Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မန်ယူနိုက်တက်မှာဟာဇက်ကိုခေါ်ယူချင်တယ်လို့ဝန်ခံပြောကြားလိုက်တဲ့နည်းပြမော်ရင်ဟို
ယူနိုက်တက်နည်းပြဂျို့စ်မော်ရင်ဟိုက အင်ဒီဟာဇက်ဟာချဲလ်ဆီးအသင်းနဲ့ဒီရာသီပရီးမီးယားလိပ်ဖလားကိုရယူနိုင်တယ်လို့ယုံကြည်နေပြီး သူဟာ အင်ဒီဟာဇက်ကို မန်ယူနိုက်တက်မှာရှိဖို့တကယ်လိုလာကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုနဲ့ ဟာဇက်တို့ဟာ ၂၀၁၅ ပရီးမီးယားလိပ်ချန်ပီယံကို ချဲလ်ဆီးအသင်းမှာအတူလက်တွဲအလုပ်လုပ်ခဲ့ကြစဉ်ရယူနိုင်ခဲ့ကြပြီး ဒီတစ်ပတ်မှာလည်း အဆိုပါဘယ်လ်ဂျီယံစတားက သူတစ်ဖန်လက်တွဲအလုပ်လုပ်ချင်တဲ့နည်းပြဟာမော်ရင်ဟိုဖြစ်တယ်လို့လူသိရှင်ကြားပြောကြားထားပါတယ်။အိုထရက်ဖို့ဒ်မှာတော့ ဒီလိုအခြေအနေဖြစ်လာစရာအကြောင်းတော့မရှိပါဘူး။ဘာလို့လဲဆိုတော့ ဒီအသက်၂၇နှစ်အရွယ်ပရီးမီးယားလိပ်စတားရဲ့ခြေစွမ်းတွေဟာ ချဲလ်ဆီးနည်းပြသစ်ဆာရီရဲ့လက်အောက်ပိုမိုတောက်ပြောင်လာနေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။မော်ရင်ဟိုက “ မန်ချက်စတာယူနိုက်တက်မှာသူ့ကိုကျွန်တော်တကယ်ကိုလိုလိုလားလားနဲ့ရှိစေချင်ပါတယ်။ဒါပင်မယ့် ချဲလ်ဆီးအသင်းက မန်ချက်စတာယူနိုက်တက်ဆီရောင်းလိမ့်မယ်လို့ကျွန်တော်တော့မထင်ပါဘူး။ဒါကြောင့်လည်းဒါဟာပြဿနာတစ်ခုတော့မဟုတ်ပါဘူး။သမိုင်းကြောင်းရဲ့သက်သေအရ ဟာဇက်သာ ပရီးမီးယားလိပ်အကောင်းဆုံးကစားသမားလို့သတ်မှတ်လိုက်ရင် ချဲလ်ဆီးအသင်းလည်းချန်ပီယံဖြစ်နေပါပြီ။ ”
“ ဒါဟာ ကျွန်တော်ကိုင်တွယ်ခဲ့တဲ့အချိန်တုန်းကရော၊ကွန်တီလက်ထက်မှာရောဖြစ်ခဲ့ပြီးပါပြီ။အခုမှအစပဲရှိပါသေးတယ်။ဒါပင်မယ့်အခုပွဲမတိုင်ခင်အထိတော့ သူဟာပရီးမီးယားလိပ်အကောင်းဆုံးကစားသမားတစ်ယောက်ပါ။ချဲလ်ဆီးဟာ လိပ်ရဲ့ထိပ်ပိုင်းနေရာမှာရှိနေပါတယ်။ဘာလို့လဲဆိုတော့ သူ့လို ကစားသမားတစ်ယောက်က ကြီးမားတဲ့ကွဲပြားခြားနားတဲ့အရာတွေကိုလုပ်ဆောင်နိုင်တဲ့သူမျိူးအသင်းက ပိုင်ဆိုင်ထားလို့ပါ။သူဟာအရမ်းကောင်းတဲ့ကောင်လေးပါ။ကျွန်တော်တို့၂ယောက်ကြားကောင်းမွန်တဲ့ဆက်သွယ်ရင်းနှီးမှုရှိတယ်။ကျွန်တော်တို့အတူတကွချန်ပီယံဖြစ်ခဲ့ပါတယ်။ကျွန်တော့်လက်အောက်မှာ သူ့ဘဝရဲ့ပထမဆုံးလိပ်အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ဒါကြောင့်ခံစားချက်ကရှယ်ပဲဗျာ။ကောင်းမွန်တဲ့အရာတွေပြောကြရင်ခံစားရတာကောင်းပါတယ်။အရမ်းကောင်းတဲ့အရာတွေသိပ်မပြောဘူးဆိုရင်တော့ခံစားရတာဟာသိပ်မကောင်းပါဘူး။”
နည်းပြဆာရီဟာ ဒီရာသီကွန်တီနေရာအစားထိုးခဲ့ပြီး အသင်းရဲ့ကစားပုံကို လျင်လျင်မြန်မြန်ပြောင်းလဲကာ ပရီးမီးယားလိပ်၈ပွဲစလုံးရှုံးပွဲမရှိအောင်စွမ်းဆောင်နိုင်ထားပါတယ်။ထပ်မံပြီးမော်ရင်ဟိုက “ရလဒ်က သူ့ဟာသူ စကားပြောတာပါ။သူတို့အသင်းဟာ ချန်ပီယံလိပ်မကစားရတာသိပ်သိတာစေပါတယ်။ဒါကြောင့်လည်း လိပ်မှာအားအပြည့်ထုတ်နိုင်တာပေါ့။ပရီးမီးယားလိပ်ရဲ့ရလဒ်က ကိုယ့်ဘာလဲ ဖော်ပြပေးနေတာပါပဲ။”
Post a Comment