယ္ဒီရွရဂမ္ ,ဆိုးရွားတို႔လို ဂိုးမုဆိုးေတြလည္း အရန္ခံုမွာအသင့္ရွိေနခဲ့ျပီး ဘိုင္ယန္ကိုနိုင္ခဲ့တဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေနာက္က်ဂိုးနွစ္ဂိုးကို သြင္းယူေပးနိုင္ခဲ့ပါတယ္။ရြိဳင္ကိန္း ေပါစခိုး နစ္ကီဘတ္တို႔ ကြင္းလယ္အစုအဖြဲနဲ႕ ယူနိုက္တက္ရဲ႕ ေရႊေရာင္ေန႔ရက္ေတြဟာ သိပ္ကိုေတာက္ပခဲ့ပါတယ္။
2007-08
ဒီေအာင္ပြဲကို ရယူေပးခဲ့သူေတြကို ဂႏၶာဝင္နည္းျပျကီးဖာဂူဆန္ရဲ႕တတိယေျမာက္မ်ိဳးဆက္ လို႔လည္းေခၚ နိုင္ပါတယ္။ ပရီးမီးယားလိဂ္ဖလားအျပင္ ခ်န္ပီယံလိဂ္မွာလည္း ေမာ္စကိုညခ်မ္းမွာနိုင္ငံတူျပိဳင္ဘက္ခ်ယ္ဆီးကိုအလဲထိုးနိုင္ခဲ့ပါတယ္။
စီေရာ္နယ္ဒိုကေတာ့ျပိဳင္ပြဲစံု၄၂ဂိုးသြင္းျပီး သူ႔ဘဝရဲ႕ပထမဆံုး ballons d'Orဆုကို ရယူနိုင္ခဲ့ပါတယ္။ဒီဆုအတြက္ ရြန္းနီနဲ႕တီဗက္တို႔ရဲ႕ထည့္ဝင္သယ္ပိုးမႈကိုလည္းမေမ့သင့္ပါဘူး။ ဖာဒီနန္ နဲ႕ဗီဒစ္ကလည္း ခံစစ္ေက်ာက္ေဆာင္အျဖစ္ရွိခဲ့ကာ,ကာရစ္ ရဲ႕အခင္းအက်င္းနဲ႔ ဂစ္ ,ေပါစခိုးတို႕ရဲ႕အေတြအျကံုေတြေပါင္းစပ္လိုက္တဲ့အခါ ယူနိုက္တက္ ဟာ အေတာင့္တင္းဆံုးအသင္းတစ္သင္းျဖစ္ခဲ့ပါတယ္။
မန္စီးတီး
2017-18
မန္စီးတီးရဲ႕ အေရးအပါဆံုးအခိုက္အတန္႔တစ္ခုကိုျပပါဆိုရင္ ၂၀၁၁က QPRဘက္ကို ေနာက္ဆံုးမိနစ္မွာသြင္းခဲ့တဲ့ အဂူရိုရဲ႕ ဂိုးကိုျပရပါလိမ့္မယ္။ဒါဟာ ၄၄နွစ္ျကာဆုဖလားကင္းမဲ့မႈ ကို အဆံုးသတ္နိုင္ခဲ့တာပါ။ဒါေပမယ့္ အေအာင္ျမင္ဆံုးရာသီဆိုရင္ေတာ့ မနွစ္က ပတ္ဂြာဒီယိုလာနဲ႕ျဖတ္သန္းခဲ့တဲ့ရာသီကိုပဲျပရမွာပါ။ မန္စီးတီးဟာ ပရီးမီးယားလိဂ္သမိုင္းမွာပထမဆံုး အမွတ္၁၀၀ရေအာင္စြမ္းနိုင္ခဲ့တဲ့အသင္း ျဖစ္သလို စံခ်ိန္မ်ားစြာကိုလည္းရိုက္ခ်ိဳးခဲ့ပါတယ္။ကီဗင္ဒီဘရိုင္းရဲ႕ ပံပိုးမႈေတြကလည္း အဓိက အခန္းက႑က ရွိေနသလို အဂူရိုရဲ႕ဦးေဆာင္မႈနဲ႕ ဂြာဒီယိုလာရဲ႕စိတ္ျကိုက္ဂိုးသမား အီဒါဆင္တို႕ေျကာင့္လည္း မန္စီတီးဟာ စံခ်ိန္မ်ားစြာစိုက္ထူနိုင္ခဲ့တာပဲျဖစ္ပါတယ္။
(Unicode)
ဘယ်အသင်းကပရီးမီးယားလိဂ်ဘောလုံးရာသီတစ်ခုကို အကောင်းဆုံးပုံစံနဲ့ဖြတ်သန်းပြီးဗိုလ်စွဲနိုင်ခဲ့သလဲ။ဒါကတော့ဘောလုံးလောကရဲ့အဖြေထုတ်ရအခက်ဆုံးမေးခွန်းတွေထဲကတစ်ခုအဖြစ်ရှိနေမှာသေချာပါတယ်။တစ်နှစ်ချင်းကိုသေချာပြန်ဆန်းစစ်ကြည့်ရင်အသင်းလေးသင်းရဲ့ အကောင်းဆုံး၈ရာသီကိုတွေ့ရမှာဖြစ်ပြီး အာဆင်နယ်ရဲ့ရှုံးပွဲမရှိရာသီ မော်ရင်ဟိုရဲ့ချယ်ဆီးစက်ရုပ်အသင်းလိုစွမ်းဆောင်ခဲ့
တဲ့ရာသီ ယူနိုက်တက်ဖလားသုံးလုံးရခဲ့တဲ့ရာသီနဲ့ဂွာဒီယိုလာရဲ့စံချိန်တင်ရမှတ်နဲ့မှတ်တမ်းများစွာကိုရိုက်ချိုးဗိုလ်စွဲခဲ့တာတွေကတော့ ပြောစမှတ်ပြုစရာတွေပါပဲ။
ဒီအသင်းတွေဗိုလ်ဝင်ခံခဲ့ချိန်ကထူးခြားတဲ့စွမ်းဆောင်ရည်အချို့ကိုဖော်ပြပေးသွားမှာဖြစ်ပြီး စာဖတ်သူတို့အနေနဲ့တော့ အမြင်အမျိုးမျိုးကွဲလွဲနိုင်ပါတယ်။
အာဆင်နယ်
(1997-98)
''အစကဒီလူဘောလုံးအကြောင်းရောသိရဲ့လားထင်ခဲ့တာ''ဒါကအာဆင်နယ်အသင်းခေါင်းဆောင်တိုနီအဒမ်ရဲ့ အဲ့ဒီချိန်ကပြောခဲ့တဲ့စကားပါ။အာဆင်ဝင်းဂါး ကတော့ အာဆင်နယ်ကို စရောက်တဲ့ပထမရာသီဝက်တစ်ခုလုံးဝေဖန်မှုတွေကိုနှုတ်ဆိတ်နေခဲ့ပြီး ဖေဖော်ဝါရီလမှာ ဂန်းနားတို့ ယူနိုက်တက်ရဲ့နောက် ၁၂မှတ်ပြတ်ကျန်နေခဲ့ပါပြီ။ဒါပေမယ့် အရှိန်မြင့်လာတဲ့ပြိုင်ပွဲအဆုံးသတ်ပိုင်းမှာတော့ ၁၀ပွဲဆက်နိုင်ပွဲဆက်အောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဆုဖလားကို ဟိုက်ဘူရီကွင်းကြီးဆီသယ်ဆောင်လာနိုင်ခဲ့ပါတယ်။ယူနိုက်တက်ကို တစ်မှတ်အသာလေးနဲ့ဒရမ်မာဆန်ဆန် ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ဝင်းဂါးဟာ လည်းပဲ အင်္ဂလန်အမှတ်ပေးဖလားကိုရယူနိုင်ခဲ့တဲ့ ပထမဆုံးနိုင်ငံခြားသားနည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါအပြင် FAဖလားမှာလည်း နယူးကာဆယ်ကို နိုင်ပြီး ဗိုလ်စွဲခဲ့တာကြောင့် အာဆင်နယ်အသိုင်းအဝိုင်းအတွက် လှပတဲ့တေးသွားတွေခံစားခွင့်ရတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။
2003-04
1888ခုနှစ်ထဲကစတင်ခဲ့တဲ့အင်္ဂလန်အမှတ်ပေးသမိုင်းတစ်လျောက်အာဆင်နယ်ဟာ26ပွဲနိုင်12ပွဲသရေ နဲ့ရှုံးပွဲမရှိတဲ့ အံ့အားသင့်ဖွယ်ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့တစ်ခုထဲသောအသင်းအဖြစ် ရပ်တည်နေပါတယ်။သူတို့ဟာ ဒီစံချိန်ကို၄၉ပွဲအထိထိန်းသိမ်းထားနိုင်ခဲ့ပြီး နောက်တစ်နှစ်အိုးထရက်ဖို့ကွင်းထဲရောက်မှသာ ကျိုးပျက်ခဲ့ရတာပါ။ရှုံးပွဲမရှိဗိုလ်စွဲမှုမှာဗီအဲရာနဲ့ဘားကမ့်တို့က အာဆင်ဝင်းဂါးရဲ့အဓိကထောက်တိုင်တွေဖြစ်ခဲ့ပြီး ဂိုးသမားလေမန်း နောက်ခံလူ ဆိုးကမ်းဘဲ နဲ့ဘောလုံးမှော်စရာအွန်နရီတို့ကတော့ ဒီသမိုင်းဝင်နေ့ရက်တွေရဲ့ အသက်သွေးကြောပါပဲ။ဒါဟာ အာဆင်နယ်ရဲ့နောက်ဆုံးအကြိမ်အမှတ်ပေးဖလားဗိုလ်စွဲမှုဖြစ်ပေမယ့်ရှုံးပွဲမရှိဆိုတဲ့ ဂုဏ်သိက္ခာကတော့ အာဆင်နယ်စွဲမြဲသူတွေရဲ့နှလုံးသားမှာ ထာဝရရှိနေမှာဖြစ်ပါတယ်။
ချယ်ဆီး
(2004-05)
''ကျနော်က ချန်ပီယံလိဂ်ဖလားယူပြီး ဒီကိုလာခဲ့တာပါ ကျေးဇူးပြု၍ကျနော့်ကို စိတ်ကြီးဝင်နေတာလို့ပြောမယ့်အစား special oneလို့ခေါ်ပေးပါလား''ဒါကရောက်ရောက်ချင်းအင်္ဂလန်ဘောလုံးလောကကို မော်ရင်ဟိုနှုတ်ဆက်လိုက်ပုံပါ။ငွေလမ်းခင်းဖို့ကြံရွယ်နေတဲ့ရုရှားသူဌေး အေဗရာမိုဗစ်က ပေါ်တိုနဲ့ချန်ပီယံလိဂ်ယူပြခဲ့တဲ့ မော်ရင်ဟိုကို တော်ကောက်ခဲ့ပါတယ်။
မော်ရင်ဟိုက ပထမရာသီမှာပဲ အပြာရောင်ကောင်းကင်ကို ဖွင့်ဟပြခဲ့နိုင်ခဲ့ပြီး ဒုတိယနေရာက အာဆင်နယ်ကို၁၂မှတ်ဖြတ်ဗိုလ်စွဲနိုင်ခဲ့ပါတယ်။တစ်ရာသီလုံး ၁၅ဂိုးသာပေးခဲ့ရပြီး ၂၅ပွဲclean-sheetsရခဲ့တာတွေကလည်း ဘောလုံးပရိတ်သတ်တွေကို အံ့သြမှင်သက်စေခဲ့ပါတယ်။ နှစ်၅၀ကြာဖလားလက်မဲ့ဖြစ်နေမှုကိုအဆုံးသတ်နိုင်ခဲ့သလို တစ်ရာသီလုံးရှုံးပွဲတစ်ပွဲသာရှိတဲ့အထိ ခြေစွမ်းထက်မြက်ခဲ့တာပါ။မော်ရင် ဟိုရဲ့ အင်ပါယာမှာ
ကာဗယ်ဟို ဖာရဲရားတို့လို ပေါ်တိုကသူ့တပည့်ဟောင်းတွေက အရေးပါခဲ့သလို အသင်းခေါင်းဆောင်ဂျွန်တယ်ရီကလည်း ခံစစ်တံတိုင်းကြီးဖြစ်ခဲ့ပါတယ်။ကွင်းလည်အဖျက်မက်ခီလီလီကလည်း နည်းစနစ်သုံးသပ်သူတွေအတွက် မက်ခီလီလီroleဆိုပြီး နေရာတစ်ခုသက်မှတ်ရတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လမ်းပတ်ဟာ တိုက်စစ်ကိုလွတ်လွတ်လပ်လပ်လိုက်ပါခွင့်ရခဲ့ပါတယ်။အကျိုးဆက်အနေနဲ့လမ်းပတ်ဟာ ချယ်ဆီးရဲ့သမိုင်းဝင်ရာသီတစ်ခုမှာ လိဂ်ဂိုး ၁၃ဂိုးအထိရရှိခဲ့ထည့်ဝင်သယ်ပိုးခဲ့ပါတယ်။
2009-10
ဒါဟာ နောက်ထပ်ချယ်ဆီးနည်းပြတစ်ရောက်ရဲ့ပထမရာသီမှာပဲ အမှတ်ပေးဖလားရောFAဖလားပါသိမ်းပိုက်နိုင်ခဲ့ခြင်းပါ။ဒါပေမယ့်အခြေအနေတွေကတော့ပြောင်းပြန်ဖြစ်ပြီး မော်ရင်ဟိုကone goal enoughပုံစံနဲ့အနိုင်ရလဒ်ကိုရှာဖွေပြီး အန်ဆယ်လော့တီရဲ့အသင်းကတော့ တိုက်စစ်ကိုအခြေခံတာဖြစ်ပါတယ်။ဒီရာသီမှာချယ်ဆီးအသင်းEPL သွင်းဂိုး၁၀၃ဂိုးရှိခဲ့ပြီး ဂိုးကွာခြားချက်က+71ဖြစ်ပါတယ်။တယ်ရီ လမ်းပတ် ဒရောဘာ ပီတာချက်တို့ရဲ့ဦးဆောင်မှုနဲ့ လှပတဲ့သမိုင်းသစ်တစ်ခုထပ်မံရေးထိုးနိုင်ခဲ့ပြီး ဘောလက် အနက်ကာ မာလူဒါတိူ့ရဲ့တိုက်စစ်အရည်အသွေးတွေဟာလည်း အဓိကနေရာမှာပါဝင်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်
1993-94
1992နွေရာသီမှာ ဖာဂူဆန်က လိဒ်အသင်းတိုက်စစ်မှူးကန်တိုနာကို ပေါင်1.2သန်းနဲ့အမှတ်မထင်ခေါ်ယူခဲ့ပါတယ်။
ကန်တိုနာဟာ 18ဂိုးအထိသွင်းပြီးPFAဆုရရှိခဲ့ကာ ယူနိုက်တက်ရဲ့ဖလားလမ်းကြောင်းမှာအဓိကနေရာကနေပါဝင်ခဲ့ပါတယ်။FAဖလားကိုလည်းချယ်ဆီးကို ၄-ဝနဲအနိုင်ယူဗိုလ်စွဲကာ အချိုပေါ် သကာလောင်းတဲ့ရာသီတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ဒါဟာ သမိုင်းတစ်ခုရဲ့အစဖြစ်ခဲ့ပြီး အဝတ်လဲခန်းမှာလည်း ကိန်း, ကန်တိုနာ, ရှမိုက်ကယ် တို့လိုကစားသမားတွေဟာလူငယ်ကစားသမားတွေအပေါ်သြဇာသက်ရောက်မှုကြီးခဲ့ပါတယ်။
1998-99
ဒီရာသီမှာUCL,EPL,FA စတဲ့ဆုဖလားအားလုံးကိုရယူပြီး ခမ်းနားတဲ့သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ အင်္ဂလန်ကလပ်တွေထဲမှာ ဘယ်အသင်းကမှခုလိုမစွမ်းဆောင်နိုင်သေးပဲ အန်ဒီကိုး , ဒွိုက်ယော့တို့နှစ်ယောက်ပေါင်းဂိုးဟာလည်း 53ဂိုးထိရှိခဲ့ပါတယ်။နွေရာသီကခေါ်ယူထားတဲ့နောက်ခံလူဂျပ်စတမ်းကလည်း ရှမိုက်ကယ်ရဲ့ရှေ့ကနေအကောင်းဆုံးခံတပ်တစ်ခုလိုရှိခဲ့ပြီး အိုးထရက်ဖို့တိုက်ပွဲမှာ အကောင်းဆုံးအသုံးတော်ခံခဲ့ပါတယ်။ တယ်ဒီရှရဂမ် ,ဆိုးရှားတို့လို ဂိုးမုဆိုးတွေလည်း အရန်ခုံမှာအသင့်ရှိနေခဲ့ပြီး ဘိုင်ယန်ကိုနိုင်ခဲ့တဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နောက်ကျဂိုးနှစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ရွိုင်ကိန်း ပေါစခိုး နစ်ကီဘတ်တို့ ကွင်းလယ်အစုအဖွဲနဲ့ ယူနိုက်တက်ရဲ့ ရွှေရောင်နေ့ရက်တွေဟာ သိပ်ကိုတောက်ပခဲ့ပါတယ်။
2007-08
ဒီအောင်ပွဲကို ရယူပေးခဲ့သူတွေကို ဂန္ဓာဝင်နည်းပြကြီးဖာဂူဆန်ရဲ့တတိယမြောက်မျိုးဆက် လို့လည်းခေါ် နိုင်ပါတယ်။ ပရီးမီးယားလိဂ်ဖလားအပြင် ချန်ပီယံလိဂ်မှာလည်း မော်စကိုညချမ်းမှာနိုင်ငံတူပြိုင်ဘက်ချယ်ဆီးကိုအလဲထိုးနိုင်ခဲ့ပါတယ်။စီရော်နယ်ဒိုကတော့ပြိုင်ပွဲစုံ၄၂ဂိုးသွင်းပြီး သူ့ဘဝရဲ့ပထမဆုံး ballons d'Orဆုကို ရယူနိုင်ခဲ့ပါတယ်။ဒီဆုအတွက် ရွန်းနီနဲ့တီဗက်တို့ရဲ့ထည့်ဝင်သယ်ပိုးမှုကိုလည်းမမေ့သင့်ပါဘူး။ ဖာဒီနန် နဲ့ဗီဒစ်ကလည်း ခံစစ်ကျောက်ဆောင်အဖြစ်ရှိခဲ့ကာ,ကာရစ် ရဲ့အခင်းအကျင်းနဲ့ ဂစ် ,ပေါစခိုးတို့ရဲ့အတွေအကြုံတွေပေါင်းစပ်လိုက်တဲ့အခါ ယူနိုက်တက် ဟာ အတောင့်တင်းဆုံးအသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။
2017-18
မန်စီးတီးရဲ့ အရေးအပါဆုံးအခိုက်အတန့်တစ်ခုကိုပြပါဆိုရင် ၂၀၁၁က QPRဘက်ကို နောက်ဆုံးမိနစ်မှာသွင်းခဲ့တဲ့ အဂူရိုရဲ့ ဂိုးကိုပြရပါလိမ့်မယ်။ဒါဟာ ၄၄နှစ်ကြာဆုဖလားကင်းမဲ့မှု ကို အဆုံးသတ်နိုင်ခဲ့တာပါ။ဒါပေမယ့် အအောင်မြင်ဆုံးရာသီဆိုရင်တော့ မနှစ်က ပတ်ဂွာဒီယိုလာနဲ့ဖြတ်သန်းခဲ့တဲ့ရာသီကိုပဲပြရမှာပါ။ မန်စီးတီးဟာ ပရီးမီးယားလိဂ်သမိုင်းမှာပထမဆုံး အမှတ်၁၀၀ရအောင်စွမ်းနိုင်ခဲ့တဲ့အသင်း ဖြစ်သလို စံချိန်များစွာကိုလည်းရိုက်ချိုးခဲ့ပါတယ်။ကီဗင်ဒီဘရိုင်းရဲ့ ပံပိုးမှုတွေကလည်း အဓိက အခန်းကဏ္ဍက ရှိနေသလို အဂူရိုရဲ့ဦးဆောင်မှုနဲ့ ဂွာဒီယိုလာရဲ့စိတ်ကြိုက်ဂိုးသမား အီဒါဆင်တို့ကြောင့်လည်း မန်စီတီးဟာ စံချိန်များစွာစိုက်ထူနိုင်ခဲ့တာပဲဖြစ်ပါတယ်။
Post a Comment