စေနေန ့အေဟာ့ျဖစ္ဆံုုးေနာက္ဆံုုးရေဘာလံုုးသတင္းတိုုမ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခရိုုေအးရွားအသင္းကိုု ဂိုုးမရိွသေရက်ခဲ့တဲ့ပြဲမွာ ခံစစ္ေနာက္တန္း ၃ေယာက္နဲ ့ပြဲထုုတ္ခဲ့တဲ့ အဂၤလန္အသင္းရဲ ့ေနာက္တန္းကစားပံုုကို အားရေက်နပ္တယ္လို ့နည္းျပေဆာက္ဂိတ္ကဆိုုလိုုက္ပါတယ္။
ဂ်ဳဗင္တပ္စ္အသင္းရဲ ့တိုုက္စစ္မွဴး မန္ဇူကစ္ဟာ ခရိုေအးရွားလက္ေရြးစင္အသင္းကေန အနားယူသြားခဲ့တာေၾကာင့္ ခရိုုေအးရွားနည္းျပ ဒယ္လစ္က အသင္းအေနနဲ ့မန္ဇူကစ္ကိုု ေမ့လိုုက္ၿပီး ေရွ ့ဆက္သြားရမယ္လိုု ့ဆိုုလိုုက္ပါတယ္။
PSG အသင္းဟာ သူတိုု ့အသင္းရဲ ့အေထြေထြမန္ေနဂ်ာ နဲ ့အားကစားဒါရိုုက္တာ အန္တီယိုဟန္နရစ္ ေနရာကိုအာဆင္နယ္နည္းျပေဟာင္း အာဆင္၀င္းဂါးနဲ ့လာမယ့္ဇန္န၀ါရီအေျပာင္းအေရႊ ့ကာလအတြက္အစားထိုုးခ်င္ေနတယ္လိုု ့ESPN ကေနသိရပါတယ္။
ယူႏိုုက္တက္ေနာက္ခံလူ အဲရစ္ဘိုုင္လီဟာ ယူႏိုုက္တက္အသင္းမွာသူ ့ရဲ ့အနာဂတ္နဲ ့ပတ္သတ္ၿပီး ေစာင့္ၾကည့္လ်က္ရိွေနကာ လာမယ့္ဇန္န၀ါရီအေျပာင္းအေရႊ ့မွာ အာဆင္နယ္၊ စပါးအသင္းတိုု ့ဆီေျပာင္းေရႊ ့ဖို ့ခ်ိတ္ဆက္လ်က္ရိွေနေၾကာင္းသိရပါတယ္။
လူကာကူဟာ ဆြစ္ဇာလန္အသင္းနဲ ့ပြဲမွာ ဘယ္လ္ဂ်ီယံအသင္းအတြက္ ၂ဂိုုးအထိဂိုုးသြင္းယူနိုုင္ခဲ့တာေၾကာင့္ဒါကိုု ဟာဇက္က မနွစ္သက္ေၾကာင္း၊ဘာလိုု ့လဲဆိုုေတာ့ လာမယ့္အပတ္မွာ သူ ့အသင္းခ်ဲလ္ဆီးအသင္းနဲ ့လူကာကူရဲ ့ယူႏိုုက္တက္အသင္းနဲ ့ကစားရမွာျဖစ္တာေၾကာင့္ လူကာကူပံုုစံေကာင္းျပန္ျပေနတာေတြကိုု ဘယ္လ္ဂ်ီယံအသင္းနဲ ့ပဲအဆံုုးသတ္ေစလိုုတယ္လိုု ့အရႊန္းေဖာက္ေျပာဆိုုလိုုက္ပါတယ္။
ဘယ္လ္ဂ်ီယံအသင္းရဲ ့လက္ေထာက္နည္းျပဟင္နရီဟာ လာမယ့္အပတ္အတြင္း ၃နွစ္စာခ်ဳပ္ျဖင့္ မိုုနာကိုုနည္းျပျဖစ္လာေတာ့မယ္လိုု ့သိရပါတယ္။
(Unicode)
ခရိုအေးရှားအသင်းကို ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ခံစစ်နောက်တန်း ၃ယောက်နဲ့ပွဲထုတ်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့နောက်တန်းကစားပုံကို အားရကျေနပ်တယ်လို့နည်းပြဆောက်ဂိတ်ကဆိုလိုက်ပါတယ်။
ဂျုဗင်တပ်စ်အသင်းရဲ့တိုက်စစ်မှူး မန်ဇူကစ်ဟာ ခရိုအေးရှားလက်ရွေးစင်အသင်းကနေ အနားယူသွားခဲ့တာကြောင့် ခရိုအေးရှားနည်းပြ ဒယ်လစ်က အသင်းအနေနဲ့မန်ဇူကစ်ကို မေ့လိုက်ပြီး ရှေ့ဆက်သွားရမယ်လို့ဆိုလိုက်ပါတယ်။
PSG အသင်းဟာ သူတို့အသင်းရဲ့အထွေထွေမန်နေဂျာ နဲ့အားကစားဒါရိုက်တာ အန်တီယိုဟန်နရစ် နေရာကိုအာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးနဲ့လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက်အစားထိုးချင်နေတယ်လို့ESPN ကနေသိရပါတယ်။
ယူနိုက်တက်နောက်ခံလူ အဲရစ်ဘိုင်လီဟာ ယူနိုက်တက်အသင်းမှာသူ့ရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး စောင့်ကြည့်လျက်ရှိနေကာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်၊ စပါးအသင်းတို့ဆီပြောင်းရွှေ့ဖို့ချိတ်ဆက်လျက်ရှိနေကြောင်းသိရပါတယ်။
လူကာကူဟာ ဆွစ်ဇာလန်အသင်းနဲ့ပွဲမှာ ဘယ်လ်ဂျီယံအသင်းအတွက် ၂ဂိုးအထိဂိုးသွင်းယူနိုင်ခဲ့တာကြောင့်ဒါကို ဟာဇက်က မနှစ်သက်ကြောင်း၊ဘာလို့လဲဆိုတော့ လာမယ့်အပတ်မှာ သူ့အသင်းချဲလ်ဆီးအသင်းနဲ့လူကာကူရဲ့ယူနိုက်တက်အသင်းနဲ့ကစားရမှာဖြစ်တာကြောင့် လူကာကူပုံစံကောင်းပြန်ပြနေတာတွေကို ဘယ်လ်ဂျီယံအသင်းနဲ့ပဲအဆုံးသတ်စေလိုတယ်လို့အရွှန်းဖောက်ပြောဆိုလိုက်ပါတယ်။
ဘယ်လ်ဂျီယံအသင်းရဲ့လက်ထောက်နည်းပြဟင်နရီဟာ လာမယ့်အပတ်အတွင်း ၃နှစ်စာချုပ်ဖြင့် မိုနာကိုနည်းပြဖြစ်လာတော့မယ်လို့သိရပါတယ်။
Post a Comment