ခ်န္ပီယံလိပ္ဖိုုင္နယ္ရံႈးပြဲေၾကာင့္၂ႏွစ္နီးပါးစိတ္ဓာတ္က်ခဲ့တယ္လိုု ့၀န္ခံေျပာၾကားလိုုက္တဲ့ကာရစ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူႏိုက္တက္အသင္းရဲ႕ကစားသမားေဟာင္း နဲ ့လက္ရိွလက္ေထာက္နည္းျပ မိုက္ကယ္ကာရစ္က သူဘဝရဲ႕စိတ္ဓာတ္က်ခဲ့ရတဲ့အႀကီးမားဆံုးအခ်ိန္ကိုေျပာျပခဲ့ပါတယ္။ ၂၀၀၉ခုႏွစ္က ဘာစီလိုနာအသင္းကိုခ်န္ပီယံလိဂ္ဖလားဗိုလ္လုပြဲမွာ ႐ႈံးနိမ့္ခဲ့တဲ့ေနာက္ ၂ႏွစ္ၾကာေအာင္စိတ္ဓာတ္က်ခဲ့ရပါတယ္လို႔ ကာရစ္ကဖြင့္ဟေျပာၾကားခဲ့ပါတယ္။
အသက္၃၇ႏွစ္အရြယ္ကာရစ္က သူဘဝရဲ႕အႀကီးမားဆံုး႐ွံုးနိမ့္မႈႀကီးက အဆိုပါ ပြဲစဥ္မွာ ၂ဂိုး ဂိုးမ႐ွိနဲ႔ ႐ွံုးနိမ့္ျခင္းပါလို႔ဆိုပါတယ္။အဂၤလန္လက္ေရြးစင္ေဟာင္း က ဘာကာအသင္းရဲ႕အဖြင့္ဂိုးကသူေၾကာင့္ေပးခဲ့ရျခင္းျဖစ္တယ္လို႔ သူ ့ကိုသူအျပစ္ပံုခ်ခဲ့ပါတယ္။
"အဲဒီဂိုးေပးလိုု္က္ရေတာ့ကြၽန္ေတာ္ ကိုယ့္ကိုကုိယ္႐ိုက္မိတယ္ဗ်"လို႔ The Times သတင္းစာကိုေျပာၾကားခဲ့ပါတယ္။
"ကိုယ့္ကုိကုိယ္ျပန္ေျပာမိတယ္။ဘာလို႔မင္းဒီလိုလုပ္ရက္လုပ္လိုက္တာတုန္း?ၿပီးေတာ့ အဲဒါေၾကာင့္ပဲ စိတ္ဓာတ္က်ျခင္းဆိုတာအရာက အဲဒီမွာပဲစတင္အနယ္ထိုင္ခဲ့တာပါ။ကြၽန္ေတာ္အဲဒီခံစားခ်က္က အနားမွာတဝဲလည္လည္ျဖစ္ကာ ႏွစ္ေတာ္ေတာ္မ်ားမ်ားခံစားခဲ့ရတယ္၊"

"ကြၽန္ေတာ္တို႔အဲဒီႏွစ္မတိုင္ခင္ကခ်န္ပီယံလိဂ္ဖလားရခဲ့တယ္ေလ။ဒါေပမယ့္အဲဒါက ေသေသခ်ာခ်ာၾကည့္မယ္ဆိုကြၽန္ေတာ္ခံစားခ်က္နဲ႔ ဘာမွမဆိုင္တာပါ"
"ကြၽန္ေတာ္ေတာ္ေတာ္စိတ္ဓာတ္က်ခဲ့တယ္။ၿပီးေတာ့ေတာ္ေတာ္ႀကီးကို အစြမ္းကုန္က်ခဲ့တာပါ။ကြၽန္ေတာ္တစ္ခါတစ္ခါ ေမးခြန္းထုတ္ျဖစ္တယ္ စိတ္ဓာတ္က်ျခင္းဆိုတာဘာလဲေပါ့"
"ကြၽန္ေတာ္စိတ္ဓာတ္က်ျခင္းဆိုတဲ့အရာကို႐ွင္းလင္းခဲ့ပါတယ္။ဘာလို႔လဲဆိုေတာ့အဲဒါက အရာတစ္ခုတည္းမဟုတ္လို႔ပါဘဲ။အဲဒါက တစ္ခ်ိဳ႕ပြဲေတြမွာဆို မေကာင္းတဲ့အရာ ဒါမွမဟုတ္ ေၾကာက္စရာေကာင္းတဲ့အရာလို ကြၽန္ေတာ္ကိုလႊမ္းမိုးထားတယ္။အဲဒီေနာက္ပိုင္း ကြၽန္ေတာ္အဲဒိစိတ္ဓာတ္က်ျခင္းကိုေက်ာ္လြန္ႏိုင္ခဲ့ပါတယ္။အဲဒီအရာက မထင္မွတ္ထားေလာက္ကသိကေအာင့္ျဖစ္ေစတဲ့အရာပါ။အဲဒီတုန္းက ခံစားမႈက ထူးဆန္းစရာႀကီးပါပဲ"
ကာရစ္က လက္႐ွိယူႏိုက္တက္အသင္းရဲ႕နည္းျပအဖြဲ႔မွာပါဝင္ေနပါတယ္။သူျဖစ္ပ်က္႐ုန္းကန္ခဲ့တဲ့ အရာေတြကိုသူဇနီး လီဆာ ႏွင့္သူမိဘေတြက ေကာာင္းေကာင္းႀကီးသိပါတယ္လို႔ဆိုတယ္။သူရဲ႕စိတ္ပိုင္းဆိုင္ရာျပသာနာေတြကို သူရဲ့အသင္းေဖာ္ေတြေတာင္နားလည္သေဘာေပါက္ျခင္းမ႐ွိ သိရွိခဲ့ျခင္းလည္း မ႐ွိခဲ့ပါဘူး။
(Unicode)
ချန်ပီယံလိပ်ဖိုင်နယ်ရှုံးပွဲကြောင့်၂နှစ်နီးပါးစိတ်ဓာတ်ကျခဲ့တယ်လို့ဝန်ခံပြောကြားလိုက်တဲ့ကာရစ်
ယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်း နဲ့လက်ရှိလက်ထောက်နည်းပြ မိုက်ကယ်ကာရစ်က သူဘဝရဲ့စိတ်ဓာတ်ကျခဲ့ရတဲ့အကြီးမားဆုံးအချိန်ကိုပြောပြခဲ့ပါတယ်။ ၂၀၀၉ခုနှစ်က ဘာစီလိုနာအသင်းကိုချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့နောက် ၂နှစ်ကြာအောင်စိတ်ဓာတ်ကျခဲ့ရပါတယ်လို့ ကာရစ်ကဖွင့်ဟပြောကြားခဲ့ပါတယ်။
အသက်၃၇နှစ်အရွယ်ကာရစ်က သူဘဝရဲ့အကြီးမားဆုံးရှုံးနိမ့်မှုကြီးက အဆိုပါ ပွဲစဉ်မှာ ၂ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခြင်းပါလို့ဆိုပါတယ်။အင်္ဂလန်လက်ရွေးစင်ဟောင်း က ဘာကာအသင်းရဲ့အဖွင့်ဂိုးကသူကြောင့်ပေးခဲ့ရခြင်းဖြစ်တယ်လို့ သူ့ကိုသူအပြစ်ပုံချခဲ့ပါတယ်။
"အဲဒီဂိုးပေးလိုက်ရတော့ကျွန်တော် ကိုယ့်ကိုကိုယ်ရိုက်မိတယ်ဗျ"လို့ The Times သတင်းစာကိုပြောကြားခဲ့ပါတယ်။
"ကိုယ့်ကိုကိုယ်ပြန်ပြောမိတယ်။ဘာလို့မင်းဒီလိုလုပ်ရက်လုပ်လိုက်တာတုန်း?ပြီးတော့ အဲဒါကြောင့်ပဲ စိတ်ဓာတ်ကျခြင်းဆိုတာအရာက အဲဒီမှာပဲစတင်အနယ်ထိုင်ခဲ့တာပါ။ကျွန်တော်အဲဒီခံစားချက်က အနားမှာတဝဲလည်လည်ဖြစ်ကာ နှစ်တော်တော်များများခံစားခဲ့ရတယ်၊"
"ကျွန်တော်တို့အဲဒီနှစ်မတိုင်ခင်ကချန်ပီယံလိဂ်ဖလားရခဲ့တယ်လေ။ဒါပေမယ့်အဲဒါက သေသေချာချာကြည့်မယ်ဆိုကျွန်တော်ခံစားချက်နဲ့ ဘာမှမဆိုင်တာပါ"
"ကျွန်တော်တော်တော်စိတ်ဓာတ်ကျခဲ့တယ်။ပြီးတော့တော်တော်ကြီးကို အစွမ်းကုန်ကျခဲ့တာပါ။ကျွန်တော်တစ်ခါတစ်ခါ မေးခွန်းထုတ်ဖြစ်တယ် စိတ်ဓာတ်ကျခြင်းဆိုတာဘာလဲပေါ့"
"ကျွန်တော်စိတ်ဓာတ်ကျခြင်းဆိုတဲ့အရာကိုရှင်းလင်းခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲဒါက အရာတစ်ခုတည်းမဟုတ်လို့ပါဘဲ။အဲဒါက တစ်ချို့ပွဲတွေမှာဆို မကောင်းတဲ့အရာ ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့အရာလို ကျွန်တော်ကိုလွှမ်းမိုးထားတယ်။အဲဒီနောက်ပိုင်း ကျွန်တော်အဲဒိစိတ်ဓာတ်ကျခြင်းကိုကျော်လွန်နိုင်ခဲ့ပါတယ်။အဲဒီအရာက မထင်မှတ်ထားလောက်ကသိကအောင့်ဖြစ်စေတဲ့အရာပါ။အဲဒီတုန်းက ခံစားမှုက ထူးဆန်းစရာကြီးပါပဲ"
ကာရစ်က လက်ရှိယူနိုက်တက်အသင်းရဲ့နည်းပြအဖွဲ့မှာပါဝင်နေပါတယ်။သူဖြစ်ပျက်ရုန်းကန်ခဲ့တဲ့ အရာတွေကိုသူဇနီး လီဆာ နှင့်သူမိဘတွေက ကောာင်းကောင်းကြီးသိပါတယ်လို့ဆိုတယ်။သူရဲ့စိတ်ပိုင်းဆိုင်ရာပြသာနာတွေကို သူရဲ့အသင်းဖော်တွေတောင်နားလည်သဘောပေါက်ခြင်းမရှိ သိရှိခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။
Post a Comment