Header Ads


မက္ဆီနဲ့ရိုုနယ္ဒိုုတိုု ့ရဲ ့ေခတ္ကသိပ္ကိုထူးျခားေျပာင္ေျမာက္လြန္းပါတယ္။-ဂြာဒီယိုုလာ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

အာဂ်င္တိုင္းစတား နဲ ့ေပၚတူဂီစတား တို ့ဟာ သူတိုု ့ရဲ ့ကစားသမားဘ၀ေန၀င္ခ်ိန္ကိုေရာက္ရိွေနၿပီျဖစ္ေသာ္လည္း အခုုခ်ိန္ထိကစားကြင္းထဲမွာအေကာင္းဆံုုးေျခစြမ္းေတြကိုျပသေနဆဲျဖစ္ပါတယ္။ဒါေၾကာင့္မန္စီးတီးရဲ ့နည္းျပ ပတ္ဂြာဒီယိုုလာက သူတို ့၂ေယာက္လံုုးကိုုခ်ီးက်ဴးဂုုဏ္ျပဳခဲ့ပါတယ္။

နည္းျပပတ္ယံုုၾကည္ေနတာကေတာ့ ကမာၻ ့ေဘာလံုုးေလာက ဟာ မက္ဆီနဲ ့ရိုုနယ္ဒိုုတိုု ့ရဲ ့စြန္ ့စားခန္းေတြေၾကာင့္ သူတိုု ့၂ေယာက္ရဲ ့ထူးျခားေကာင္းမြန္ၿပီး အံျသစရာေကာင္းတဲ့အရည္အေသြးကိုုျမင္ေတြ ့ခြင့္ရတယ္ဆိုုတာပဲျဖစ္ပါတယ္။

 ျပီးခဲ့တဲ့ ၁၀နွစ္အေတာအတြင္းမွာ ရိုုနယ္ဒိုု နဲ ့မက္ဆီတို ့ဟာ ေထာက္ခံခ်ီးက်ဳးမႈစကားေတြသာ အပိုုင္စားသိမ္းပိုုက္ထားၾကၿပီး သူတိုု ့၂ေယာက္စလံုုး အသက္ ၃၀ေက်ာ္ေနၿပီျဖစ္ေသာ္လည္း အခုုထိသန္မာေနၾကဆဲျဖစ္ပါတယ္။
၂၀၀၇ ေဘာ္လြန္ဒီေအာ္ဆုုကိုု ကာကာ ရရိွခဲ့ၿပီေနာက္ပိုုင္း ႏွစ္စဥ္ေဘာ္လြန္ဒီေအာ္ဆုုေတြကိုု မက္ဆီနဲ ့ရိုနယ္ဒိုုတိုု ့၂ေယာက္က ၾကိမ္စီအပိုုင္သိမ္းေနၾကပါတယ္။



ဂြာဒီယိုုလာ ဟာ ဘာစီလိုုနာနည္းျပအျဖစ္ကိုုင္တြယ္ေနတုုန္းက မက္ဆီလိုုကစားသမားမ်ိဳး ဟာ နည္းျပတစ္ေယာက္ရဲ ဦးစားေပးလက္စြဲကစားသမားမွန္း သူေကာင္းေကာင္းသိၿပီး မက္ဆီရဲ ့ကိုယ္ေရကိုုယ္ေသြးေကာင္းေတြဟာ သူ ့ရဲ ့အသင္းေဖာ္ေတြအေပၚ ပါကူးစက္သြားေစတယ္လို ့ဆိုုလိုုက္ပါတယ္။ဒါ့အျပင္ရိုနယ္ဒိုဟာလည္း လူတိုုင္းအေပၚလႊမ္းမိုုးမႈရိွတယ္လိုု ့ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။

လီယိုု(မက္ဆီ) ဟာ ႏိုုင္လိုုစိတ္ျပင္းျပတယ္။ျပင္းထန္မာေက်ာတဲ့ သတၱ၀ါတစ္ေကာင္လိုုပါပဲ။ဒါက တျခားသူေတြကိုုလည္းနိုုင္လိုုစိတ္ျပင္းျပေစေအာင္ကူညီေပးတယ္။သူဟာရံႈးတာကိုု မုုန္းတယ္။ကေလးငယ္တစ္ေယာက္လိုု ကစားတယ္။ပြဲၾကီးေတြမွာ အသင္းကသာသူ ့ကိုုကူညီေပးရင္ သူဒါကိုုကြဲျပားျခားနားေအာင္လုုပ္ျပပါတယ္။

ရိုုနယ္ဒိုုနဲ ့လည္းတူတူပါပဲ။ ကၽြန္ေတာ္တိုု ့ဟာ ဒီကစားသမား၂ေယာက္ရဲ ့အံၾသစရာေကာင္းတဲ့ ေခတ္မွာေနထိုုင္ေနရတာပါ။သူတိုု ့ဟာတစ္ရာသီကိုု ဂိုုး၅၀ေလာက္သြင္းရင္း ၁၀ႏွစ္ေက်ာ္အခ်ိန္ကိုုျဖတ္သန္းလာခဲ့ၾကပါတယ္။တကယ့္ကိုု အံမခန္းပဲ။တစ္ႏွစ္ထဲမဟုတ္ဘူးေနာ္။တစ္ႏွစ္ၿပီးတစ္ႏွစ္ပါ။လိုု Festival dello Sport ကိုု ေျပာၾကားခဲ့ပါတယ္။


ဒီႏွစ္ေဘာ္လြန္ဒီေအာ္ဆုုကို ေတာ့ ရီးရဲလ္ကြင္းလယ္လူ လူကာမိုုဒရစ္ရဖိုု ့ေရပန္းစားေနၿပီး မိုုဒရစ္ဟာ FIFA ရဲ ့အေကာင္းဆံုုးကစားသမားဆုုကိုု လတ္တေလာပူပူေႏြးေႏြးရရိွထားတာပဲျဖစ္ပါတယ္။

(Unicode)



မက်ဆီနဲ့ရိုနယ်ဒိုတို့ရဲ့ခေတ်ကသိပ်ကိုထူးခြားပြောင်မြောက်လွန်းပါတယ်။-ဂွာဒီယိုလာ


အာဂျင်တိုင်းစတား နဲ့ပေါ်တူဂီစတား တို့ဟာ သူတို့ရဲ့ကစားသမားဘဝနေဝင်ချိန်ကိုရောက်ရှိနေပြီဖြစ်သော်လည်း အခုချိန်ထိကစားကွင်းထဲမှာအကောင်းဆုံးခြေစွမ်းတွေကိုပြသနေဆဲဖြစ်ပါတယ်။ဒါကြောင့်မန်စီးတီးရဲ့နည်းပြ ပတ်ဂွာဒီယိုလာက သူတို့၂ယောက်လုံးကိုချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

နည်းပြပတ်ယုံကြည်နေတာကတော့ ကမ္ဘာ့ဘောလုံးလောက ဟာ မက်ဆီနဲ့ရိုနယ်ဒိုတို့ရဲ့စွန့်စားခန်းတွေကြောင့် သူတို့၂ယောက်ရဲ့ထူးခြားကောင်းမွန်ပြီး အံသြစရာကောင်းတဲ့အရည်အသွေးကိုမြင်တွေ့ခွင့်ရတယ်ဆိုတာပဲဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ ၁၀နှစ်အတောအတွင်းမှာ ရိုနယ်ဒို နဲ့မက်ဆီတို့ဟာ ထောက်ခံချီးကျုးမှုစကားတွေသာ အပိုင်စားသိမ်းပိုက်ထားကြပြီး သူတို့၂ယောက်စလုံး အသက် ၃၀ကျော်နေပြီဖြစ်သော်လည်း အခုထိသန်မာနေကြဆဲဖြစ်ပါတယ်။
၂၀၀၇ ဘော်လွန်ဒီအော်ဆုကို ကာကာ ရရှိခဲ့ပြီနောက်ပိုင်း နှစ်စဉ်ဘော်လွန်ဒီအော်ဆုတွေကို မက်ဆီနဲ့ရိုနယ်ဒိုတို့၂ယောက်က ၅ကြိမ်စီအပိုင်သိမ်းနေကြပါတယ်။

ဂွာဒီယိုလာ ဟာ ဘာစီလိုနာနည်းပြအဖြစ်ကိုင်တွယ်နေတုန်းက မက်ဆီလိုကစားသမားမျိုး ဟာ နည်းပြတစ်ယောက်ရဲ့ ဦးစားပေးလက်စွဲကစားသမားမှန်း သူကောင်းကောင်းသိပြီး မက်ဆီရဲ့ကိုယ်ရေကိုယ်သွေးကောင်းတွေဟာ သူ့ရဲ့အသင်းဖော်တွေအပေါ် ပါကူးစက်သွားစေတယ်လို့ဆိုလိုက်ပါတယ်။ဒါ့အပြင်ရိုနယ်ဒိုဟာလည်း လူတိုင်းအပေါ်လွှမ်းမိုးမှုရှိတယ်လို့ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

“ လီယို(မက်ဆီ) ဟာ နိုင်လိုစိတ်ပြင်းပြတယ်။ပြင်းထန်မာကျောတဲ့ သတ္တဝါတစ်ကောင်လိုပါပဲ။ဒါက တခြားသူတွေကိုလည်းနိုင်လိုစိတ်ပြင်းပြစေအောင်ကူညီပေးတယ်။သူဟာရှုံးတာကို မုန်းတယ်။ကလေးငယ်တစ်ယောက်လို ကစားတယ်။ပွဲကြီးတွေမှာ အသင်းကသာသူ့ကိုကူညီပေးရင် သူဒါကိုကွဲပြားခြားနားအောင်လုပ်ပြပါတယ်။”

“ ရိုနယ်ဒိုနဲ့လည်းတူတူပါပဲ။ ကျွန်တော်တို့ဟာ ဒီကစားသမား၂ယောက်ရဲ့အံသြစရာကောင်းတဲ့ ခေတ်မှာနေထိုင်နေရတာပါ။သူတို့ဟာတစ်ရာသီကို ဂိုး၅၀လောက်သွင်းရင်း ၁၀နှစ်ကျော်အချိန်ကိုဖြတ်သန်းလာခဲ့ကြပါတယ်။တကယ့်ကို အံမခန်းပဲ။တစ်နှစ်ထဲမဟုတ်ဘူးနော်။တစ်နှစ်ပြီးတစ်နှစ်ပါ။” လို့Festival dello Sport ကို ပြောကြားခဲ့ပါတယ်။

ဒီနှစ်ဘော်လွန်ဒီအော်ဆုကို တော့ ရီးရဲလ်ကွင်းလယ်လူ လူကာမိုဒရစ်ရဖို့ရေပန်းစားနေပြီး မိုဒရစ်ဟာ FIFA ရဲ့အကောင်းဆုံးကစားသမားဆုကို လတ်တလောပူပူနွေးနွေးရရှိထားတာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.