ယူႏိုုက္တက္နဲ ့၉ လတာခရီးဆက္အၿပီးအသင္းေျပာင္းေတာ့ဖိုု ့စဥ္းစားေနတဲ့ဆန္းခ်က္စ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အာဆင္နယ္အသင္းကေန ယူႏိုု္က္တက္ဆီလစာအေျမာက္အျမားေၾကာင့္ေျပာင္းေရႊ ့ခဲ့ၿပီး ၉ လၾကာကစားခဲ့ၿပီေနာက္မွာေတာ့ ယူႏိုုက္တက္ကေနထြက္ခြာဖိုု ့စိတ္ကူးေနေၾကာင္းသိရပါတယ္။
ခ်ီလီသားရဲ ့ကိုုယ္စာလွယ္ေအးဂ်င့္ကေတာ့ အသက္ ၂၉ ႏွစ္အရြယ္ ကစားသမားနဲ ့အံ၀င္မယ့္ဥေရာပအသင္းၾကီးတစ္သင္းဆီေျပာင္းေရႊ ့ဖိုု ့လုုပ္ေဆာင္ေနၾကပါတယ္။ဆန္းခ်က္စ္ဟာ ယူႏိုုက္တက္ဆီေျပာင္းေရႊ ့ခဲ့ၿပီးေနာက္မွာေတာ့ သူ ့ကစားသမားဘ၀ရဲ ့ခက္ခဲ့တဲ့ ရာသီကို ျဖတ္သန္းကစားေနရတာျဖစ္ေသာ္လည္း ၿပီးခဲ့တဲ့ နယူးကာဆယ္နဲ ့ပရီးမီးယားလိပ္ပြဲမွာေတာ့ယူႏိုုက္တက္အတြက္ေရာ နည္းျပေမာ္ရင္ဟိုုအတြက္ပါအေရးပါတဲ့အသက္ကယ္ဂိုးသြင္းယူေပးထားခဲ့ပါတယ္။နည္းျပေမာ္ရင္ဟိုုကေတာ့ ဆန္းခ်က္စ္ရဲ့ ပံုုမွန္ေျခစြမ္းေပ်ာက္ဆံုးေနမႈအေပၚစိတ္ပ်က္လ်က္ရိွေနၿပီးဒီရာသီ ပြဲေတာ္ေတာ္မ်ားမ်ားမွာ အသင္းရဲ ့လူစာရင္းထဲခ်န္လွပ္ခဲ့သလို နိုုင္ငံတကာပြဲစဥ္မ်ားအၿပီး ေသာၾကာေန ့ေလ့က်င့္ခန္းအစီအစဥ္မွာလည္း ဆန္းခ်က္စ္ကို ခ်န္လွပ္ထားခဲ့ပါတယ္။ေမာ္ရင္ဟိုလည္းဒီရာသီရလဒ္ပိုုင္းဆိုးရြားေနတဲ့ေနရာမွာ အသင္းရဲ ့တိုုက္စစ္ပိုုင္းထက္ေနာက္တန္းခံစစ္ကိုုသာ အျပစ္ဖိုု ့ေနပါတယ္။သတင္းအရင္းအျဖစ္ေတြရဲ ့အတည္ျပဳခ်က္အရ ဆန္းခ်က္စ္နဲ ့သူ ့ရဲ ့ရည္းစား ရိုုဒရီဂြက္ဇ္တိုု ့လမ္းခြဲခဲ့ၾကတာကလည္း သူ ့ရဲ ့ကြင္းတြင္းစြမ္းေဆာင္ရည္ကိုုထိခိုုက္သြားေစခဲ့တယ္လိုု ့ဆိုုထားၾကျပန္ပါတယ္။ဒါပင္မယ့္လည္း သူ ့ကိုုေခၚယူခ်င္တဲ့အသင္းေတြအေနနဲ ့သူ ့ရဲ့တစ္ပတ္လုုပ္ခေပါင္ ၄သိန္းခြဲကိုုေတာ့ ေပးနိုုင္မွသာေခၚယူနိုုင္ဖြယ္ရိွေနပါတယ္။
ဒီရာသီရလဒ္ပိုုင္းမတည္မၿငိမ္ျဖစ္ေနတဲ့ ယူႏိုုက္တက္အသင္းဟာမနက္ဖန္မွာေတာ့ဇယားထိပ္မွာဦးေဆာင္ေနတဲ့ခ်ဲလ္ဆီးအသင္းနဲ ့ကစားရမွာျဖစ္ၿပီးရလဒ္ေကာင္းရဖို ့လိုုအပ္ေနပါတယ္။သတင္းအရင္းအျမစ္မ်ားကေတာ့ ေမာ္ရင္ဟိုုဟာ လာမယ့္ပြဲစဥ္ဇယားေတြကိုု ၀က္၀က္ကြဲလူၾကိဳက္မ်ားတဲ့ဇာတ္လမ္းတစ္ဖြယ္ျဖစ္ေအာင္ဖန္တီးေတာ့မယ္လို ့ယံုုၾကည္ေနၾကျပန္ပါတယ္။ဆိုုလိုုတာက မန္ခ်က္စတာဒါဘီပြဲေတြနဲ ့ဂ်ဳဗင္တပ္စ္အသင္းနဲ ့၂ေက်ာ့တိုုင္ကစားရမွာေတြ၊ရိုုနယ္ဒိုုရဲ ့အိမ္ျပန္ခရီးေတြနဲ ့ပြဲကေတာ့ ၾကည့္ေကာင္းေနမွာအမွန္ပါပဲ။
ၿပီးခဲ့တဲ့ယူႏိုုက္တက္အသင္းရဲ ့ေနာက္ဆံုုး၅ ပြဲမွာ၁ပြဲသာအနိုင္ယူထားနိုုင္ခဲ့တဲ့နည္းျပေမာ္ရင္ဟိုရဲ ့ ကာရင္တန္ေလ့က်င့္ကြင္းက သူကိုုယ္ပိုုင္ခန္းဟာပိုုၿပီးအထီးက်န္ဆန္လာေနတယ္လိုု ့သိရပါတယ္။ေမာ္ရင္ဟိုုအတြက္ေတာ့ သူ ့ရဲ ့အသင္းမွာအနာဂတ္မတည္မၿငိမ္ျဖစ္လာတာနဲ ့လတ္တေလာရလဒ္ေတြေၾကာင့္ၾကံရာမရျဖစ္ေနကာ အသင္းအတြက္ ေရတိုုစီမံကိန္းနဲ ့သာအသံုုးခ်သြားဖိုု ့စဥ္းစားေနေၾကာင္းသိရပါတယ္။
(Unicode)
ယူနိုက်တက်နဲ့၉ လတာခရီးဆက်အပြီးအသင်းပြောင်းတော့ဖို့စဉ်းစားနေတဲ့ဆန်းချက်စ်
အာဆင်နယ်အသင်းကနေ ယူနိုက်တက်ဆီလစာအမြောက်အမြားကြောင့်ပြောင်းရွှေ့ခဲ့ပြီး ၉ လကြာကစားခဲ့ပြီနောက်မှာတော့ ယူနိုက်တက်ကနေထွက်ခွာဖို့စိတ်ကူးနေကြောင်းသိရပါတယ်။
ချီလီသားရဲ့ကိုယ်စာလှယ်အေးဂျင့်ကတော့ အသက် ၂၉ နှစ်အရွယ် ကစားသမားနဲ့အံဝင်မယ့်ဥရောပအသင်းကြီးတစ်သင်းဆီပြောင်းရွှေ့ဖို့လုပ်ဆောင်နေကြပါတယ်။ဆန်းချက်စ်ဟာ ယူနိုက်တက်ဆီပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ သူ့ကစားသမားဘဝရဲ့ခက်ခဲ့တဲ့ ရာသီကို ဖြတ်သန်းကစားနေရတာဖြစ်သော်လည်း ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပရီးမီးယားလိပ်ပွဲမှာတော့ယူနိုက်တက်အတွက်ရော နည်းပြမော်ရင်ဟိုအတွက်ပါအရေးပါတဲ့အသက်ကယ်ဂိုးသွင်းယူပေးထားခဲ့ပါတယ်။နည်းပြမော်ရင်ဟိုကတော့ ဆန်းချက်စ်ရဲ့ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေမှုအပေါ်စိတ်ပျက်လျက်ရှိနေပြီးဒီရာသီ ပွဲတော်တော်များများမှာ အသင်းရဲ့လူစာရင်းထဲချန်လှပ်ခဲ့သလို နိုင်ငံတကာပွဲစဉ်များအပြီး သောကြာနေ့လေ့ကျင့်ခန်းအစီအစဉ်မှာလည်း ဆန်းချက်စ်ကို ချန်လှပ်ထားခဲ့ပါတယ်။မော်ရင်ဟိုလည်းဒီရာသီရလဒ်ပိုင်းဆိုးရွားနေတဲ့နေရာမှာ အသင်းရဲ့တိုက်စစ်ပိုင်းထက်နောက်တန်းခံစစ်ကိုသာ အပြစ်ဖို့နေပါတယ်။သတင်းအရင်းအဖြစ်တွေရဲ့အတည်ပြုချက်အရ ဆန်းချက်စ်နဲ့သူ့ရဲ့ရည်းစား ရိုဒရီဂွက်ဇ်တို့လမ်းခွဲခဲ့ကြတာကလည်း သူ့ရဲ့ကွင်းတွင်းစွမ်းဆောင်ရည်ကိုထိခိုက်သွားစေခဲ့တယ်လို့ဆိုထားကြပြန်ပါတယ်။ဒါပင်မယ့်လည်း သူ့ကိုခေါ်ယူချင်တဲ့အသင်းတွေအနေနဲ့သူ့ရဲ့တစ်ပတ်လုပ်ခပေါင် ၄သိန်းခွဲကိုတော့ ပေးနိုင်မှသာခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။
ဒီရာသီရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေတဲ့ ယူနိုက်တက်အသင်းဟာမနက်ဖန်မှာတော့ဇယားထိပ်မှာဦးဆောင်နေတဲ့ချဲလ်ဆီးအသင်းနဲ့ကစားရမှာဖြစ်ပြီးရလဒ်ကောင်းရဖို့လိုအပ်နေပါတယ်။သတင်းအရင်းအမြစ်များကတော့ မော်ရင်ဟိုဟာ လာမယ့်ပွဲစဉ်ဇယားတွေကို ဝက်ဝက်ကွဲလူကြိုက်များတဲ့ဇာတ်လမ်းတစ်ဖွယ်ဖြစ်အောင်ဖန်တီးတော့မယ်လို့ယုံကြည်နေကြပြန်ပါတယ်။ဆိုလိုတာက မန်ချက်စတာဒါဘီပွဲတွေနဲ့ဂျုဗင်တပ်စ်အသင်းနဲ့၂ကျော့တိုင်ကစားရမှာတွေ၊ရိုနယ်ဒိုရဲ့အိမ်ပြန်ခရီးတွေနဲ့ပွဲကတော့ ကြည့်ကောင်းနေမှာအမှန်ပါပဲ။
ပြီးခဲ့တဲ့ယူနိုက်တက်အသင်းရဲ့နောက်ဆုံး၅ ပွဲမှာ၁ပွဲသာအနိုင်ယူထားနိုင်ခဲ့တဲ့နည်းပြမော်ရင်ဟိုရဲ့ ကာရင်တန်လေ့ကျင့်ကွင်းက သူကိုယ်ပိုင်ခန်းဟာပိုပြီးအထီးကျန်ဆန်လာနေတယ်လို့သိရပါတယ်။မော်ရင်ဟိုအတွက်တော့ သူ့ရဲ့အသင်းမှာအနာဂတ်မတည်မငြိမ်ဖြစ်လာတာနဲ့လတ်တလောရလဒ်တွေကြောင့်ကြံရာမရဖြစ်နေကာ အသင်းအတွက် ရေတိုစီမံကိန်းနဲ့သာအသုံးချသွားဖို့စဉ်းစားနေကြောင်းသိရပါတယ်။
Post a Comment