သင္မသိေသးတဲ့ယခုုတစ္ပတ္ပရီးမီးယားလိပ္ပြဲမ်ားရဲ ့စိတ္လႈပ္ရွားစရာအခ်က္မ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဒီတပတ္ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာေတာ့ စိတ္လႈပ္ရွားစရာအျဖစ္အပ်က္ေတြနဲ႔အတူေျပာစရာေတြမ်ားစြာက်န္ခဲ့ပါတယ္။ဒီတပတ္ရဲ႕ Big Match ပြဲစဥ္ျဖစ္တဲ့ မန္စီးတီးနဲ႔လီဗာပူးတို႔ရဲ႕အားျပိဳင္မႈဟာ ဂိုးမရွိသေရနဲ႕အဆံုးသတ္ခဲ့ျပီးယူနိုက္တက္ကေတာ႔ နယူးကာဆယ္ကို ၂ဂိုးအရံႈးကေနသံုးဂိုးထိျပန္သြင္းျပီး အိုးထရက္ဖို႔ဒ္မွာ အမွတ္ျပည့္ယူနိုင္ခဲ့ပါတယ္။ဒီထဲကလူေျပာမ်ားစရာ ျဖစ္ခဲ့တဲ့ အခ်က္ေတြကိုသံုးသပ္ေပးသြားပါမယ္။
ယူနိုက္တက္နဲ႔နယူးကာဆယ္ေနာက္ပိုင္းပြဲခ်ိန္ေတြကေတာ့ ေမာ္ရင္ဟိုအတြက္လားေအာက္ေမ့စရာပါပဲ။ဒီအခိုက္အတန္႔မွာေမာ္ရင္ဟိုဟာ သူ႔ရဲ႕ပံုစံအမွန္ကို ျပန္ရွာေတြ႔ခဲ့ပါတယ္။1999ခုနွစ္ခ်န္ပီယံလိဂ္ဖိုင္နယ္မွာယူနိုက္တက္အသင္းရဲ႕ျပန္လာနိုင္မႈနဲ႔ယွဥ္ရင္ေတာ့ ဒါဟာေျပာပေလာက္စရာမဟုတ္ပါဘူး။အရံႈးကေနအနိုင္ရေအာင္စြမ္းေဆာင္နိုင္တဲ့စိတ္ဓာတ္ျပင္းျပမႈဟာဒီအသင္းရဲ႕အမွတ္အသားတစ္ခုလိုျဖစ္ေနျပီး ပထမပိုင္းမွာ၂ဂိုးနဲ႔အထက္ရံႈးရာကေနပြဲအျပီး အနိုင္ရလဒ္ျပန္ယူနိုင္ခဲ့ျခင္းဟာခုနွစ္ျကိမ္ေျမာက္အထိရွိခဲ့ျပီး ပရီးမီးယားလိဂ္သမိုင္းမွာအျခားဘယ္အသင္းထက္မဆို ၄ျကိမ္မကအသာရေနတာပါပဲ။အခုရလဒ္အ
ေမွာင္ေတြပိတ္ကာထားတဲ့ယူနိုက္တက္ေကာင္းကင္ယံမွာ အလင္းတစ္စေပၚထြန္းခဲ့သလိုပါပဲ။ေနာက္တပတ္ခ်ယ္ဆီးနဲ႕ပြဲအတြက္လည္းတြန္းအားတခုျဖစ္ေစမွာပါ။
ဒီနွစ္ဟာ လစ္ဗာငွက္တို႔အတြက္လားဆို တာကေတာ႔ေျပာဖို႔ေစာပါေသးတယ္။ေနာက္တန္းအတြက္ေငြေျကးမ်ားစြာသံုးစြဲကာျဖည့္တင္းမႈေတြျပဳ လုပ္ျပီးခ်ိန္မွာေတာ့ အန္ဖီးလ္ဟာ ေသမင္းတမန္ကြင္းအျဖစ္ တစ္ဖန္ျမင္ေတြ႕လာရပါတယ္။ခုခ်ိန္ထိေတာ႔အိမ္ကြင္းပြဲတိုင္းclean-sheet႐ယူထားျပီး၁၉၉၂ေနာက္ပိုင္းပရီးမီးယားလိဂ္သမိုင္းတေလ်ာက္ သူတို႔ရဲ႕အေကာင္းဆံုးစံခ်ိန္လည္းျဖစ္ပါတယ္။ဒါအျပင့္ရွစ္ပြဲကစားျပီးအမွတ္၂၀သာအျမင့္ဆံုးရဖူးတာေျကာင့္ အခုလက္ရွိ 20 မွတ္ဆိုတဲ့အေျခအေနဟာ အခြင့္ေရးေကာင္းေတြဆီဦးတည္ထားနိုင္တာျဖစ္ပါတယ္။
ဘာကေလဟာေျခစြမ္းေကာင္းေတြျပန္ရဖို႔ ဒီလိုအခြင့္အေရးမ်ိဳးလိုအပ္ေနခဲ့တာပါ။ အခုထိေတာ့သူ႔ရဲ႕ပံုစံအမွန္ေတြကိုခ်ဲလ္ဆီးမွာထုတ္မျပနိုင္ခဲ့ေသးပါဘူး။ဒါေပမယ့္ ဆာရီက သူ႔ရဲ႕အစြမ္းအစတခ်ိဳ႕ကို ျမင္ခဲ့ပံုရျပီး အခုပတ္line-upမွာေတာ့ ဘာကေလကို အသံုးျပဳခဲ့ပါတယ္။ဘာကေလကိုယ္တိုင္ကလည္း အဲဗာတန္မွာကစားရတာဟာ အီတလီသားနည္းျပေအာက္မွာကစားရတာထက္သက္ေသာင့္သက္သာရွိတယ္လို႔ဝန္ခံဖူးပါတယ္။ဒီလိုအက္ေျကာင္းေလးေတြရွိေနေပမယ့္ အခုပြဲမွာေတာ့သူဟာ တစ္ဂိုးသြင္းတစ္ဂိုးဖန္တီးန္ုိင္ခဲ့ျပီး လမ္းပတ္ေနာက္ပိုင္း ခ်ယ္ဆီးမွာ အခုလိုစြမ္းေဆာင္ျပနိုင္ခဲ့တဲ့အဂၤလန္သားျဖစ္လာပါတယ္။တစ္စံုတစ္ေယာက္ရဲ႕နိုးထမႈကို လက္ခုပ္တီးေပးသင့္ပါတယ္။
ဂန္းနားတို႔ရဲ႕တိုက္စစ္မွဴးအူဘာမီယန္းအေနနဲ႕ ဖူဟမ္နဲ႕ပြဲထြက္စရင္းမွာပါဝင္ခြင့္မရခဲ့ပါဘူး။ အူနိုင္းအမ္မရီဟာ အလွည္က်စနစ္ကိုအသံုးျပဳေနတာျဖစ္ျပီး အူဘာလည္း ဒါကိုလက္ခံေပးရမွာပါပဲ။2018အတြင္း၁၆ဂိုးသြင္းျပီး၅ျကိမ္ဖန္တီးခဲ့တဲ့key playerတေယာက္ဟာ ေရွ႕လာမယ့္ပြဲဆက္ေတြအတြက္လန္းဆန္းေနဖို႕လိုတယ္ဆိုတာ အူနိုင္းလည္းေကာင္းေကာင္းသိမွာပါ။အူဘာတစ္ေယာက္ဒီေျခစြမ္းေတြကို အေကာင္းဆံုးထန္းသိမ္းနိုင္မလားေစာင့္ျကည့္ရမွာပါ။
စပါးအသင္း ဟာဝင္ဘာေလကို အိမ္ကြင္းအျဖစ္ငွားရမ္းအသံုးျပဳခဲ့ေပမယ့္ ဒီကြင္းဟာသူတို႔အတြက္ျကိမ္စာဆိုးျပန္ျဖစ္ေနသလိုပါပဲ။ အခုထိလည္းအသားက်ဖို႔ရုန္းကန္ေနရျပီး ကြင္းသစ္တည္ေဆာက္မႈျပီးဆံုးေတာ့မယ္လိုု ့ တာဝန္ရွိသူေတြရဲ႕ေျပာသံျကားေနရပါတယ္။ ပိုခ်က္တီနိုကေတာ႔အေဝးကြင္းပြဲေတြျကည့္က
စားရဖို႔ျကိတ္ဆုေတာင္းေနမလားပဲ။
အဲဗာတန္ကစားသမားဆီဂလက္ဆန္ကေတာ႔ပရီးမီးယားလိဂ္ဂိုး၅၀ရတဲ့ဒုတိယေျမာက္အိုက္စလန္သားျဖစ္လာပါျပီ။ပထမတေယာက္က အီဒါဂတ္ဂြ်န္ဆန္ပါ။ ဆီဂလက္ဆန္ အေနနဲ႔မာကိုေဆးဗားရဲ႕ဦးေဆာင္မႈေအာက္မွာ ပိုတိုးတက္လာေနပါတယ္။PLမွာဧရီယာအျပင္ကေန၁၉ဂိုးအထိသြင္းထားနိုင္ျပီး သူပြဲထြက္ခြင့္ရတဲ့အခ်ိန္ကစတြက္ရင္ ဘယ္သူတစ္ဦးတစ္ေယာက္မွ သူ႔ေလာက္မသြင္းနိုင္ခဲ့ပါဘူး။
မနွစ္ကရွက္ဖီးမွာ ပြဲ၃၀ေလာက္ပါဝင္ကစားခြင့္ရလားတဲ့ ေဒးဗစ္ဘေရာ့ဟာ ေႏြရာသီက ဘုန္းေမာက္ကို ေပါင္၁၁.၅သန္းနဲ႔ေျပာင္းလာခဲ့ပါတယ္။ဒီပြဲမွာေတာ့သူဟာ ကစားသမားဘဝပထမဆံုးPLဂိုးကိုရခဲ့ပါတယ္။
အက္ဝဲ,ဂ်က္ဖာဆန္,လီဝစ္ကြတ္ တို႔ဟာ ဘုန္းေမာက္ကြင္းလည္မွာလွပစြာ အသံုးေတာ္ခံေနပါတယ္။ ေနာက္ဆံုး၄ပြဲမွ၃ပြဲအထိနိုင္ခဲ့ျပီး ဒီပြဲေတြမွာ ကြတ္ရဲ႕ေျခစြမ္းကိုျကည့္ျပီးေဆာက္ဂိတ္တေယာက္ ထီေပါက္တယ္ထင္မွတ္ေနမွာပါပဲ။
ဝုဒ္ရဲ႕ကစားပံုကလည္းဆြဲေဆာင္မႈအျပည့္နဲ႔ေစာင့္ျကည့္ခ်င္စရာေကာင္းေနပါတယ္။ဒီတပတ္ခရစ္စတယ္ပဲေလ့ကိုနိုင္ျပီး အဆင့္၇ေနရာထိုက္ထိုက္တန္တန္တက္လွမ္းလာပါတယ္။သူတို႔ဟာ ျပိဳင္ပြဲစံု ၇ပြဲမွာတစ္ဂိုးသာခြင့္ျပဳခဲ့ရျပီး ေတာက္ပတဲ့အနာဂတ္နဲ႕ေရွ႕ကိုဆက္လက္ခ်ီတက္မယ့္အလားအလာေတြျမင္ေတြ႕ေနရပါတယ္။
ဟတ္ဒါဖီးလ္ကေတာ့ ဘန္ေလကို၁ဂိုးစီသေရက်ခဲ့ျပီး ေနာက္ထပ္သေရပြဲတစ္ပြဲထပ္တိုးသြားခဲ့ပါတယ္။
(Unicode)
ဒီတပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ စိတ်လှုပ်ရှားစရာအဖြစ်အပျက်တွေနဲ့အတူပြောစရာတွေများစွာကျန်ခဲ့ပါတယ်။ဒီတပတ်ရဲ့ Big Match ပွဲစဉ်ဖြစ်တဲ့ မန်စီးတီးနဲ့လီဗာပူးတို့ရဲ့အားပြိုင်မှုဟာ ဂိုးမရှိသရေနဲ့အဆုံးသတ်ခဲ့ပြီးယူနိုက်တက်ကတော့ နယူးကာဆယ်ကို ၂ဂိုးအရှုံးကနေသုံးဂိုးထိပြန်သွင်းပြီး အိုးထရက်ဖို့ဒ်မှာ အမှတ်ပြည့်ယူနိုင်ခဲ့ပါတယ်။ဒီထဲကလူပြောများစရာ ဖြစ်ခဲ့တဲ့ အချက်တွေကိုသုံးသပ်ပေးသွားပါမယ်။
ယူနိုက်တက်နဲ့နယူးကာဆယ်နောက်ပိုင်းပွဲချိန်တွေကတော့ မော်ရင်ဟိုအတွက်လားအောက်မေ့စရာပါပဲ။ဒီအခိုက်အတန့်မှာမော်ရင်ဟိုဟာ သူ့ရဲ့ပုံစံအမှန်ကို ပြန်ရှာတွေ့ခဲ့ပါတယ်။1999ခုနှစ်ချန်ပီယံလိဂ်ဖိုင်နယ်မှာယူနိုက်တက်အသင်းရဲ့ပြန်လာနိုင်မှုနဲ့ယှဉ်ရင်တော့ ဒါဟာပြောပလောက်စရာမဟုတ်ပါဘူး။အရှုံးကနေအနိုင်ရအောင်စွမ်းဆောင်နိုင်တဲ့စိတ်ဓာတ်ပြင်းပြမှုဟာဒီအသင်းရဲ့အမှတ်အသားတစ်ခုလိုဖြစ်နေပြီး ပထမပိုင်းမှာ၂ဂိုးနဲ့အထက်ရှုံးရာကနေပွဲအပြီး အနိုင်ရလဒ်ပြန်ယူနိုင်ခဲ့ခြင်းဟာခုနှစ်ကြိမ်မြောက်အထိရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာအခြားဘယ်အသင်းထက်မဆို ၄ကြိမ်မကအသာရနေတာပါပဲ။အခုရလဒ်အ
မှောင်တွေပိတ်ကာထားတဲ့ယူနိုက်တက်ကောင်းကင်ယံမှာ အလင်းတစ်စပေါ်ထွန်းခဲ့သလိုပါပဲ။နောက်တပတ်ချယ်ဆီးနဲ့ပွဲအတွက်လည်းတွန်းအားတခုဖြစ်စေမှာပါ။
ဒီနှစ်ဟာ လစ်ဗာငှက်တို့အတွက်လားဆို တာကတော့ပြောဖို့စောပါသေးတယ်။နောက်တန်းအတွက်ငွေကြေးများစွာသုံးစွဲကာဖြည့်တင်းမှုတွေပြု လုပ်ပြီးချိန်မှာတော့ အန်ဖီးလ်ဟာ သေမင်းတမန်ကွင်းအဖြစ် တစ်ဖန်မြင်တွေ့လာရပါတယ်။ခုချိန်ထိတော့အိမ်ကွင်းပွဲတိုင်းclean-sheetရယူထားပြီး၁၉၉၂နောက်ပိုင်းပရီးမီးယားလိဂ်သမိုင်းတလျောက် သူတို့ရဲ့အကောင်းဆုံးစံချိန်လည်းဖြစ်ပါတယ်။ဒါအပြင့်ရှစ်ပွဲကစားပြီးအမှတ်၂၀သာအမြင့်ဆုံးရဖူးတာကြောင့် အခုလက်ရှိ20မှတ်ဆိုတဲ့အခြေအနေဟာ အခွင့်ရေးကောင်းတွေဆီဦးတည်ထားနိုင်တာဖြစ်ပါတယ်။
ဘာကလေဟာခြေစွမ်းကောင်းတွေပြန်ရဖို့ ဒီလိုအခွင့်အရေးမျိုးလိုအပ်နေခဲ့တာပါ။ အခုထိတော့သူ့ရဲ့ပုံစံအမှန်တွေကိုချဲလ်ဆီးမှာထုတ်မပြနိုင်ခဲ့သေးပါဘူး။ဒါပေမယ့် ဆာရီက သူ့ရဲ့အစွမ်းအစတချို့ကို မြင်ခဲ့ပုံရပြီး အခုပတ်line-upမှာတော့ ဘာကလေကို အသုံးပြုခဲ့ပါတယ်။ဘာကလေကိုယ်တိုင်ကလည်း အဲဗာတန်မှာကစားရတာဟာ အီတလီသားနည်းပြအောက်မှာကစားရတာထက်သက်သောင့်သက်သာရှိတယ်လို့ဝန်ခံဖူးပါတယ်။ဒီလိုအက်ကြောင်းလေးတွေရှိနေပေမယ့် အခုပွဲမှာတော့သူဟာ တစ်ဂိုးသွင်းတစ်ဂိုးဖန်တီးနိုင်ခဲ့ပြီး လမ်းပတ်နောက်ပိုင်း ချယ်ဆီးမှာ အခုလိုစွမ်းဆောင်ပြနိုင်ခဲ့တဲ့အင်္ဂလန်သားဖြစ်
လာပါတယ်။တစ်စုံတစ်ယောက်ရဲ့နိုးထမှုကို လက်ခုပ်တီးပေးသင့်ပါတယ်။
ဂန်းနားတို့ရဲ့တိုက်စစ်မှူးအူဘာမီယန်းအနေနဲ့ ဖူဟမ်နဲ့ပွဲထွက်စရင်းမှာပါဝင်ခွင့်မရခဲ့ပါဘူး။ အူနိုင်းအမ်မရီဟာ အလှည်ကျစနစ်ကိုအသုံးပြုနေတာ
ဖြစ်ပြီး အူဘာလည်း ဒါကိုလက်ခံပေးရမှာပါပဲ။2018အတွင်း၁၆ဂိုးသွင်းပြီး၅ကြိမ်ဖန်တီးခဲ့တဲ့key playerတယောက်ဟာ ရှေ့လာမယ့်ပွဲဆက်တွေအတွက်လန်းဆန်းနေဖို့လိုတယ်ဆိုတာ အူနိုင်းလည်းကောင်းကောင်းသိမှာပါ။အူဘာတစ်ယောက်ဒီခြေစွမ်းတွေကို အကောင်းဆုံးထန်းသိမ်းနိုင်မလားစောင့်ကြည့်ရမှာပါ။
စပါးအသင်း ဟာဝင်ဘာလေကို အိမ်ကွင်းအဖြစ်ငှားရမ်းအသုံးပြုခဲ့ပေမယ့် ဒီကွင်းဟာသူတို့အတွက်ကြိမ်စာဆိုးပြန်ဖြစ်နေသလိုပါပဲ။ အခုထိလည်းအသားကျဖို့ရုန်းကန်နေရပြီး ကွင်းသစ်တည်ဆောက်မှုပြီးဆုံးတော့မယ်လို့ တာဝန်ရှိသူတွေရဲ့ပြောသံကြားနေရပါတယ်။ ပိုချက်တီနိုကတော့အဝေးကွင်းပွဲတွေကြည့်က
စားရဖို့ကြိတ်ဆုတောင်းနေမလားပဲ။
အဲဗာတန်ကစားသမားဆီဂလက်ဆန်ကတော့ပရီးမီးယားလိဂ်ဂိုး၅၀ရတဲ့ဒုတိယမြောက်အိုက်စလန်သားဖြစ်လာပါပြီ။ပထမတယောက်က အီဒါဂတ်ဂျွန်ဆန်ပါ။ ဆီဂလက်ဆန် အနေနဲ့မာကိုဆေးဗားရဲ့ဦးဆောင်မှုအောက်မှာ ပိုတိုးတက်လာနေပါတယ်။PLမှာဧရီယာအပြင်ကနေ၁၉ဂိုးအထိသွင်းထားနိုင်ပြီး သူပွဲထွက်ခွင့်ရတဲ့အချိန်ကစတွက်ရင် ဘယ်သူတစ်ဦးတစ်ယောက်မှ သူ့လောက်မသွင်းနိုင်ခဲ့ပါဘူး။
မနှစ်ကရှက်ဖီးမှာ ပွဲ၃၀လောက်ပါဝင်ကစားခွင့်ရလားတဲ့ ဒေးဗစ်ဘရော့ဟာ နွေရာသီက ဘုန်းမောက်ကို ပေါင်၁၁.၅သန်းနဲ့ပြောင်းလာခဲ့ပါတယ်။ဒီပွဲမှာတော့သူဟာ ကစားသမားဘဝပထမဆုံးPLဂိုးကိုရခဲ့ပါတယ်။
အက်ဝဲ,ဂျက်ဖာဆန်,လီဝစ်ကွတ် တို့ဟာ ဘုန်းမောက်ကွင်းလည်မှာလှပစွာ အသုံးတော်ခံနေပါတယ်။ နောက်ဆုံး၄ပွဲမှ၃ပွဲအထိနိုင်ခဲ့ပြီး ဒီပွဲတွေမှာ ကွတ်ရဲ့ခြေစွမ်းကိုကြည့်ပြီးဆောက်ဂိတ်တယောက် ထီပေါက်တယ်ထင်မှတ်နေမှာပါပဲ။
ဝုဒ်ရဲ့ကစားပုံကလည်းဆွဲဆောင်မှုအပြည့်နဲ့စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ဒီတပတ်ခရစ်စတယ်ပဲလေ့ကိုနိုင်ပြီး အဆင့်၇နေရာထိုက်ထိုက်တန်တန်တက်လှမ်းလာပါတယ်။သူတို့ဟာ ပြိုင်ပွဲစုံ ၇ပွဲမှာတစ်ဂိုးသာခွင့်ပြုခဲ့ရပြီး တောက်ပတဲ့အနာဂတ်နဲ့ရှေ့ကိုဆက်လက်ချီတက်မယ့်အလားအလာတွေမြင်တွေ့နေရပါတယ်။
ဟတ်ဒါဖီးလ်ကတော့ ဘန်လေကို၁ဂိုးစီသရေကျခဲ့ပြီး နောက်ထပ်သရေပွဲတစ်ပွဲထပ်တိုးသွားခဲ့ပါတယ်။
Post a Comment