Header Ads


တနလၤာေန႔ယေန ့ညေနပိုင္းမွာ လိုပတ္တဂီရဲ႕ အနာဂတ္ကို ရီးရဲလ္အသင္းဆံုးျဖတ္ခ်က္ခ်ေတာ့မည္။




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

နည္းျပလိုပတ္တဂီရဲ႕ ရီးရဲလ္မက္ဒရစ္အသင္းဟာ ရလဒ္ဆိုးေတြ ၾကံဳေတြ ့ေနရၿပီး လာလီဂါမွာေရာ ခ်န္ပီယံလိပ္မွာ ပါ ရာသီအစ ေတာ္ေတာ္ဆိုးရြားတဲ့ ရလဒ္ကို ပိုင္ဆိုင္ေနရပါတယ္။

စပိန္လူမ်ိဳးနည္းျပလိုပတ္တဂီဟာ ဒီအပတ္စေနေန ့က အဲလ္လာဗက္စ္ အသင္းကို ၁-၀ ျဖင့္ရံႈးနိမ့္ခဲ့ၿပီးေနာက္ ၄ပြဲဆက္ ဂိုးသြင္းယူႏိုင္ျခင္းမရွိခဲ့ပါဘူး။

စပိန္ စီနီယာဂ်ာနယ္လစ္ Jose Ramon de la Morena ရဲ႕ အဆိုအရေတာ့ ယေန ့ညေနပိုင္းမွာ လိုပတ္တဂီရဲ႕ အနာဂတ္နဲ႔ ပတ္သတ္ၿပီး အေရးေပၚအစည္းအေဝးတစ္ခု လုပ္ေဆာင္သြားဖြယ္ရွိတယ္လို ့ဆိုပါတယ္။



Los Blancos အသင္းဟာ နည္းျပအေျပာင္းအလဲျပဳလုပ္ဖို ့စဥ္းစားေနၿပီး အသင္းရဲ႕ နည္းျပအဖြဲ႕အဝင္ထဲက တစ္ဦး သို ့မဟုတ္ အျခားျပင္ပကနည္းျပတစ္ေယာက္ကို ခန္ ့အပ္ဖို ့စီစဥ္ေနပါတယ္။

နည္းျပလိုပတ္တဂီဟာ ၿပီးခဲ့တဲ့ကမာၻ ့ဖလားမွာ စပိန္နည္းျပရာထူးကေနနႈတ္ထြက္ၿပီး ေမွ်ာ္လင့္ခ်က္ႀကီးစြာ ေစာင့္ဆိုင္းေနတဲ့ ရီးရဲလ္အသင္းနဲ႔ လာေရာက္ပူးေပါင္းခဲ့တာပဲျဖစ္ပါတယ္။

နည္းျပလိုပတ္တဂီ ေနာက္ဆံုး ၄ပြဲကိုင္တြယ္ခဲ့ေသာ ရီးရဲလ္အသင္းရဲ႕ ပြဲစဥ္မ်ား

ဆီဗီးလား ၃-၀ ရီးရဲလ္(ရံႈး)
ရီးရဲလ္ ၀-၀ တီကို(သေရ)
CSKA 1-0 ရီးရဲလ္(ရံႈး)
အဲလာဗက္စ္ ၁-၀ ရီးရဲလ္(ရံႈး)

(Unicode)

တနင်္လာနေ့ယနေ့ညနေပိုင်းမှာ လိုပတ်တဂီရဲ့ အနာဂတ်ကို ရီးရဲလ်အသင်းဆုံးဖြတ်ချက်ချတော့မည်။

နည်းပြလိုပတ်တဂီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရလဒ်ဆိုးတွေ ကြုံတွေ့နေရပြီး လာလီဂါမှာရော ချန်ပီယံလိပ်မှာ ပါ ရာသီအစ တော်တော်ဆိုးရွားတဲ့ ရလဒ်ကို ပိုင်ဆိုင်နေရပါတယ်။

စပိန်လူမျိုးနည်းပြလိုပတ်တဂီဟာ ဒီအပတ်စနေနေ့က အဲလ်လာဗက်စ် အသင်းကို ၁-၀ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ၄ပွဲဆက် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။

စပိန် စီနီယာဂျာနယ်လစ် Jose Ramon de la Morena ရဲ့ အဆိုအရတော့ ယနေ့ညနေပိုင်းမှာ လိုပတ်တဂီရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အရေးပေါ်အစည်းအဝေးတစ်ခု လုပ်ဆောင်သွားဖွယ်ရှိတယ်လို့ဆိုပါတယ်။

Los Blancos အသင်းဟာ နည်းပြအပြောင်းအလဲပြုလုပ်ဖို့စဉ်းစားနေပြီး အသင်းရဲ့ နည်းပြအဖွဲ့အဝင်ထဲက တစ်ဦး သို့မဟုတ် အခြားပြင်ပကနည်းပြတစ်ယောက်ကို ခန့်အပ်ဖို့စီစဉ်နေပါတယ်။

နည်းပြလိုပတ်တဂီဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ စပိန်နည်းပြရာထူးကနေနှုတ်ထွက်ပြီး မျှော်လင့်ချက်ကြီးစွာ စောင့်ဆိုင်းနေတဲ့ ရီးရဲလ်အသင်းနဲ့ လာရောက်ပူးပေါင်းခဲ့တာပဲဖြစ်ပါတယ်။

နည်းပြလိုပတ်တဂီ နောက်ဆုံး ၄ပွဲကိုင်တွယ်ခဲ့သော ရီးရဲလ်အသင်းရဲ့ ပွဲစဉ်များ

ဆီဗီးလား ၃-၀ ရီးရဲလ်(ရှုံး)
ရီးရဲလ် ဝ-၀ တီကို(သရေ)
CSKA 1-0 ရီးရဲလ်(ရှုံး)
အဲလာဗက်စ် ၁-၀ ရီးရဲလ်(ရှုံး)

No comments

Powered by Blogger.