Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပြီးခဲ့တဲ့ အင်္ဂါနေ့ ညက မန်ချက်စတာစီးတီးအသင်းဟာ နယူးကာဆယ်အသင်းကို အနိုင်ယူပြီး ဇယားထိပ်က ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့အမှတ်ကွာဟမှုကျဉ်းမြောင်းသွားအောင်လုပ်ဖို့ ကြိုးစာခဲ့ပါတယ်။ပွဲအစ ၂၄ စက္ကန့် မှာတင် မန်စီးတီးတို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲအပြီးမှာတော့ - ရလဒ်ဖြင့် နယူးကာဆယ်အသင်းကို မမျှော်လင့်ပဲ အရေးနိမ့်သွားခဲ့ပါတယ်။
(Unicode)
ဂျာဂန်ကလော့ရဲ့ဆင်ခြေဆင်လတ်ပေါင်းများစွာကိုစာရင်းပြုစုဖော်ပြလိုက်တဲ့မန်စီးတီးပရိတ်သတ်
ဂျာဂန်ကလော့ရဲ့လီဗာပူးလ်အသင်းဟာ မနေ့က လက်စတာစီးတီးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိပ်ပွဲစဉ်မှာ အနိုင်ရလဒ်ကို မဆောင်ကျဉ်းနိုင်ခဲ့ပါဘူး။ဒါ့အပြင်ဂျာမန်နည်းပြကြီးဟာ နောက်ထပ်ဆင်ခြေတစ်မျိုးကိုထပ်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ညက မန်ချက်စတာစီးတီးအသင်းဟာ နယူူးကာဆယ်အသင်းကို အနိုင်ယူပြီး ဇယားထိပ်က ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့အမှတ်ကွာဟမှုကျဉ်းမြောင်းသွားအောင်လုပ်ဖို့ကြိုးစာခဲ့ပါတယ်။ပွဲအစ ၂၄ စက္ကန့်မှာတင် မန်စီးတီးတို့အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲအပြီးမှာတော့ ၂-၁ ရလဒ်ဖြင့် နယူးကာဆယ်အသင်းကို မမေ ျှာ်လင့်ပဲ အရေးနိမ့်သွားခဲ့ပါတယ်။
နောက်တစ်နေ့မှာတော့ လီဗာပူးလ်အသင်းဟာ လက်စတာစီးတီးအသင်းနဲ့ကစားရဖို့ရှိနေပြီး အကယ်၍ဒီပွဲကိုသာအနိုင်ရပါက မန်စီးတီးအသင်းကို ၇မှတ်ပြတ်ဖြင့် ဦးဆောင်နိုင်မယ့်အခွင့်အရေးကို ဖမ်းဆုပ်နိုင်မှာပဲဖြစ်ပါတယ်။လီဗာပူးလ်တို့ဟာ အဖွင့်ဂိုးစတင်သွင်းယူနိုင်ခဲ့သော်လည်း လက်စတာအသင်းရဲ့ချေပဂိုးကို ပြန်လည်ခွင့်ပြုပေးခဲ့ရကာ ပွဲအပြီးမှာတော့ ၁-၁ ရလဒ်ဖြင့် သရေ၁မှတ်သာ ရရှိခဲ့ပါတယ်။
နည်းပြကလော့ကတော့ ပထမပိုင်းပြီးတဲ့ အချိန်လီဗာပူးလ်အသင်းဘက်ကို ဆီးနှင်းတွေရှင်းဖို့လုပ်ဆောင်ခိုင်းခဲ့သော်လည်း ပွဲအပြီးမှာတော့ ကွင်းပေါ်က ဆီးနှင်းတွေကို အပြစ်တင်ခဲ့ပါတယ်။
” ဘောလုံးကကောင်းကောင်းမလှိမ့်တာခင်ဗျားတို့မြင်တာပဲ။တစ်ပွဲလုံးအချိန်ရဲ့၇၀ ၈၀ ရာခိုင်နှုန်းလောက်ဘောလုံးပိုင်ဆိုင်ထားတယ်ဆိုရင် သက်သောင့်သက်သာ မဖြစ်စေတော့ပါဘူး။”
စီးတီးပရိတ်သတ်တစ်ယောက်ကတော့ ဒါဟာ ဂျာမန်နည်းပြကြီးကလော့ရဲ့ပထမဆုံးပေးတဲ့ဆင်ခြေမဟုတ်ပါဘူး။အောက်မှာ အဆိုပါပရိတ်သတ်စုဆောင်းဖော်ပြထားတဲ့ ကလော့ရဲ့ဆင်ခြေဆင်လတ်တွေ ကိုတစ်ခါတည်းကြည့်ရှုပေးသွားစေလိုပါတယ်။
” လက်စတာအသင်းကိုအနိုင်မရတာနဲ့ပတ်သတ်ပြီး ဆီးနှင်းတွေကိုအပြစ်တင်ပြောဆိုခဲ့တဲ့ နည်းပြကလော့” 
”ဝက်စ်ဘရွန်းကို သရေကျခဲ့တာနဲ့ပတ်သတ်ပြီး hawthorns ကွင်းရဲ့မြက်ခြောက်သွေ့နေမှုအပေါ်အပြစ်တင်ခဲ့တဲ့ ကလော့”
” အီတီဟဒ်ကွင်းရဲ့မြက်တွေဟာလိုအပ်တာထက်ပိုရှည်နေကြောင်းမန်စီးတီးကိုရှုံးခဲ့တာနဲ့ပတ်သတ်ပြီး အပြစ်တင်ပြောကြားခဲ့တဲ့ လီဗာပူးလ်ပရိတ်သတ်များ၊”
” သူ့ရဲ့လွတ်လပ်စွာစီးမျောကစားတဲ့ ဘောလုံးဒဿနကို လေတိုက်နှုန်းကဟန့်တားနေကြောင်း နည်းပြဂျာဂန်ကလော့အတည်ပြုပြောကြား”
”ဘန်လေအသင်းကို သရေကျခဲ့တာဟာ ပူအိုက်တဲ့ရာသီဥတု နဲ့ကွင်းက ခြောက်သွေ့နေလို့ဖြစ်တယ်လို့ဂျာဂန်ကလော့ဆို”
”ဆောက်တမ်တန်ကို ရှုံးခဲ့တာနဲ့ပတ်သတ်ပြီး လေကို အပြစ်တင်လိုက်တဲ့ဂျာဂန်ကလော့”
” ဝက်စ်ဘရွန်းအသင်းကို ဒီလိုဖြစ်စေဖို့BT Sport က ခိုင်းစေခဲ့တာဖြစ်တယ်လို့နည်းပြကလော့ဆို”
” အန်ဖီးလ်ကွင်းရဲ့မြက်ခြောက်သွေ့နေမှုအပေါ်အပြစ်တင်ပြောကြားခဲ့တဲ့ ကလော့”
”မန်စီးတီးအသင်းရဲ့အောင်မြင်မှုအတွက် ပရီးမီးယားလိပ်နည်းပြတွေကိုအသုံးမကျကြောင်းဆိုလိုက်တဲ့ ဂျာဂန်ကလော့”
No comments
Powered by Blogger.